အသည်းကွဲတယ်ဆိုတာ တင်ချာလောင်းပြီး အပ်နဲ့ပြန်ချုပ်လို့ရတဲ့ ဝေဒနာလည်းမဟုတ်ပါဘူး။

ချစ်လို့တွဲခဲ့ကြတဲ့ သမီးရည်းစားတွေ လမ်းခွဲကြရတဲ့အခါ ကိုယ်ကဖြတ်လိုက်တာပဲဖြစ်ဖြစ်၊ အဖြတ်ခံလိုက်ရတာပဲဖြစ်ဖြစ် ခက်ခဲကြမ်းတမ်းတဲ့အချိန်အတိုင်းအတာတစ်ခုကို ရင်ဆိုင်ဖြတ်သန်းကြရပါတယ်။ အသည်းကွဲတယ်ဆိုတာ တင်ချာလောင်းပြီး အပ်နဲ့ပြန်ချုပ်လို့ရတဲ့ ဝေဒနာလည်းမဟုတ်ပါဘူး။ ရည်းစားနဲ့ပြတ်ပြီဆိုရင် ဒေါသဖြစ်မယ်။ အထီးကျန်မယ်။ ရင်ဘတ်ထဲမှာ နာကျင်နေရမယ်။ ဒါတွေကြုံနေရပေမယ့်လည်း အကောင်းမြင်စိတ်ကို ဆက်လက်မွေးမြူနိုင်ဖို့ ကြိုးစားပါ။

၁။ နောက်တစ်ခါအခွင့်အရေးပေးဖို့ မတောင်းဆိုပါနဲ့

01_things_never_do_after_breakup-527894126-ferrantraite.jpg 

ပြတ်ခါစမှာတော့ ရည်းစားဟောင်းကိုလွမ်းမိမှာဖြစ်သလို ပြတ်စဲခြင်းရဲ့နောက်ဆက်တွဲတွေကိုလည်း ခံစားနေရဦးမှာပါပဲ။ အတူတူသွားခဲ့ဖူးတဲ့ နေရာတိုင်းက ခြောက်လှန့်နေမှာဖြစ်သလို တိုက်ဆိုင်မှုတွေ ရှိလာတိုင်းလည်း လွမ်းဆွတ်နေရဦးမှာပါ။ 

ဒါပေမယ့် ပြန်ဆက်ဖို့ အခွင့်အရေး ဘယ်တော့မှ မတောင်းခံမိပါစေနဲ့။ ကံကောင်းရင် ညင်ညင်သာသာလေးပဲ ငြင်းပယ်ခံရမှာဖြစ်ပြီး ကံဆိုးရင်တော့ နင်ပဲငဆ ပြောလွှတ်ခံရနိုင်ပါတယ်။ ဒါတင်မက ခင်ဗျားရဲ့ရည်းစားဟောင်းက သူ့ရဲ့ပတ်ဝန်းကျင်မှာ ခင်ဗျားက ပြန်ဆက်ဖို့တောင်းဆိုနေကြောင်း ညည်းညည်းညူညူလေး အတင်းပြောတာကိုလည်း ခံရနိုင်ပါသေးတယ်။ ပြတ်ပြီးသား ကြိုးတစ်ချောင်းကို ပြန်ဆက်ရင်တော့ အထုံးတစ်ထုံးကတော့ ကျန်လာမှာဖြစ်သလို အရင်လိုလည်း ခိုင်ခန့်တော့မှာမဟုတ်ပါဘူး။

၂။ ဖုန်းမဆက်ပါနဲ့/ စာမပို့ပါနဲ့

02_things_never_do_after_breakup_515596506-Martin-Dimitrov (1).jpg 

သမီးရည်းစား အခန်းကဏ္ဍပြတ်စဲပြီဆိုုတာနဲ့ တစ်သက်လုံးဖီးလ်မနေချင်ဘူးဆိုရင် ရည်းစားဟောင်းကို အနည်းဆုံး ရက် (၃၀) လောက်တော့ ပြန်မဆက်သွယ်ဘဲ နေကြည့်ပါ။ ဒီလိုုနဲ့ ရက် (၃၀) နေနိုင်လာရာကနေ ရက် (၄၀)၊ ရက် (၅၀) ဖြစ်လာပါလိမ့်မယ်။ ဒီလိုကနေ တဖြည်းဖြည်းနဲ့ တစ်သက်လုံး နေနိုင်သွားပါလိမ့်မယ်။ ဒါမှမဟုတ် Ex ကို ပြန်တွေ့ရင် နှလုံးသားထဲက စူးခနဲ နာကျင်မသွားဘဲ ပြုံးပြုံးလေး ပြန်နှုတ်ဆက်နိုင်လာပါလိမ့်မယ်။

၃။ အမြင်တွေကို ရဲရဲကြီးပြောင်းလဲပစ်ပါ

03_things_never_do_after_breakup-511216728-juliawheelerphotography.jpg 

သမီးရည်းစားအဖြစ်က လမ်းခွဲပြတ်စဲကြရာမှာ ခင်ဗျားက ထားခဲ့ခံရသူတစ်ဦးဖြစ်နေမယ်ဆိုရင် ကိုယ်က ထားခဲ့သူအဖြစ် ပြောင်းလဲမှတ်ယူလိုက်ပါ။ ဒါမှမဟုတ် ကိုယ်နဲ့မထိုက်တန်လို့ သူထွက်သွားရတယ်လို့ တွေးလိုက်ပါ။ ဒီနည်းနဲ့ မိမိကိုယ်ကို ပိုမိုယုံကြည်မှုရှိလာပြီး တရားခံတစ်ယောက်လို၊ အရှုံးသမားတစ်ယောက်လို ခံစားနေရခြင်းတွေ လျော့ပါးသွားပါလိမ့်မယ်။

၄။ တွေ့ကရာလူနဲ့ ချက်ချင်းကြီးကောက်မတွဲပါနဲ့

04_things_never_do_after_breakup-512824024-AzmanL.jpg 

စိတ်ထဲ၊ အသည်းထဲမှာ ကလဲ့စားချေလိုစိတ်အပြည့်နဲ့ မိမိနားကိုချဉ်းကပ်လာတဲ့ နောက်တစ်ယောက်နဲ့ ကောက်တွဲလိုက်မိတာဟာ သဘာဝပါပဲ။ ဒါပေမယ့် အဲဒီလုပ်ချင်တဲ့ ခံစားချက်ကို ချိုးနှိမ်ထားပါဦးလို့ ကျွမ်းကျင်သူတွေက အကြံပေးပါတယ်။ နာကျင်ရတဲ့လမ်းခွဲပြတ်စဲမှုတစ်ခုအပြီးမှာ အချိန်အတိုင်းအတာတစ်ခုထိ တစ်ကိုယ်တည်းနေခြင်းက အလောတကြီးနိုင်ပြီး အန္တရာယ်များတဲ့ နောက်ထပ်ဆက်ဆံရေး အသစ်တစ်ခုကို ခြေလှမ်းမစမိစေဖို့ ကူညီပေးနိုင်ပါတယ်။

၅။ နာကျင်မှုကို မရှောင်လွှဲပါနဲ့

06_things_never_do_after_breakup-485805792-KatarzynaBialasiewicz.jpg 

လမ်းခွဲချိန်နောက်ပိုင်းမှာ တော်တော်များများဟာ မိမိရဲ့နာကျင်မှုနဲ့ ဒဏ်ရာတွေကို ဖုံးကွယ်ဖို့ ကြိုးစားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ လူကိုယူကြုံးမရဖြစ်စေလို့ပါပဲ။ ဒါပေမယ့် အဲဒီလို ရှောင်လွှဲ ဖုံးကွယ်နေမယ်ဆိုရင် အဲဒီဒဏ်ရာကနေ ဘယ်တော့မှ နာလန်ပြန်ထတော့မှာ မဟုတ်ပါဘူး။ လွတ်မြောက်ရာလမ်းကို ရောက်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ ဒဏ်ရာကိုလက်ခံပြီး ဖြတ်သန်းသွားဖို့ပါပဲ။

၆။ ရည်းစားဟောင်းအကြောင်း မကောင်းမပြောပါနဲ့

07_things_never_do_after_breakup_501572376-Martin-Dimitrov.jpg 

ခင်ဗျားတို့နှစ်ယောက်လုံးနဲ့ သိကျွမ်းတဲ့ အသိမိတ်ဆွေတစ်ယောက်က သတင်းလာမေးရင် ရည်းစားဟောင်းအကြောင်း မကောင်းမပြောမိပါစေနဲ့။ ဒါဟာ သမီးရည်းစားပြတ်စဲခြင်းဝေဒနာကို သက်သာစေတဲ့ နည်းလမ်းမှန်တစ်ခုမဟုတ်ပါဘူး။ ဒီလိုမကောင်းသတင်းတွေ ပြောခြင်းက လက်စားချေလိုက်ရသလို ခံစားရစေနိုင်ပေမယ့် တကယ်တမ်းကျတော့ ခင်ဗျားကိုယ်တိုင်လည်း ဒီ မကောင်းတဲ့ အတင်းစကားတွေကနေ အကျိုးဆက်ခံရမှာပါပဲ။ ဒါကြောင့် ဘယ်လောက်ပဲ ပြောချင်နေပါစေ။ ထုတ်မပြောလိုက်ပါနဲ့။

Source: Reader's Digest

Share

Loading Next Article...
က္က