မအိပ်ခင် Facebook လေး ခဏလောက်ပွတ်တာဟာ ဘာအန္တရာယ်မှ မရှိဘူးလို့ ထင်နေရင်တော့ အဲဒီအတွေးကို အခုပဲစွန့်လွှတ်လိုက်ပါ။

တကယ်လို့ ခင်ဗျားဟာ အိပ်ယာပေါ်မှာ သက်တောင့်သက်သာလေးလဲှလျောင်းနေရင်း Mobile Legend လေးတစ်ပွဲလေးဆော့တာ၊ Facebook လေး ခဏလောက်ပွတ်တာဟာ ဘာအန္တရာယ်မှ မရှိဘူးလို့ ထင်နေရင်တော့ အဲဒီအတွေးကို အခုပဲစွန့်လွှတ်လိုက်ပါ။



အိပ်ယာထဲမှာ ဖုန်းပွတ်ခြင်းရဲ့ဆိုးကျိုး

using-phone-at-night.jpg 

စမတ်ဖုန်းတွေ၊ တက်ဘလက်တွေမှာ တပ်ဆင်ထားတဲ့ LED ဖန်သားပြင်တွေဟာ ခင်ဗျားရဲ့အိပ်စက်ခြင်းသံသရာ (sleep cycle) ကို ဆိုးရွားစွာအကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ အိပ်ခါနီး Facebook ခဏပွတ်တာ၊ Candy Crash လေးခဏဆော့တာတွေဟာ ခင်ဗျားရဲ့အိပ်စက်ခြင်းကို ထိခိုက်စေတဲ့ အကြောင်းရင်းတွေထဲက တချို့ပါပဲ။

ဒီတော့ အခုဆိုရင် ညနေပိုင်းအချိန်တွေမှာ စမတ်ဖုန်းကထွက်တဲ့ အပြာရောင်အလင်း (blue light) ကိုလျှော့ချဖို့ရာ အကြောင်းပြချက်တစ်ခု ထပ်ရပါပြီ။ BMJ Open ဆေးပညာဂျာနယ်ထဲမှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုဟာဆိုရင် အသက် (၁၆) နှစ် ကနေ (၁၉) နှစ်ကြား နော်ဝေးနိုင်ငံသား အယောက် (၁၀၀၀၀) ကို သုတေသနပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သုတေသနပြုလုပ်ခဲ့

o-PHONE-BED-facebook.jpg 

သူတို့ရဲ့လေ့လာတွေ့ရှိချက်တွေအရတော့ အိပ်ယာမဝင်ခင် လျှပ်စစ်ပစ္စည်းတွေကို အသုံးများလေလေ၊ အိပ်လို့မရတဲ့ရောဂါ (insomnia) ဖြစ်နိုင်ခြေများလေလေ ဆိုတာပါပဲ။ ဒီဖြစ်ရပ်ကို (ထိတွေ့မှုများပြားခြင်းကြောင့် ပြောင်းလဲမှုဖြစ်စဉ်) dose-response relationship လို့လည်း ခေါ်ပါတယ်။

"ဆယ်ကျော်သက်အားလုံးနီးပါးဟာ အိပ်ယာမဝင်ခင် နာရီပိုင်းအနည်းငယ်အလိုမှာ လျှပ်စစ်ပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီး အသုံးပြုကြတယ်လို့ သိထားရပါတယ်" လို့ နော်ဝေးသိပ္ပံပညာရှင်တွေက ရေးသားခဲ့ကြပါတယ်။ "အဲဒီလို လျှပ်စစ်ပစ္စည်းတွေကို အချိန်ကြာရှည်သုံးစွဲခြင်းက SOL လို့အတိုကောက်ခေါ်တဲ့ အိပ်မောကျသွားဖို့ လိုအပ်တဲ့ကြာချိန်တို့၊ အိပ်ရေးမဝခြင်းတို့နဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။ အိပ်စက်ချိန်နဲ့ အီလက်ထရောနစ်မီဒီယာတွေ သုံးစွဲချိန်ကြားချိန် အချိုးချကြည့်လိုက်လို့ အီလက်ထရောနစ်ပစ္စည်း သုံးစွဲချိန်က ပိုများနေမယ်ဆိုရင် အိပ်စက်ခြင်းနဲ့ ဆက်နွယ်တဲ့ရောဂါတွေ ဖြစ်လာနိုင်တယ်လို့ ဆိုနိုင်ပါတယ်"

အပြာရောင်အလင်းရဲ့သက်ရောက်မှု

01_cellphone_Here’s-Why-You-Should-Stop-Using-Your-Smartphone-in-Bed—Seriously_231755569_Minerva-Studio-760x506.jpg 

ပြီးခဲ့တဲ့ သုတေသနတွေမှာလည်း လျှပ်စစ်ပစ္စည်းတွေကထွက်တဲ့ အပြာရောင်အလင်း (blue Light) ဟာ ဦးနှောက်ကိုနှိုးဆွပေးနိုင်ပြီး အိပ်ယာထဲမှာ ဟိုလှိမ့်၊ ဒီလှိမ့်ဖြစ်စေကြောင်း ဖော်ပြနေပါတယ်။ နောက်ပြီး အဲဒီသုတေသနကဖော်ပြနေတာက လျှပ်စစ်ပစ္စည်းတွေက ထုတ်လွှင့်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေက ခေါင်းကိုက်ခြင်းနဲ့ ကြွက်သားနာကျင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေနဲ့လည်း ဆက်စပ်နေနိုင်ကြောင်းပြောပါတယ်။ ဒါကပဲ ကျွန်တော်တို့ကို နိုးနေစေတာလည်း ဖြစ်နိုင်ပါတယ်။

"အိပ်စက်ခြင်းနဲ့ လျှပ်စစ်ပစ္စည်းတွေကြားက ဆက်နွယ်မှုကို ရှင်းပြထားတဲ့ နည်းလမ်းတွေအများကြီးှရှိနေနိုင်ပါတယ်" လို့ ဒီသုတေသနရဲ့ သုတေသီတွေကဆိုပါတယ်။ "မီဒီယာတွေဟာ သုံးစွဲသူကို အချိန်ကုန်လို့ကုန်သွားမှန်းမသိအောင် ဆွဲဆောင်ထားနိုင်တဲ့သဘာဝနဲ့ အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက် တွေကြောင့်လည်း အိပ်စက်ခြင်းပုံစံကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်"

ဒါကြောင့် ခေါင်းအုံးကိုထိလိုက်တာနဲ့ အိပ်ပျော်ချင်ရင်တော့ စာအုပ်တစ်အုပ်ကို ကြိုးစားဖတ်ကြည့်ပါ။ ဒါမှမဟုတ် ဒိုင်ယာရီ ရေးကြည့်ပါ။ ဒါမှမဟုတ် အိပ်ယာမဝင်ခင် တစ်နာရီလောက်အလိုမှာ လက်ဖက်ရည်ကြမ်း ကောင်းကောင်းတစ်ခွက်လောက် သောက်ကြည့်ပါ။ ဒီလိုပြုလုပ်ခြင်းဖြင့် ဦးနှောက်လုပ်ဆောင်မှုတွေကို နှေးကွေးလာစေပြီး အိပ်ကောင်းခြင်းနဲ့ အိပ်ရစေနိုင်ပါတယ်။

Source: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က