အရက်ကို ပမာဏအနည်းငယ် ချင့်ချိန်သောက်သုံးမယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိနိုင်ပြီး အသက်လည်းပိုရှည်စေပါတယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေမှာ ဖော်ပြနေတာက အရက်ကို ပမာဏအနည်းငယ် ချင့်ချိန်သောက်သုံးမယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိနိုင်ပြီး အသက်လည်းပိုရှည်စေပါတယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ်တုံးကတော့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ကင်ဆာဖြစ်စေနိုင်တဲ့ ကာဆီနိုဂျင်တစ်မျိုးဖြစ်ပြီး ဘယ်လောက်ပဲသောက်သောက် လူ့ခန္ဓာကိုယ်အတွက် မကောင်းပါဘူးလို့ ကြေညာခဲ့ပါတယ်။ ဒီတော့ အရက်သောက်ခြင်းက ကျန်းမာရေးအတွက်ကောင်းလား။ ဆိုးလား။

 

အရက်သောက်ခြင်းက ကျန်းမာရေးအတွက်ကောင်းလား။ ဆိုးလား

bigstock-Group-Of-Happy-Young-Friends-T-48108971.jpg 

ဒီမေးခွန်းဟာ မကြာသေးခင်ကမှ လူထုုကြားမှာ အရက်စွဲပြဿနာရှိသူဦးရေ ပိုမိုမြင့်တက်လာတဲ့အကြောင်း အစီရင်ခံစာ တစ်စောင်နဲ့အတူ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး တိကျတဲ့ဒေတာတွေ မရှိသေးတဲ့အတွက် ဖြေရခက်တယ်လို့ ဘော့စတွန်ဆေးဝါးကုသရေးစင်တာက သုတေသီ Kenneth Mukamal က ပြောကြားခဲ့ပါသေးတယ်။

ဒီလမှာပဲ ပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုမှာ အရက်ကို ပမာဏနည်းနည်းသောက်သုံးသူတွေဟာ အရက်လုံးဝမသောက်တတ်သူတွေနဲ့ နှိုင်းစာရင် စောလျင်စွာသေဆုံးနိုင်ခြေကို ၂၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။ အရက်ကို ပမာဏနည်းနည်း သောက်သုံးတတ်သူတွေဟာ နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ သိသိသာသာကြီး လျော့ကျလာတာကို တွေ့ရှိရပါတယ်။ တစ်ပတ်ကို အရက် (၃) ခွက်နဲ့ အောက် သောက်သုံးသူတွေမှာတော့ ကင်ဆာရောဂါနဲ့သေဆုံးနိုင်ခြေ လျော့ကျလာတာကို တွေ့ရပါတယ်။

အရက်အလွန်အကျွံသောက်သုံးသူတွေကျတော့ အခြေအနေက ပြောင်းပြန်ပါပဲ။ သူတို့မှာ ကင်ဆာရောဂါနဲ့သေဆုံးနိုင်ခြေ (၂၇) ရာခိုင်နှုန်းပိုများပြီး တခြားအကြောင်းရင်း တစ်ခုခုကြောင့် သေဆုံးနိုင်ခြေ (၁၁) ရာခိုင်နှုန်း ပိုများနေနိုင်ပါတယ်။

 

"အရက်အလွန်အကျွံသောက်ခြင်းက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကတော့ ထင်ရှားနေပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကို ထိခိုက်စေနိုင်ပါတယ်" Mukamal က ဆိုပါတယ်။ "အရက်ကို ပုံမှန်အတိုင်းအထွာနဲ့ သောက်တတ်ပြီး တစ်ခါတလေ လစ်မစ်လေးကျွံမိရင်တောင် ခန္ဓာကိုယ်အတွက် မကောင်းပါဘူး" လို့လည်း ပြောပါတယ်။

အရက်ကို အတိုင်းအထွာနဲ့သောက်ခြင်းဟာ ဆီးချိုရောဂါနဲ့ လေဖြတ်လေငန်းရောဂါကာကွယ်ရေးမှာလည်း တစ်ထောင့် တစ်နေရာက ပါဝင်နေနိုင်တယ်လို့ သိရပါတယ်။ အမျိုးသားတွေဆိုရင် တစ်ပတ်ကို အရက် (၁၄) ခွက်၊ အမျိုးသမီးတွေဆိုရင် တစ်ပတ်ကို (၉) ခွက် သောက်ပေးမယ်ဆိုရင် type 2 ဆီးချိုရောဂါနဲ့ သေဆုံးနိုင်ခြေ အနည်းဆုံးပါပဲတဲ့။ ဒါပေမယ့် သတိထားဖို့ အချက်တစ်ချက်ကတော့ အရက်ဟာ ရင်သားကင်ဆာလိုမျိုး တချို့ကင်ဆာရောဂါတွေနဲ့လည်း ဆက်နွယ်နေနိုင်ပါတယ်တဲ့။

 

အရက်သောက်ခြင်းဟာ အသက်အရွယ်ကြီးရင့်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း သက်ရောက်မှုရှိနေနိုင်ပါတယ်။ ဆေးပညာရှင်တွေရဲ့ အဆိုအရဆိုရင် အရက်ကို ပမာဏအနည်းငယ် သောက်သုံးပေးမယ်ဆိုရင် ဦးနှောက်ဆဲလ်ထိခိုက်ခြင်းကြောင့် ဖြစ်ပွားတဲ့ မှတ်ဉာဏ်ထိခိုက်ခြင်းရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဇွန်လတုံးက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ကျတော့ တစ်ပတ်မှာ အရက် (၁၄) ခွက်နဲ့ (၂၁) ခွက်ကြား သောက်တဲ့သူတွေ အသက် (၇၀) ဝန်းကျင်ရောက်ရင် ဦးနှောက်ဆဲလ် ပျက်ဆီးနိုင်ခြေ (၃) ဆပိုများနေတယ်လို့ ဆိုပြန်ပါတယ်။

ဒါကြောင့် အရက်ကို သောက်သင့်/ မသောက်သင့်ဆိုတာရယ်၊ ဘယ်လိုအချိန်မျိုးမှာ ဘယ်လောက်ပမာဏ သောက်သင့်တယ် ဆိုတာရယ်က ရှုပ်ထွေးတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဖက်ဒရယ် အစားအသောက်ရေးရာ guidelines က အကြံပြု ထားတာကတော့ အမျိုးသမီးတွေအတွက် တစ်နေ့ (၁) ခွက်၊ အမျိုးသားတွေအတွက် တစ်နေ့ (၂) ခွက်လောက် သောက်တာက ဆေးဖြစ်ဝါးဖြစ်သဘော ဖြစ်စေနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေကို ပမာဏလျှော့သောက်ဖို့ အကြံပြုထားတာက သူတို့ရဲ့ခန္ဓာကိုယ်က အယ်လ်ကိုဟောကို ပိုမိုစုပ်ယူနိုင်ပြီး ဇီဝကမ္မလုပ်ဆောင်မှုတွေကျတော့ ပိုမိုနှေးကွေးလို့ပါပဲ။

Source: webmd

 

Share

Loading Next Article...
က္က