In partnership with  logo
ကိုယ်က ပိုလှလာတော့မှ ပြန်လာမယ်ဆို ဆောရီးလို့ပြောပြီး ချေမိုးပလိုက်.....

မကြာသေးခင်ကမှ အသည်းကွဲထားလို့ ငိုကြွေးနေရသူတွေအတွက် ဒီစာလေးကို ရေးလိုက်ပါတယ် ညီမလေးတို့ရေ။ ကိုယ့်ချစ်သူနဲ့ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရတာ ရှိကြပါလိမ့်မယ်။ အဲ့ဒီအတွက်တော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အသည်းကွဲလို့ ကိုယ့်ဘဝကြီးကို ပျက်စီးအောင်တော့ မလုပ်မိပါစေနေနဲ့နော်။

 

ပထမဆုံးလုပ်ရမှာကတော့ အပြစ်တင်စိတ်တွေကို ဖယ်ရှားဖို့ပါပဲ။ သူ့ကိုလည်း အပြစ်မတင်ပါနဲ့၊ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မတင်ပါနဲ့။ လူနှစ်ယောက် အတူပါဝင်ပတ်သက်ခဲ့တဲ့ကိစ္စဆိုတော့ နှစ်ဖက်လုံုးနဲ့ဆိုင်တဲ့ကိစ္စမှာ တစ်ယောက်တည်းကု အပြစ်ပုံချတာမျိုး မဖြစ်သင့်ဘူး။ သူများအတွဲတွေနဲ့လည်း လိုက်ပြီးနှိုင်းယှဉ်မနေနဲ့ဦး။ လူဆိုတာ သူ့ကံ၊ ကိုယ့်ကံ ရှိသေးတာကိုး။

ပူဆွေးသောကရောက်တဲ့နေ့ရက်တွေထဲမှာပဲ သံသရာလည်မနေပါနဲ့တော့ညီမလေးရေ။ ရှေ့ဆက်လျှောက်ပါ။ လူတစ်ယောက်မရှိတော့တာနဲ့ပဲ ကိုယ့်ဘဝကြီးက အဓိပ္ပာယ်မဲ့သွားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ ဝန်ခံလိုက်သလို ဖြစ်သွားတာပဲမဟုတ်လား။ သူမရှိဘဲနဲ့လည်း ရှေ့ကိုဆက်လျှောက်ပါ။

 

အခန်းအောင်းပြီး ငိုတာထက်စာရင် ရှော့ပင်ထွက်ပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့စိတ်က ရှော့ပင်ထွက်တဲ့အခါ သိလာပါလိမ့်မယ်နော်။ ပြင်ပြင်ဆင်ဆင်လေး နေလိုက်တာကလည်း စိတ်သက်သာရရစေပါလိမ့်မယ်။ ပိုတောင် လှသွားဦးမှာ။

 

ကိုယ့်ဘဝနဲ့သက်ဆိုင်တဲ့ ပန်းတိုင်သစ်တစ်ခုကို ချမှတ်ပြီး ကြိုးစားနေခြင်းက အသည်းကွဲဝေဒနာကို ပျောက်စေမယ့် အကောင်းဆုံးနည်းပါပဲ။ မဒီပြောပြတဲ့နည်းနဲ့ အသည်းကွဲဒဏ်ကို ကုစားမယ်ဆို နောက်တစ်ချိန်မှာ ကိုယ့်ကိုထားရစ်ခဲ့သူကတောင် ကိုယ့်နားပြန်ရောက်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က ပိုလှ၊ ပိုတော်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေပြီလေ။

Share

Loading Next Article...
က္က