Instagram ဟာ ခုနောက်ပိုင်းမှာ လူသုံးအရမ်းများလာတဲ့ လူမှုကွန်ရက်တစ်ခုဖြစ်ပါတယ်။ ဓာတ်ပုံအခြေခံတဲ့ လူမှုကွန်ရက် တစ်ခုုဖြစ်တဲ့အတွက် ဓာတ်ပုံအလန်းလေးတွေတင်နိုင်ရင် Instagram ပေါ်မှာ ဖော်လိုဝါတိုးပါတယ်။ Instagram ပေါ်မှာ ဖော်လိုဝါတိုးချင်ရင် လုပ်လို့ရတဲ့အကောင်းဆုံးနည်းလမ်းကတော့ ဓာတ်ပုံတွေကို ပုံမှန်လေးတင်တာပါပဲ။
တကယ်တော့ နေ့တိုင်း ဓာတ်ပုံကောင်းကောင်း၊ အိုင်ဒီယာကောင်းကောင်းထွက်ဖို့ဆိုတာ လွယ်တော့မလွယ်ပါဘူး။ အဲဒီလိုပုံတင်ဖို့ အိုင်ဒီယာမထွက်တာကို အင်တာနက်ဗန်းစကားမှာတော့ Insta Block ဖြစ်တယ်လို့ခေါ်ပါတယ်။ "Insta Block" ဆိုတာ စာရေးဆရာတွေ စာဆက်ရေးလို့မရတော့ဘဲ ဂျမ်းဖြစ်သွားသလိုမျိုးပါပဲ။
အိုင်ဒီယာတွေကုန်ခမ်းသွားပြီး အလုပ်ဆက်လုပ်လို့မရတာမျိုးကို ခေါ်တာပါ။ အောက်မှာဖော်ပြထားတာကတော့ Instagrammer (Instagram သုံးစွဲသူတွေ) ဘာပုံတင်ရမလဲ စဉ်းစားမရတဲ့အခါ စမ်းသပ်ကြည့်လို့ရတဲ့ အိုင်ဒီယာလေးတွေပါပဲ။
လမ်းလျှောက်နေရင်းပဲဖြစ်ဖြစ်၊ အဆောက်အဦးတစ်ခုရဲ့ပုံကို ဓာတ်ပုံရိုက်ယူတာပဲဖြစ်ဖြစ်၊ ပုံမှန်ရိုက်ကူးနေကျပုံစံနဲ့ ကွဲပြားတဲ့ ရှုထောင့်ကနေ ဓာတ်ပုံတွေကို ရိုက်ယူပါ။ ဥပမာ... အပေါ်စီးက မိုးရိုက်တာတို့၊ အောက်ကပင့်ရိုက်တာတို့၊ ထိပ်ပိုင်းလေးပဲ ဖြတ်ရိုက်တာတို့ပေါ့။
သူငယ်ချင်းတစ်ယောက်က ပို့စ်ပေး၊ ကိုယ်က ကင်မရာကိုင်ပြီး လိုက်ရိုက်ပေးလုပ်နေတာကို နောက်ထပ်သူငယ်ချင်းတစ်ယောက်က behind the scenes ဓာတ်ပုံလေးတွေ ရိုက်ယူထားတာမျိုးပေါ့။ လူတိုင်း လူတိုင်းက အဲဒီလို behind the scenes အိုင်ဒီယာလေးတွေကို သဘောကျကြပါတယ်။ ဒါမှမဟုတ် လုပ်ငန်းခွင်ထဲမှာ ကိုယ်ဘာလုပ်နေလဲဆိုတဲ့ behind the scenes လေးပဲ ဖြစ်ဖြစ်ပေါ့။
စိတ်ကိုနှိုးဆွပေးတဲ့ quote တွေကို လူတော်တော်များများနှစ်သက်ကြပါတယ်။ Facebook ပေါ်က ပရိုဖိုင်တွေမှာ about you ကဏ္ဍတို့၊ ဓာတ်ပုံကဏ္ဍတို့မှာ နာမည်ကျော်ပုဂ္ဂိုလ်တွေပြောထားတဲ့ အဆိုအမိန့်တွေ၊ quote တွေကို တင်ထားတာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ဒီနည်းလမ်းကို Instagram ပေါ်မှာလည်း သုံးလို့ရပါတယ်။ တမူဆန်းသစ်ချင်ရင်တော့ မိမိလက်ရေးနဲ့ quote ကို ရေးတာမျိုး စမ်းကြည့်နိုင်ပါတယ်။
အပေါင်းအလဲမရှိ၊ တသမတ်တည်းဖြစ်နေတဲ့ မိမိရဲ့တစ်နေ့တာကို စိတ်ကုန်နေပြီလား။ ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားပြီး ဓာတ်ပုံ app တစ်ခုခုနဲ့ ပေါင်းပြီး Instagram ပေါ်တင်လိုက်ပါ။ လူတွေရဲ့ တက်ကြွတဲ့ တုံ့ပြန်မှုတွေကို တွေ့မြင်ရပါလိမ့်မယ်။
ဒါဟာလည်း Instagram ရဲ့ဓလေ့တစ်ခုပါပဲ။ လူတော်တော်များများက အင်္ကျီအသစ်ဝတ်လာရင်၊ လက်ကိုင်အိတ်အသစ်ဝယ်လာရင် ဆယ်လ်ဖီဆွဲပြီး ဒါမှမဟုတ် ဓာတ်ပုံရိုက်ပြီး Instagram ပေါ်တင်လေ့ ရှိကြပါတယ်။ ဒီနည်းလမ်းကလည်း ရိုးမသွားပါဘူး။ #ootd (outfit of the day) တစ်နေ့တာအတွက် အဝတ်အစားဆိုတဲ့ hashtag လေး ခံလိုက်ရုံပါပဲ။
ဓာတ်ပုံရိုက်ရာမှာ အရောင်သီအိုရီဆိုတာ အလွန်အရေးကြီးပါတယ်။ ဘယ်အရောင်နဲ့ ဘယ်အရောင်ပေါင်းစပ်လိုက်ရင် ဓာတ်ပုံဖရိန်တစ်ခုအတွင်းမှာ ဘယ်လိုပုံထွက်လာမလဲဆိုတာကို ဆုံးဖြတ်ရတာလည်း ဓာတ်ပုံအနုပညာရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ အထူးသဖြင့် ထင်ရှားစွာပေါ်လွင်စေမယ့် အရောင်တောက်တောက်မျိုးပေါ့။
လူတိုင်းလူတိုင်းမှာ အမှတ်တရကိုယ်စီရှိကြတဲ့အတွက် ခင်ဗျားရဲ့ Instagram ဖော်လိုဝါတွေဟာလည်း ခင်ဗျားရဲ့အမှတ်တရတွေကို သိချင်ကြမှာပါ။ ဥပမာ သောကြာနေ့က ဘားသွားထားတဲ့ပုံတွေကို တနင်္လာနေ့မနက်ကျမှ throw back ဆိုတဲ့ hashtag ခံပြီး ပြန်တင်ထားတာမျိုးပေါ့။ ဒါမှမဟုတ် လွန်ခဲ့တဲ့ (၅) နှစ်လောက်က ဒီနေရာမှာရိုက်ခဲ့တဲ့ပုံနဲ့ နှိုင်းယှဉ်ပြီး အဲဒီနေရာမှာပဲ ပုံစံတူ ပြန်ရိုက်ပြပြီး ပြောင်းလဲလာမှု (သို့) မပြောင်းလဲမှုကို ဖော်လိုဝါတွေကို ဆုံးဖြတ်ခိုင်းတာမျိုးပေါ့။
Source: heleneinnbetween
Share