တစ်ယောက်နဲ့တစ်ယောက် ရေရှည်လက်တွဲဖို့ဆိုတာ အဆင့်တွေ အများကြီးကို ကျော်ဖြတ်ရဦးမှာပါ။

ရည်းစားထားရတာ တကယ်တော့မလွယ်ပါဘူး။ ကိုယ်နဲ့အကျင့်ဈာရိတ္တလည်း တူညီပါဦးမှ။ နားလည်မှု၊ ယုံကြည်မှုလည်း အပြန်အလှန်ပေးအပ်နိုင်ပါဦးမှ။ နှစ်ဖက်မိဘဆွေမျိုးတွေရဲ့ ထောက်ခံမှုကိုလည်း ရရှိပါဦးမှ နောက်တစ်ဆင့်ကို ထပ်တက်လို့အဆင်ပြေတာပါ။

နှစ်ဖက်မိဘအသိုင်းအဝိုင်းရဲ့အမြင်ကိုပဲ ဖယ်ထားပါဦး။ တစ်ယောက်နဲ့တစ်ယောက် ရေရှည်လက်တွဲဖို့ဆိုတာ အဆင့်တွေ အများကြီးကို ကျော်ဖြတ်ရဦးမှာပါ။ ဘဝတစ်သက်တာရေရှည်လက်တွဲသင့်တဲ့ လူတစ်ယောက်နဲ့ တွဲနေမိသလား ဆိုတာကို ဘယ်လိုသိနိုင်လဲဆိုတော့...

၁။ တစ်ယောက်ရဲ့စိတ်ဖိစီးမှုကို တစ်ယောက်က ဖျောက်ပေးတယ်

04ff2447-1580-4f8d-bb4f-33b91b7bc188-pexels-photo-467409.jpg 

ဘဝဆိုတာ အချိန်တိုင်းချောမွေ့နေမှာတော့ မဟုတ်ပါဘူး။ ခက်ခဲရတဲ့အချိန်လေးတွေရှိမယ်။ ပင်ပန်းရတဲ့အချိန်လေးတွေရှိမယ်။ အဲဒီလိုရှိလာတဲ့အချိန်မှာ တစ်ယောက်က စိတ်ဖိစီးမှုကို တစ်ယောက်က ကူညီဖြေဖျောက်ပေးနိုင်ဖို့က အရေးကြီးပါတယ်။

၂။ ကိုယ့်ကိုအမြဲဦးစားပေးတယ်

11b0ecae-5aa2-45aa-8b02-ddaf0124b3d6-pexels-photo-377945.jpg 

မိမိရဲ့ရည်းစားက မိမိကို အမြဲတမ်းနံပါတ်တစ်အဖြစ် ဦးစားပေးတန်ဖိုးထားတယ်ဆိုရင်တော့ ဒါဟာမိမိအတွက် သင့်တော်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကို ဖော်ပြနေတဲ့လက္ခဏာပါပဲ။ အချိန်တိုင်း မဟုတ်ရင်တောင် မိမိအတွက် အမြဲလိုလိုအသင့်ဖြစ်နေတယ်၊ အချိန်ပေးတယ်ဆိုတာ ကိုယ့်ကိုတန်ဖိုးထားတဲ့ လက္ခဏာတွေပါပဲ။

၃။ အပြန်အလှန်လေးစားမှုရှိတယ်

69e631d7-ccac-4d8d-9e93-6dba27688461-pexels-photo-399669.jpg 

အပြန်အလှန်လေးစားမှု (mutual respect) ဆိုတာ သမီးရည်းစားဆက်ဆံရေးမှ မဟုတ်ပါဘူး။ ဆက်ဆံရေးတိုင်းမှာ လိုအပ်တဲ့အရာတစ်ခုပါ။ အပြန်အလှန်လေးစားမှုမရှိတဲ့ ဆက်ဆံရေးတစ်ခုဟာလည်း ရေရှည်မှာအဆင်မပြေနိုင်ပါဘူး။ ခင်ဗျားရဲ့ချစ်သူဟာ ခင်ဗျားအပေါ်မှာကော၊ တခြားသူတွေအပေါ်မှာပါ အပြန်အလှန်လေးစားမှု ထားတတ်တဲ့သူတစ်ဦးဆိုရင် ဘဝအတွက် သင့်တော်တဲ့ လက်တွဲဖော် တစ်ဦးပါပဲ။

၄။ ပျော်ရွှင်မှုအတွက် အားထုတ်လိုစိတ်အပြည့်ရှိတယ်

fab258ac-2774-4913-aa69-5f2153dc6f9d-pexels-photo-510674.jpg 

တစ်ယောက်ကိုတစ်ယောက် ပျော်ရွှင်အောင်ထားဖို့ဆိုတာလည်း အရေးကြီးပါတယ်။ ချစ်တော့ချစ်ပါတယ်။ စိတ်ညစ်စရာတွေချည်းပဲ ပြည့်နှက်နေရင်လည်း relationship ကြီးက ပျော်စရာကောင်းမှာ မဟုတ်ပါဘူး။ အဲဒီလို သူပျော်ရွှင်စေဖို့ အတတ်နိုင်ဆုံး ကိုယ်ကြိုးစားမယ်ဆိုတဲ့ စိတ်ထားက စကားပြောသွားတာပါ။

၅။ ယုံကြည်မှုရှိတယ်

177ed867-0586-48c2-9d62-7ca1ffc4f925-pexels-photo-505207.jpg 

သူကလည်း ကိုယ့်ကိုယုံသလို ကိုယ်ကလည်း သူ့ကိုယုံကြည်မှုအပြည့်ရှိတယ်ဆိုရင် တစ်ဘဝလုံးစာအတွက် လက်တွဲဖို့ စိတ်ဒုန်းဒုန်းချလိုက်ပါတော့။ အပြန်အလှန်ယုံကြည်မှုဟာ အလွန်စွမ်းအားကြီးတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်မျိုးဖြစ်ပါတယ်။ သမီးရည်းစားတွေ ပြတ်စဲကြတယ်ဆိုတာလည်း ယုံကြည်မှုကျိုးပေါက်သွားလို့ များပါတယ်။ ဒါကြောင့် သူနဲ့ကိုယ်မှာ ဒီလိုအရမ်းအရေးကြီးတဲ့ ယုံကြည်မှုကို ကိုယ်စီပိုင်ဆိုင်နေကြပြီဆိုရင်တော့ မပျောက်ပျက်အောင် ထိန်းသိမ်းထားသင့်ပါတယ်။

၆။ အမြဲတမ်းနားထောင်ပြီး နှစ်သိမ့်ပေးတယ်

72ca6298-8e62-4cfa-b530-ad8cf7195672-person-woman-smartphone-calling.jpg 

အခက်အခဲတွေရှိလာတဲ့အချိန်မှာ ကိုယ့်ရဲ့အခက်အခဲကို သေချာနားထောင်ပေးပြီး နှစ်သိမ့်အားပေးတတ်သူဟာ ကိုယ့်ကို တကယ်ဂရုစိုက်သူူပါပဲ။ သူတို့ နှစ်သိမ့်အားပေးမှုလေးတွေဟာ ကိုယ့်အတွက်တော့ အားဆေးတစ်ခွက်ပါ။ ဒါ့အပြင် သူတို့ဟာ အခက်အခဲတွေကို ပြေလည်စေမယ့် အကြံဉာဏ်ကောင်းတွေကိုလည်း ပေးနိုင်စွမ်းရှိကြပါတယ်။

Source: bustle

Share

Loading Next Article...
က္က