ဒီဆောင်းပါးကို ဖတ်မိပြီဆိုကတည်းက မိမိရည်းစားမှာ သံသယဖြစ်ဖွယ်အချက်တွေ တွေ့ရနေလို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒီဆောင်းပါးကို ဖတ်မိပြီဆိုကတည်းက မိမိရည်းစားမှာ သံသယဖြစ်ဖွယ်အချက်တွေ တွေ့ရနေလို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် နောင်တစ်ချိန်မှာ ဖြစ်များဖြစ်လာလေမလားဆိုတဲ့ သံသယနဲ့ သိချင်လာတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

 

ဒီကိစ္စမျိုးကို သိလိုစိတ်ဖြစ်မိတယ်ဆိုတာ ဘာမှမဆန်းပါဘူး။ ကလေး (၂) ယောက်ရပြီးမှ ထပွင့်သွားတဲ့ ယောကျ်ားတွေလည်း ရှိခဲ့ဖူးတာမို့ ဘဝတစ်သက်တာ လက်မတွဲခင်ကတည်းက တချို့လက္ခဏာတွေကို ကြိုသိပြီး ကြိုတွေးထားတာမမှားပါဘူး။ မိမိရဲ့လက်တွဲဖော် ဂေး (gay) ဖြစ်နေနိုင်သလား ခန့်မှန်းနိုင်တဲ့အချက်တွေကတော့...

၁။ တခြားမိန်းမတွေကို လိုက်မကြည့်ဘူး

Screen-Shot-2013-04-04-at-10.33.25-AM.jpg 

ခင်ဗျားကတော့ ထင်မှာပါပဲ။ ဒီကောင်လေးကတော့ တခြားမိန်းကလေးတွေကို စိတ်မဝင်စားဘဲ ကိုယ့်ကိုပဲစိတ်ဝင်စားဟန်ပြတာ ကောင်းတဲ့အချက်ပဲလို့။ ဒါပေမယ့် ဒါဟာ ထူးဆန်းနေတဲ့အချက်တစ်ချက်ပါ။ ယောကျ်ားလေးတွေမှာ testosterone လို့ခေါ်တဲ့ လိင်စိတ်ဟော်မုန်းပါဝင်မှုမြင့်မားတဲ့အတွက် ယောကျ်ားလေးအများစုဟာ လိင်ကိစ္စအကြောင်းကို အများဆုံးတွေးဖြစ်ပြီး မိမိတို့နားမှာ ဆွဲဆောင်မှုရှိတဲ့သူတွေ တွေ့မိရင် မသိစိတ်က အလိုလိုလိုက်ကြည့်မိတတ်ပါတယ်။

မိန်းကလေးအများစုကလည်း အဲဒီလိုအကြည့်ခံရတာကို မသိစိတ်ထဲက သာယာတတ်ပါတယ်။ ဒါဟာ သိစိတ်က လုပ်ဆောင်မှု မဟုတ်ရင်တောင် မသိစိတ်က အလိုအလျောက်ပြုလုပ်လိုက်မိတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်နဲ့ အကိတ်မလေးတစ်ယောက် ကိုယ်တွေရှေ့က ဖြတ်သွားတာတောင် ခင်ဗျားရည်းစားက မသိမသာလေးတောင် အကဲမခတ်ဘူး ဆိုရင်တော့ ဒါဟာ မိန်းကလေးတွေကို စိတ်မဝင်စားတဲ့ လက္ခဏာပါပဲ။ တစ်နည်းအားဖြင့် အပုန်းတစ်ယောက် ဖြစ်နေနိုင်ပါတယ်။

၂။ အဲဒီအစား ယောကျ်ားလေးတွေကိုတော့ လိုက်ကြည့်တယ်

maxresdefault.jpg 

အပုန်းတွေကတော့ ဒါကို သိသိသာသာဖော်ထုတ်ပြသမှာ မဟုတ်ပါဘူး။ ဂေးပါလို့ တရားဝင်ထုတ်ဖော်ပြောကြားထားသူတွေတောင် လူမှုရေးဆိုင်ရာဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တဲ့အတွက် လူလည်ခေါင်မှာ ယောကျ်ားလေးတစ်ယောက်ကို ပေါ်တင်ကြီးရှိုးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားသာ မျက်စိလျင်တဲ့ မိန်းကလေးတစ်ယောက်ဆိုရင် ခင်ဗျားချစ်သူ ဖြတ်ခနဲ ခိုးကြည့်လိုက်တဲ့ အကြည့်ကို ဖမ်းကြည့်နိုင်မှာပါ။ မိန်းကလေးတွေကိုမရှိုးဘဲ ယောကျ်ားလေးတွေကို မသိမသာခိုးရှိုးနေမယ်ဆိုရင်တော့ ခင်ဗျားဟာ အပုန်းလေးတစ်ယောက်ကို ရည်းစားတော်ထားရတာ ဖြစ်နိုင်ပါတယ်။

၃။ ယောကျ်ားလေးတွေနဲ့ ဖက်လှဲတကင်းလုပ်ရတာကို စိတ်အားထက်သန်တယ်

maxresdefault (1).jpg 

ယောကျ်ားလေးချင်း ဖက်လှဲတကင်းလုပ်တယ်ဆိုတာ တကယ်တော့ မဆန်းပါဘူး။ အရမ်းခင်တဲ့သူငယ်ချင်းတွေဆို ပုခုံးချင်းဖက်ပေါင်းမယ်။ ဝမ်းနည်းနေတဲ့ ဘော်ဒါကို ပွေ့ဖက်ပြီး နှစ်သိမ့်အားပေးမယ်။ ဒါတွေက Bromance အဆင့်လောက်ပဲ ရှိပါတယ်။ ဒီလိုမဟုတ်ဘဲ ယောကျ်ားလေးတွေနဲ့ ဖက်လှဲတကင်းလုပ်ရတဲ့ အားကစားတွေကိုပဲ ရွေးလုပ်တယ်။ ယောကျ်ားလေးဘော်ဒါတွေနဲ့ နေ့ရော၊ ညပါ အချိန်ဖြုန်းနေတတ်တယ်ဆိုရင်တော့ ဒါဟာ အပုန်းလက္ခဏာလေး နည်းနည်းပြနေပြီလို့ သိနိုင်ပါတယ်။

၄။ မိန်းမလျာတွေကို ပုံမှန်ထက်ပိုပြီး ရွံ့မုန်းဟန်ပြတယ်

bigstock-Angry-man-pointing-his-finger-46605823.jpg 

Homophobia ဆိုတာ မိန်းမလျာတွေကို ရွံ့မုန်းတဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ မိမိဟာ အပုန်းတစ်ယောက်ဖြစ်ပြီး မိမိပုန်းနေမှန်းလည်း လူတွေကို မသိစေချင်တဲ့အခါ အဲဒီလူဟာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေဖြစ်လာပြီး မိန်းမလျာတွေကို ဘယ်လောက်မုန်းတီးကြောင်း လူတကာရှေ့မှာလိုက်ပြောတတ်ပါတယ်။

ယောကျ်ားစစ်စစ်တွေကတော့ ဂေးတွေနဲ့ ပတ်သက်ပြီး အရမ်း sensitive မဖြစ်ပါဘူး။ သူတို့ရဲ့ရွေးချယ်မှုတွေကိုလည်း လေးစားတတ်ကြပြီး မသကာ စရုံနောက်ရုံလောက်ပဲ သဘောထားတတ်ကြပါတယ်။ မိမိကိုယ်တိုင် အပုန်းဖြစ်နေပြီဆိုရင်တော့ ဂေးတွေကို ဘယ်လောက်မုန်းတီးကြောင်း လူစုံလာတိုင်း ထုတ်ဖော်ပြောကြားလာပါလိမ့်မယ်။

၅။ တခြားလူတွေရဲ့ လိင်စိတ်ရွေးချယ်မှုတွေကို အရမ်းစိတ်ဝင်စားတယ်

ဒါမှမဟုတ် သူဟာ ဟိုမိုမုန်းတီးသူဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ တစ်ယောက်ယောက်က ဂေးဖြစ်နေကြောင်း ကြားတာနဲ့ သူ့နားက ဆတ်ခနဲ ထောင်လာပါလိမ့်မယ်။ အဲဒီသူ အကြောင်း အတင်းမေးပါလိမ့်မယ်။ မိဘတွေ၊ သူငယ်ချင်းတွေက အဲဒီလူကို ဘယ်လိုဆက်ဆံကြောင်း မေးမြန်းပါလိမ့်မယ်။ အဲဒီလိုမျိုး တခြားလူတွေရဲ့ လိင်စိတ်ရွေးချယ်မှု အကြောင်းတွေကို အရမ်းစိတ်ဝင်စားရင်လည်း သူကိုယ်တိုင် အပုန်းတစ်ယောက်ဖြစ်နေနိုင်ခြေ ရှိပါတယ်။

Source: pairedlife

Share

Loading Next Article...
က္က