မျက်တောင်မွေး တိုနေလို့၊ ပါးနေလို့ စိတ်ညစ်နေရတဲ့ မဒီလေးတို့ကို အခုပြောပြမှာကတော့ မျက်တောင်ရှည်လာစေမယ့် နည်းလေးတွေ ဖြစ်ပါတယ်။ သဘာဝနည်းလေးတွေလည်းဖြစ်ပြီး အချိန်မကုန်၊ ငွေမကုန်တာမို့ စမ်းကြည့်ကြည့်နော်။
၁။ ဖြီးသင်ပါ
မျက်တောင်မွှေးကို ဘရပ်ရှပ် (မျက်တောင်ကော့တံ)လေးနဲ့ ဖြီးပေးရင် သွေးလည်ပတ်မှုကောင်းပြီး အမွေးလေးတွေ ရှည်လာစေပါတယ်။ မျက်တောင်ကော့တံလေးကို ဗီတာမင် E အဆီလေးဆွတ်ပြီး မျက်တောင်ကိုဖြီးပေးပါ။ တစ်နေ့ နှစ်ကြိမ် လုပ်ရပါမယ်။
၂။ ဆီလိမ်း
ကြက်ဆူဆီ၊ အုန်းဆီ၊ သံလွင်ဆီတို့မှာပါဝင်တဲ့ fatty acid က မွေးညင်းပေါက်လေးတွေကို အားဖြည့်ပေးလို့ မျက်တောင်မွေးတွေ နက်မှောင်ထူထဲစေတယ်။ အိပ်ရာဝင်ခါနီးတိုင်း အဲ့ဒီဆီတစ်မျိုးမျိုးကို မျက်တောင်ကိုလိမ်းပေးရုံပါပဲ။
၃။ အစားအသောက်
ခန္ဓာကိုယ်မှာ ဗီတာမင်တွေ မလုံလောက်ဘူးဆိုရင်လည်း မျက်တောင်မွေးက ပါးနေတတ်တယ်။ ကျွတ်လည်းကျွတ်လိမ့်မယ်။ အသားဓာတ်လုံလောက်အောင်စားပါ။ Fatty Acid ပါတဲ့ အခွံမာသီး၊ အသား၊ ငါး၊ ဥအမျိုးမျိုး၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးဖို့ လိုပါတယ်။
၄။ ရှားဇောင်းလက်ပပ်
ရှားဇောင်းလက်ပပ်အရည်က ဆံပင်နဲ့ အသားအရေကို ကောင်းကျိုးဖြစ်စေတယ်လေ။ ညအိပ်ခါနီးတိုင်း ရှားဇောင်းလက်ပပ်အနှစ်ကို အရည်ညှစ်ပြီး လိမ်းပေးပါ။ မနက်ကျရင်တော့ ပြန်ပြီးဆေးလိုက်ဖို့ လိုပါတယ်။ သံလွင်ဆီ/ကြက်ဆူဆီနဲ့ရောပြီးလိမ်းရင် ပိုထိရောက်ပါလိမ့်မယ်နော်။
၅။ နှိပ်နယ်ခြင်း
မျက်လုံးတစ်ဝိုက်ကို လက်ချောင်းလေးတွေနဲ့ အသာအယာနှိပ်နယ်ပေးရမှာပါ။ နှိပ်နယ်ခြင်းကြောင့် သွေးလည်ပတ်မှုကောင်းမွန်စေပြီး အမွေးတွေကြီးထွားလာအောင် လှုံ့ဆောင်ပေးပါတယ်။ အုန်းဆီ/ သံလွင်ဆီလေးကို လက်ချောင်းလေးတွေထဲထည့်ပြီး မျက်ခွံနဲ့ မျက်တောင်မွေးနေရာတွေကို ၅ မိနစ်ကြာအောင် ဖွဖွလေး နှိပ်ပေးရပါတယ်။ မကြာခဏလုပ်ပေးပါ။
Source : Bright Side