In partnership with  logo
ဂီတလောကထဲကို ဝင်ရောက်ခါစ ကျေးလက်သီချင်းလေးတွေနဲ့ လူကြိုက်များခဲ့တုန်းကလို တေလာဆွစ်က ဖြူဖြူစင်စင် ရိုးရိုးအေးအေးအသွင်လေး မဟုတ်တော့တာတော့ ကြာပါပြီ။

တေလာဆွစ်ရဲ့ သီချင်းသစ် Look What You Made Me Do သီချင်းဟာ တေလာဆွစ်ရဲ့ ပရိသတ်တွေကို ရသအသစ်တစ်မျိုး ပေးလိုက်သလို အမျိုးမျိုးသော မှတ်ချက်တွေကလည်း ချမှတ်ခံရပါတယ်။ တေလာဆွစ်ဟာ ဟိုအရင် တေလာဆွစ် မဟုတ်တော့သလို အရာရာပြောင်းလဲသွားခဲ့တာပါပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က တေလာဆွစ်ဆိုတဲ့ ချစ်စရာကောင်မလေးကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ။

 

သူမရဲ့ ခြောက်ခုမြောက် အယ်လ်ဘမ်ဖြစ်တဲ့ Reputation ထဲမှာပါဝင်မယ့် သီချင်းတွေထဲက တစ်ပုဒ်ကို အရင်ဆုံး ချပြလိုက်တာပါ။ သီချင်းစာသားတွေက တေလာဆွစ်ရဲ့စိတ်ကို အထင်းသား ဖော်ပြနေတယ်။ "ကျွန်မ ရှင့်ရဲ့ ကစားပွဲသေးသေးလေးတွေကို မကြိုက်ဘူး၊ တိမ်းစောင်းသွားတဲ့ ရှင့်ရဲ့စတိတ်စင်ကိုလည်း မနှစ်သက်ဘူး"လို့ အဆိုတော် ကာညေးဝက်စ်ကို ပုတ်ခတ်ထားသေးတယ်။ ကာညေးနဲ့ ပြဿနာတွေ တက်ခဲ့တုန်းကလည်း အတော်လေး ဆိုးခဲ့တာကိုး။ ကာညေးဟာ သူ့ရဲ့ Saint Pablo ဖျော်ဖြေရေးပွဲတစ်ခုအတွင်း တိမ်းစောင်းနေတဲ့ စတိတ်စင်ကို အသုံးပြုသွားခဲ့တဲ့အပေါ် သူမက ပုတ်ခတ်လိုက်သေးတာပါ။

ကိုယ်ဝန်အရင့်အမာနဲ့တောင် အားကစားလုပ်တာ မပျက်တဲ့ ဆရီနာဝီလျံ 

ဂီတလောကထဲကို ဝင်ရောက်ခါစ ကျေးလက်သီချင်းလေးတွေနဲ့ လူကြိုက်များခဲ့တုန်းကလို တေလာဆွစ်က ဖြူဖြူစင်စင် ရိုးရိုးအေးအေးအသွင်လေး မဟုတ်တော့တာတော့ ကြာပါပြီ။ နာမည်ကျော်အသိုင်းအဝိုင်းနဲ့ပဲပေါင်းတယ်။ ရည်းစားတွေများတယ်။ တိုက်ခိုက်မှုတွေ များပြားလာတဲ့အခါ သူမရဲ့ပုံရိပ်ကလည်း ပြောင်းလဲသွားရတော့တယ်။ Bad Blood သီချင်းဗီဒီယိုထဲမှာဆိုရင် သူမရဲ့ကမ္ဘာ့ရန် ကေတီပယ်ရီကို ရည်ညွှန်းထားမှန်း အားလုံးက ရိပ်မိကြတယ်။

 

အခုထွက်ရှိလာတဲ့ Look What You Made Me Do သီချင်းထဲက စာသားတွေဟာ သူမရဲ့ကမ္ဘာထဲက ကြုံနေရတာတွေကို ဖွင့်ဟပြထားတာပါပဲ။ "လောကကြီးက ရှေ့ဆက်နေတယ်၊ နောက်တစ်နေ့... နောက်ထပ်ဒရာမာ၊ ဒါပေမဲ့ ကျွန်မအတွက်တော့မဟုတ်ဘူး၊ ကျွန်မတွေးနေတာက ကံကြမ္မာပဲ"ဆိုတဲ့ စာသားတွေဟာ သူမ ကြုံနေရတဲ့ အတိုက်အခိုက်တွေကို သီချင်းထဲကနေ ဆိုပြထားမှန်း တေလာရဲ့ပရိသတ်တွေက ခံစားမိပါတယ်။

 

အရင်ကနဲ့ မတူတော့ဘဲ မိတ်ကပ်တွေလိမ်း နှုတ်ခမ်းနီရဲရဲတွေဆိုး၊ ဆက်စီကျကျ ဝတ်စားလာတဲ့ တေလာဆွစ်ဟာ ခက်ထန်မာကျောတဲ့ပုံရိပ်အဖြစ်ကို ရောက်လာခဲ့ပါပြီ။ အသည်းကွဲတိုင်း အဆွေးသီချင်းအေးအေးလေးတွေ ရေးသားသီဆိုတတ်တဲ့ တေလာက ခုချိန်မှာတော့ ဘယ်သူမှ ရန်မစရဲလောက်တဲ့အသွင် ဖြစ်လာခဲ့တယ်။ ခေါင်းငုံ့မခံတတ်တော့တဲ့ တေလာက သူမရဲ့ပရိသတ်တွေကိုတော့ ဂီတနဲ့ပတ်သက်လာရင် အကောင်းဆုံးတွေကိုပဲ ပေးခဲ့သူပါ။ သူမရဲ့ပြောင်းလဲမှုကိုလည်း သူမကိုယ်တိုင် ဝန်ခံထားပြန်တယ်။ သီချင်းအဆုံးမှာ "အရင်တေလာဆွစ်အဟောင်းကတော့ အခု ဖုန်းမဖြေနိုင်သေးပါဘူး၊ ဘာကြောင့်လဲ? ၊ ဘာလို့လဲဆိုတော့ သူမက သေသွားပြီလေ"လို့ ပြောသွားတယ်။

 

ခက်ခဲကြမ်းတမ်းမှုတွေ၊ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာကြီးမှာ ကျွန်မတို့တွေဟာလည်း တေလာဆွစ်လိုပဲ ရင်ဆိုင်ရမယ့် အခိုက်အတန့်တွေ ရှိကြပါတယ်။ ခေါင်းငုံ့ငြိမ်ခံနေရင် အနိုင်ကျင့်သွားမှာကို မလိုလားကြဘူးလေ။ ဖြစ်သမျှအဆိုးတွေကို ခေါင်းမော့ပြီး ရင်ဆိုင်လာတတ်တဲ့ တေလာဆွစ်ကို မြင်နေရတာ တချို့ကတော့ မုန်းစရာကြီးလို့ ပြောကြတယ်။ ဘယ်သူဘာပြောပြော တေလာဆွစ်ကတော့ ပိုပိုပြီးတော့သာ အောင်မြင်လာတာပဲမဟုတ်လား။ ထိုးနှက်တိုက်ခိုက်မှုတွေနဲ့ ကြုံလာရတဲ့အခါ ခေါင်းငုံ့အရှုံးပေးလိုက်တာထက်စာရင်တော့ တေလာဆွစ်လိုပဲ မာမာထန်ထန် ရင်ဆိုင်ပစ်လိုက်တာလည်း အပြစ်တင်လို့မရတဲ့ နေထိုင်မှုတစ်ရပ်လို့ မြင်မိပါတယ်။

 

Ref : Rolling Stone

Share

Loading Next Article...
က္က