In partnership with  logo
စိတ်ပျိုရင် ကိုယ်နုတယ်ဆိုတဲ့ ဆိုရိုးစကားလည်း ရှိသေးတယ်။

မေးပါရစေနော်။ ဘာကြောင့်မို့လို့ မပျော်နိုင်ဘဲ ဖြစ်နေရတာပါလဲ။ သူများတွေ ပျော်နေချိန်မှာ ကိုယ်ကတော့ စိတ်ညစ်စရာတွေနဲ့ပဲ နပန်းလုံးနေရပြီး ဘယ်တော့မှ မပျော်ရဘူးလား။ ပျော်စရာအကြောင်းရင်း မရှိဘူးလို့လည်း ခံစားနေရတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါနော်။

၁။ ကိုယ့်ကိုချစ်ခင်အားကိုးသူတွေ

151013135129-vf-sauna72842-8977-super-169.jpg 

ကိုယ့်ရဲ့မိဘ၊ မောင်နှမ၊ မိတ်ဆွေတွေက ကိုယ့်ကို အားကိုးကြပါတယ်။ ကိုယ်မရှိလို့ မဖြစ်ဘူးဆိုတာထက် ကိုယ့်ကိုချစ်ခင်စွာနဲ့ အားကိုးနေကြသူတွေပါ။ ကိုယ့်ကိုချစ်တဲ့လူတွေရှိနေတယ် ဆိုကတည်းက ပျော်ရမယ့် အကြောင်းရင်းတစ်ခုပါပဲ။ ကိုယ်က အချစ်ခံရတဲ့၊ အဖိုးတန်တဲ့ လူသားတစ်ဦးဆိုတာ လက်ခံလိုက်ပါ။

၂။ ချစ်ရတဲ့လူ

111.jpg 

သူ့ဘက်က ကိုယ့်ကို ပြန်ချစ်တာ၊ မချစ်တာ အသာထားဦး။ ကိုယ်က သူ့ကိုချစ်နေရရင်ကိုပဲ စိတ်ကျေနပ်နေတာမျိုးက တကယ်ချစ်ဖူးသူတွေမှ သိမယ့်အရာပါနော်။ ချစ်သူကို ချစ်နေရတာကိုက ဘဝကိုရှေ့ဆက်ဖို့ အကြောင်းရင်းတစ်ခုပါပဲ။ သူ့ကိုပျော်အောင်ထားပေးချင်တယ်။ သူ့အတွက် ကြိုးစားချင်တယ်ဆိုတဲ့ စိတ်လေးတွေရှိမှ တကယ့်ခံစားချက်အစစ်ပါ။ လူကိုချစ်တာမဟုတ်လည်း ကိုယ်ခုံမင်တဲ့ ဝါသနာတွေ ရှိတယ်လေ။

၃။ ကိုယ့်ကိုယ်ကိုယ်စီမံခန့်ခွဲနိုင်တယ်

monsoon-840.jpg 

ကိုယ်ဖြစ်တာ ကိုယ်လုပ်နိုင်တယ်။ စားချင်စားမယ်၊ မစားချင်မစားဘူး။ အလုပ်ပိတ်ရက်မှာ အိပ်နေလိုက်မယ်။ တစ်နေကုန် အပြင်သွားချင်လည်း သွားလိုက်မယ်။ ကဲ.... ကိုယ့်ဘဝကို ကိုယ်တိုင် စီမံလို့ရနေတာ မကောင်းဘူးလားနော်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တယ်ဆိုတာ လူတိုင်းရထားတဲ့ အခွင့်အရေးမဟုတ်ဘူး။ ပျော်လိုက်စမ်းပါနော်။

၄။ လုပ်စရာတွေရှိတယ်

shutterstock_139773448.jpg 

ဒါက စိတ်ဖိစီးရမယ့်ကိစ္စတွေ မဟုတ်ဘူးနော်။ ကိုယ့်အတွက် မနက်ဖြန်တိုင်းဟာ အရေးပါတဲ့ကိစ္စတွေကို လုပ်ဖို့အတွက် စောင့်မျှော်နေမှာ။ ကိုယ်သာ အသုံးမကျတဲ့လူဆိုရင် ဒါတွေ ဘယ်လိုလုပ်နိုင်မလဲ။

၅။ စိတ်ပျိုရင်ကိုယ်နုတယ်

mujer-riendo.jpg 

ပျော်ရွှင်နေတဲ့လူတွေက အလုပ်လည်း ကောင်းကောင်းလုပ်နိုင်ပါတယ်။ အချစ်ရေးမှာလည်း သာသာယာယာပဲ။ လူချစ်လူခင်လည်းများတယ်။ ကိုယ်က မပျော်မရွှင် မှိုင်တွေငေးငိုင်နေမယ်ဆို ဘယ်သူကမှ အပေါင်းအသင်းမလုပ်ချင်ဘူး။ အချစ်ရေးကအစ ကံခေသွားရတယ်။ ပြုံးပျော်နေတဲ့လူရဲ့အနားမှာပဲ လူတွေက နေချင်ကြတာကိုး။

Share

Loading Next Article...
က္က