In partnership with  logo
ရိုက်နှက်ပြီး ဖိအားပေးတာမျိုးကို အားမပေးချင်ပါဘူး။

တီတီလေးတို့ရော၊ မေမေတို့ရော ကလေးတွေနဲ့ ပတ်သက်လာရင် စိတ်ညစ်ရတဲ့တစ်ချက်ကို ပြောပါဆိုရင် အော်ဟစ်ငိုယိုနေတာကို ထိန်းရတာပဲလို့ ဖြေကြတာများပါတယ်။ တချို့ကလေးတွေက သိပ်ဆိုးတာ။ ငိုရင်လည်း တေ်ာတော်နဲ့မတိတ်ဘူး။ အဲ့ဒီလိုကလေးမျိုးနဲ့ ကြုံလာရင် ဒီလိုနည်းတွေနဲ့ ထိန်းပါလို့ အချို့မိခင်တွေက အကြံပေးထားကြပါတယ်။

၁။ နေရာပြောင်းထားပေးလိုက်

child-throwing-tantrum-in-public.jpg 

ဘယ်လိုမှ ချော့မရ ခြောက်မရလောက်အောင် ဖြစ်နေပြီ။ လူးလိမ့်အော်ဟစ်ငိုယိုပြီး ဟိုပစ္စည်းလွှင့်ပစ်၊ ဒီပစ္စည်းလွှင့်ပစ် လုပ်တတ်တဲ့ ကလေးတွေရှိတယ်။ အဲ့ဒီလို သွေးဆူပေါက်ကွဲတတ်တဲ့ ကလေးမျိုးကျတော့ အချိန်ပေးဖို့လိုတယ်။ သူတို့ကို အခန်းတစ်ခုထဲမှာထားပြီး လုပ်ချင်တာလုပ်ပလေ့စေ။ ကိုယ်ကတော့ မသိမသာလေး စောင့်ကြည့်နေရမှာပေါ့။ သူတို့ဘာသာ အော်လို့ဝသွားရင် တိတ်သွားတတ်ကြတယ်။

၂။ အချိန်

chooselove5.jpg 

ဒါကတော့ အသက် ၃ နှစ်အောက် ကလေးတွေဆိုရင် ထိန်းလို့ရမယ်မထင်ဘူး။ ပြောစကား နားလည်တဲ့အရွယ် ၅ နှစ်လောက်လေးတွေကို ထိန်းရမယ့်နည်းပေါ့။ သူတို့ငိုနေပြီဆိုရင် ကိုယ့်ဘေးမှာ ထိုင်ခိုင်းထားလိုက်။ ငိုချင်သလောက်သာငို၊ အငိုတိတ်တဲ့အထိ စိတ်ရှည်ရှည်ထိုင်စောင့်ပေးဖို့တော့လိုပါတယ်။ အငိုတိတ်သွားတော့မှ ဘာကြောင့်ငိုတာလဲဆိုတာကို အေးအေးဆေးဆေးမေးပါ။ သူတို့ခံစားနေရတာတွေ အမှန်အတိုင်းပြောလာအောင် မေးရမယ်။ ပြီးရင် ကိုယ့်ဘက်က ဘာကြောင့်မလုပ်ပေးနိုင်ဘူးလဲဆိုတာ ရှင်းပြမယ်ဆို ကလေးတွေက နားလည်ပါတယ်။

၃။ တစ်ခုခုကိုယူလိုက်

o-TODDLER-TANTRUM-facebook.jpg

ကလေးတွေမှာ သူတို့ အသည်းအသန်သဘောကျတဲ့အရာတစ်ခုခု ရှိတတ်ကြတယ်။ အကြိုက်ဆုံးအရုပ်တို့၊ စူပါဟီးရိုးဝတ်စုံတို့လိုမျိုးပေါ့။ ငိုရင် ဒီအရုပ်လေးကို ဆုံးရှုံးရတော့မယ်လို့ ခြိမ်းခြောက်တာမျိုးက သူမရဲ့သားကိုထိန်းကျောင်းဖို့ အဆင်ပြေကြောင်း အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Source : She Know

Share

Loading Next Article...
က္က