ဒီနှစ်တော့ ဇာဖက်ရှင်တွေ ပိုများတယ်။

နှစ်စဉ်ကျင်းပတဲ့ MTV VMAs ဆုပေးပွဲကို တနင်္ဂနွေညက ကယ်လီဖိုးနီးပြည်နယ်၊ Inglewood မြို့က The Forum မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်ဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူ (host) အဖြစ် ကေတီပယ်ရီက ပါဝင်ထားပြီး သူမကလည်း ဝတ်စုံတွေ တစ်စုံပြီးတစ်စုံ ပြောင်းလဲဝတ်ဆင်သွားပါတယ်။ ပွဲတက်လာသူတွေထဲကမှ အလှဆုံးဝတ်စုံတွေကိုလည်း မဒီပရိသတ်အတွက် ရွေးချယ်ဖော်ပြလိုက်ပါတယ်နော်။

 

ပထမဆုံး မျက်စိကျမိတာက ဟေဒီကလမ်းပါ။ အသက် ၄၄ နှစ်အရွယ် မော်ဒယ်ကြီးက အတိုင်းသားမြင်နေရတဲ့ ရွှေအိုရောင်ဇာဝတ်စုံကို ဝတ်လာခဲ့တာပါ။ မိန်းမပီပီသသ လှပကျော့ရှင်းနေတော့တာပါပဲ။

 

Host ဖြစ်တဲ့ ကေတီပယ်ရီရဲ့ အဖြူရောင်ဝတ်စုံကတော့ မျက်စိရှင်းရှင်းနဲ့ ခေတ်ရှေ့ပြေးတဲ့ဒီဇိုင်းမျိုး ဖြစ်ပါတယ်။

 

မော်ဒယ်လေး ဟေလီဘောဝင်းရဲ့အလှကတော့ တလက်လက်ကို တောက်ပနေတော့တာပါပဲ။ ငွေရောင်စီးကွင့်တွေထိုးထားတဲ့ ဇာ jump suit က သူမရဲ့အရပ်အမောင်းနဲ့လည်း လိုက်ဖက်လှပါတယ်။

သူတို့ကတော့ အဖွဲ့လိုက် လှနေကြတာပါ။ Fifth Harmony ဆိုပေမဲ့ ကမီလာထွက်သွားပြီးနောက်ပိုင်း ၄ ယောက်တည်းနဲ့ အဖွဲ့ကို ရှေ့ဆက်နေကြပါတယ်။

 

အဆိုတော်မလေး ဟေလီစတိန်းဖဲလ်ရဲ့ အသွင်လေးကတော့ တကယ့်ကို မြီးကောက်ပေါက်မလေးအတိုင်းပဲ။ ချစ်စရာကောင်းနေပြန်တယ်။

 

စူပါမော်ဒယ် အလက်ဇန္ဒြား အမ်ဘရိုစီယိုရဲ့ ဖက်ရှင်ကတော့ မြင်သူငေးရလောက်အောင် စတိုင်လ်ကျနေခဲ့ပါတယ်။ အကျႌနဲ့လိုက်ဖက်တဲ့ လည်ရှည်ဖိနပ်မြင့်က သူကို ပိုပြီးစမတ်ကျသွားစေတယ်။

Photos : Daily Mail

Share

Loading Next Article...
က္က