ဝက်ခြံတွေက မမှည့်သေးဘဲနဲ့လည်း ညှစ်လို့မရဘူး။ လက်ယောင်လိုက်ပြီး ပိုဆိုးသွားနိုင်တယ်။

ဒေါက်တာ Pimple Popper ဆိုတာ ကယ်လီဖိုးနီးယားအခြေစိုက် အရေပြားနဲ့အလှအပဆိုင်ရာဆရာဝန်ဖြစ်ပါတယ်။ ဝက်ခြံကုသပုံတွေကို အင်စတာဂရမ်မှာတင်လေ့ရှိသူပါ။ သူမရဲ့ အင်စတာဂရမ်အကောင့်မှာလည်း follower ၂ သန်းကျော် ရှိပါတယ်။ ဒေါက်တာ Pimple Popper က သင့်မျက်နှာပေါ်က ဝက်ခြံတွေကို ဘယ်လိုကုသမလဲဆိုတဲ့အပေါ် လမ်းညွှန်ချက်လေးတွေ မျှဝေထားပါတယ်။

ဂွမ်းတံ (Q-Tip)ကို သုံးပြီး အလှပြင်ကြမလား 

ဝက်ခြံတွေက မမှည့်သေးဘဲနဲ့လည်း ညှစ်လို့မရဘူး။ လက်ယောင်လိုက်ပြီး ပိုဆိုးသွားနိုင်တယ်။ တချို့ဝက်ခြံတွေကတော့ အရေပြားအောက်မှာဖြစ်နေတာ။ ဝက်ခြံပုန်းတွေပေါ့။ ဒါတွေကိုညှစ်မယ်ဆိုရင် ရေနွေးငွေ့လေးပေးပြီးမှ ညှစ်ထုတ်ရပါတယ်။ ဂရုတစိုက်လုပ်ပေးမှ အမာရွတ်မကျန်မှာပါ။

၁။ ကိရိယာသုံး

best-blackhead-treatments-e1497953477635.jpg 

ဝက်ခြံညှစ်တံလေးကို အသုံးပြုပါမယ်။ ဝက်ခြံရဲ့ဘေးပတ်ပတ်လည်ကိုပဲ ညှစ်တံလေးနဲ့ ဖိပေးပါ။ ဖိပြီးဆွဲချလိုက်ရင် ဝက်ခြံက ထွက်မလာဘဲ ပဲ့ကျန်ခဲ့နိုင်တယ်။ ဝက်ခြံညှစ်တံကတော့ ပိုးသတ်ထားတာ ဖြစ်ရပါမယ်။

၂။ Treatment

maxresdefault.jpg 

ဝက်ခြံကိုညှစ်ပြီးလိုက်တာနဲ့ ညှစ်ထားတဲ့နေရာကို သန့်ရှင်းရေးလုပ်ပေးပါ။ ပြီးရင် benzoyl peroxide လေး လိမ်းပေးထားရမယ်။ ညှစ်ထားတဲ့နေရာကို လက်နဲ့မထိဘဲနေနိုင်မှ အပျောက်မြန်မှာပါနော်။ နီရဲရောင်ရမ်းနေရင်တော့ ရေခဲလေးကပ်ပေးပါ။

၃။ ဆရာဝန်

Lee_Sandra_0292_xret.jpg 

အပေါ်ကပြောထားတဲ့အချက်နှစ်ချက်အတိုင်း လုပ်တဲ့အခါ အဆင်မပြေတာတစ်ခုခု ဖြစ်လာပြီဆို အရေပြားဆရာဝန်ဆီ ချက်ခြင်းသွားပါ။ ဆေးထိုးဖို့လိုရင် ဆေးထိုးတာ၊ လိမ်းဆေးပေးတာမျိုး ပေးပါလိမ့်မယ်။

Source : Allure

Share

Loading Next Article...
က္က