သေဆုံးမှု ၆ ခုအနက် ၁ ခုဟာ လှုပ်ရှားမှုနည်းခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။

သက်လတ်ပိုင်းရောက်နေသူတွေဟာ ကျန်းမာနေဖို့အတွက် လမ်းမြန်မြန်လျှောက်သင့်ကြောင်း အင်္ဂလန်နိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးဌာန အရာရှိတွေက တိုက်တွန်းလိုက်ပါတယ်။ အသက် ၄၀ မှ အသက် ၆၀ ကြား ပုဂ္ဂိုလ်တွေအနေနဲ့ ခပ်သွက်သွက်လမ်းလျှောက်ပါလို့လည်း ဆိုကြပါတယ်။

 

တစ်နေ့ကို ၁၀ မိနစ်လောက် နေ့စဉ်ပုံမှန် ခပ်သွက်သွက်လမ်းလျှောက်ရင်ပဲ ကြီးမားတဲ့အကျိုးသက်ရောက်မှုဖြစ်စေပြီး စောစီးစွာသေဆုံးနိုင်ခြေကို ၁၅ % လျော့ကျစေတယ်လို့ Public Health England ရဲ့ အရာရှိတွေက ဆိုပါတယ်။

See also: 

သို့ပေမဲ့လည်း အသက် ၄၀ မှ ၆၀ ကြား ၁၀ ဦးမှာ ၄ ဦးက တစ်လကို ၁၀ မိနစ်လောက်တောင် ခပ်သွက်သွက် လမ်းလျှောက်တာမျိုး ပြုလုပ်တာ မတွေ့ရဘူးလို့လည်း PHE ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ဈေးဆိုင်ကိုသွားတဲ့အခါ ကားမောင်းမယ့်အစား လမ်းလျှောက်သွားတာ၊ နေ့လယ်စာစားချိန်မှာ နေ့စဉ် ၁၀ မိနစ်လောက် ခပ်သွက်သွက်လမ်းလျှောက်ပေးတာက လူ့သက်တမ်းထဲကို ကျန်းမာတဲ့နှစ်တွေ ပိုထပ်ထည့်ပေးလိုက်သလိုပါပဲလို့လည်း တိုက်တွန်းထားပါတယ်။ အင်္ဂလန်အစိုးရအေဂျင်စီကတော့ သူတို့ရဲ့တိုက်တွန်းမှုကို လိုက်နာဖြစ်အောင်လို့ Active 10 ဆိုတဲ့ အပ်ပလီကေးရှင်းတစ်ခုကို အခမဲ့အသုံးပြုနိုင်အောင် စီစဉ်ပေးထားတယ်လို့လည်း သိရပါတယ်။

Source : BBC

Share

Loading Next Article...
က္က