In partnership with  logo
နောက်တစ်ပိုင်းထွက်ပြီးရင် Season 8 အတွက် ၂ နှစ်လောက် စောင့်ရဦးမယ်။

တစ်ကမ္ဘာလုံးမှာ ပရိသတ်အမြောက်အများ ရရှိထားတဲ့ HBO ရုပ်သံလိုင်းရဲ့ လူကြိုက်အများဆုံးစီးရီး Game of Thrones ကတော့ တစ်ပိုင်းထက်တစ်ပိုင်း ပိုပိုပြီး စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတာပါပဲ။ ခုဆို Season 7 ရဲ့ episode 6 ကို ရောက်လာပါပြီ။ ဒီအပိုင်းမှာ လူပြောအများဆုံးကတော့ ဇာတ်လမ်းဇာတ်အိမ်မဟုတ်ဘဲ ဒနဲရစ်ရဲ့ ဝတ်စုံဖြစ်နေခဲ့ပါတယ်။

 

အင်စတာဂရမ်နဲ့ တွစ်တာတို့မှာ ဒနဲရစ် (Daenerys)ရဲ့ဆောင်းရာသီဝတ်စုံသစ်အကြောင်း ပြောနေကြတာ အများကြီးပါပဲ။ ဇာတ်ကားတစ်လျှောက်လုံး ဒနဲရစ်ဝတ်ခဲ့သမျှမှာ အလှဆုံးလို့တောင် ပြောလို့ရမယ်။

 

အဖြူရောင် သားမွေးကုတ်အကျႌကြီးကိုဝတ်ပြီး မြောက်ပိုင်းကိုသွားကာ ဂျွန်စနိုးကို သွားရောက်ကယ်တင်တဲ့အခန်းဟာ GOT ပရိသတ်တွေအတွက် ဝမ်းနည်းစရာလည်းကောင်းခဲ့တယ်။ ဒနဲရစ်ရဲ့ နဂါးတစ်ကောင် သေသွားခဲ့တာထက် သူမရဲ့ကုတ်အကျႌအကြောင်းကိုသာ ပြောနေကြတာကလည်း နည်းနည်းတော့ စိတ်ခုစရာဖြစ်ချင်ဖြစ်မှာပါ။

 

ဒါပေမဲ့လည်း ဒနဲရစ်အဖြစ်သရုပ်ဆောင်ထားတဲ့ အမ်မီလီယာ ကလတ်ခ်ရဲ့အလှဟာ ဆောင်းရာသီဝတ်စုံသစ်နဲ့အတူ ခန့်ထည်နေခဲ့တာမို့ GOT မကြည့်သူတွေကတောင် သတိပြုမိသွားကြပါတယ်။ ဒီအကျႌကိုတော့ GOT စီးရီးရဲ့ costume designer မိုက်ကယ် ကလပ်ပ်တန်က ဖန်တီးပေးထားတာပါ။ ဝယ်ချင်သူတွေကတော့ ဘယ်နားမှာများ ဝယ်လို့ရမလဲဆိုပြီး လူမှုကွန်ရက်တွေပေါ်မှာ စုံစမ်းနေကြလေရဲ့။

[No available link text] 

Photo : HBO

Share

Loading Next Article...
က္က