Wonder Woman မင်းသမီး Gal Gadot ဟာ Rolling Stone မဂ္ဂဇင်းနဲ့အင်တာဗျူးမှာ သူမရဲ့ ခန္ဓာကိုယ် ပုံစံအပေါ် ဝေဖန်သူတွေကို ယခုလို တုံ့ပြန် ဖြေကြားထားပါတယ်။ သူမရဲ့ ဖြေကြားပုံလေးက ချစ်စရာပါပဲ။
Miss Israel ဟောင်း မင်းသမီးက "Amazons (အမေဇုန် အမျိုးသမီးစစ်သည်) တွေလည်း ရင်သား တစ်ခုပဲ ရှိတာပဲ၊ နှစ်ခုသုံးခု ရှိနေကြတာမဟုတ်ပါဘူး ၊ ကျွန်မရဲ့ ရင် နဲ့ တင် တွေက သေးနေလို့လား၊ ကျွန်မ ဒီဇာတ်လမ်း မရိုက်ခင် ခန္ဓာကိုယ်အတွက် လေ့ကျင်မှုတွေ လုပ်ခဲ့ရတယ်ရှင့်၊ ကျွန်မ ကိုယ်အလေးချိန် ၁၇ပေါင် တောင် တတ်လာပါတယ်။ အဲ့ဒီ ၁၇ ပေါင်ကလည်း ကြွက်သားတွေချည်းပါပဲ" လို့ သူမရဲ့ အားထုတ်မှုကိုလည်း ပြောသွားပါတယ်။
March လ ထွက် Glamour မဂ္ဂဇင်းနဲ့ Interview မှာလည်း "ကျွန်မ အရင်ကထက် ပိုပီးသန်မာလာတယ်လို့ ခံစားမိပါတယ် ။ ကျွန်မရဲ့ ပုံစံ ကျွန်မရဲ့ လမ်းလျှောက်ပုံတွေကအစ အကုန် ပြောင်းလဲခဲ့ပီ။ လွန်ခဲ့တဲ့ ၅ နှစ် လောက်က ကျွန်မရဲ့ ပုံတွေကို ပြန်ကြည့်ကြည့်ပါလား လုံးဝကို ပိန်ပိန်ပါးပါးလေးလေ" လို့ ဂါဒေါ့တ်က ဆိုပါတယ်။
DC comics အခြေပြု Justice League ဇာတ်ကား ရိုက်ကူးနေစဉ်အတွင်းမှာလည်း Gal Gadot အတွက် စိန်ခေါ်မှုတစ်ခု ထပ်မံ ကြုံတွေ့ခဲ့ရပါသေးတယ် ။ အဲ့တာကတော့ သူမရဲ့ ဒုတိယမြောက်ကလေးကို ကိုယ်ဝန်ရခဲ့တာပါပဲ ။
"ကျွန်မ အခြားသူတွေရဲ့ အာစုံရိုက်မှုတွေကို မလိုချင်လို့ ကိုယ်ဝန်ဆောင်ရင်းနဲ့ပဲ ရိုက်ကူးရေးတွေ လုပ်ခဲ့ပါတယ်" လို့ သူမက ထပ်မံ ပြောကြားထားပါသေးတယ် ။ "ဒါပေမဲ့ ကျွန်မ ဗိုက်ပေါ်မှာတော့ CGI ((CGI = Computer-generated Imagery ခေါ် ရုပ်ရှင်ကားများတွင် အထူးပြုလုပ်ချက်များ ပြုလုပ်ရာတွင် အသုံးပြုသောအရာ)အစိမ်းရောင်ကိုတော့ ကပ်ထားခဲ့ရတယ်။ ဒါမှ ကျွန်မ ဗိုက်ပူနေတာ မသိသာမှာလေ"လို့ မင်းသမီးက ရယ်မောရင်း ဖြေထားပါသေးတယ် ။
"ကမ္ဘာကြီးအတွက် အမျိုးသမီး ဇာတ်ဆောင် Action ဇာတ်ကားတွေ ပြဖို့ အချိန်ရောက်ပါပြီ" လို့လည်း ဆက်လက်ပြောကြားခဲ့ပါသေးတယ် ။
သူမ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Wonder Woman ဇာတ်ကားဟာ ကမ္ဘာရပ်ရပ်က စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရတဲ့အထိ အောင်မြင်မှု ရခဲ့ပါတယ်။