တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးရင်ကိုပဲ အသားအရေက သိသိသာသာ ကောင်းမွန်လာပါတယ်။

Exfoliat လုပ်တယ်ဆိုတာ အရေပြားပေါ်က ဆဲလ်သေတွေကို ပွတ်တိုက်သန့်စင်ပြီး အသားအရေ ကြည်လင်လာအောင် လုပ်တာဖြစ်ပါတယ်။ တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးရင်ကိုပဲ အသားအရေက သိသိသာသာ ကောင်းမွန်လာပါတယ်။ မျက်နှာကို exfoliat လုပ်ဖို့ ဆုံးဖြတ်ထားရင်တော့ ဒါလေးတွေ ဖတ်ကြည့်ပါဦးနော်။

 

၁။ ခြောက်သွေ့တဲ့အသားအရေဆိုရင်တော့ exfoliating ကို မဖြစ်မနေလုပ်ဖို့ မလိုပါဘူး။ Exfoliat လုပ်မယ်ဆိုရင်တော့ အရမ်းကြမ်းတာမျိုးမလုပ်ဘဲ အပျော့စား scrub မျိုးပဲလုပ်သင့်တယ်။ အစိုဓာတ်ဖြည့်ခရင်မ်ကိုလည်း အမြဲလိမ်းပေးပါ။

ဇွန်းတစ်ချောင်းသုံးပြီး အလှပြင်နည်း 

၂။ အဆီပြန် ဝက်ခြံပေါက်တဲ့ အသားအရေပိုင်ရှင်တွေ အနေနဲ့ exfoliate လုပ်ပေးဖို့ လိုပါတယ်။ မျက်နှာမှာကပ်နေတဲ့ အဆီနဲ့ အညစ်အကြေးတွေကို exfoliate လုပ်ပြီး ဖယ်ရှားပေးမှ ဝက်ခြံထွက်တာ သက်သာမှာပါ။ Hydroxy acid တွေဖြစ်တဲ့ glycolie သို့မဟုတ် salicylic acid ပါဝင်တဲ့ မျက်နှာသစ်ဆေးကို သုံးသင့်ပါတယ်။

 

၃။ အထိခိုက်မခံတဲ့ (sensitive) အသားအရေတွေကတော့ exfoliate ကို မကြာခဏ မလုပ်သင့်သလို exfoliate လုပ်ရင်လည်း ရံဖန်ရံခါလောက်ပဲ လုပ်သင့်တယ်။ အေးမြစိုစွတ်တဲ့ အဝတ်လေးနဲ့ မျက်နှာကို စက်ဝိုင်းပုံစံပွတ်ပေးပြီး exfoliate လုပ်တာ အကောင်းဆုံးပါပဲ။

၄။ ပုံမှန်အသားအရေပိုင်ရှင်လား။ ပုံမှန်အသားအရေပိုင်ရှင်ဆိုတာ T-zone မှာ အဆီပြန်ပြီး ပါးနှစ်ဖက်ကတော့ ခြောက်သွေ့နေတတ်တယ်။ မုန့်ဖုတ်ဆိုဒါကို အသုံးပြုပြီး exfoliate လုပ်နိုင်ပါတယ်။

 

၅။ Exfoliat လုပ်မယ်ဆိုရင် ညဘက်လုပ်တာ ပိုထိရောက်ပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပြီးနောက် အိပ်ပျော်နေစဉ်မှာ အရေပြားက ဆဲလ်သစ်တွေ မွေးဖွားပေးနေမှာပါ။

၆။ Body Scrub လုပ်တဲ့ပစ္စည်းကို မျက်နှာမှာ exfoliate လုပ်လို့မရပါဘူး။ အသားအရေချင်း မတူတာမို့ ခန္ဓာကိုယ်အတွက် ထုတ်ထားတာကို မျက်နှာမှာသုံးရင် အသားအရေပျက်စီးသွားနိုင်တယ်။

Source : Seventeen

Share

Loading Next Article...
က္က