In partnership with  logo
ခေါင်းတောင်သေချာမဖြီးနိုင်တဲ့ဘဝတွေပါ။ အပြင်သွားရင်လည်း သပ်သပ်ရပ်ရပ်ရှိရင်ကို ကျေနပ်နေရပြီ။

မိခင်တစ်ယောက် ဖြစ်လာတဲ့အခါ ပုံမှန် ရုံးတက်၊ ရုံးဆင်းလုပ်ရတဲ့ အလုပ်ကို လုပ်ဖို့က ခက်ခဲလာပါတယ်။ ကလေးကို ရင်အုပ်မကွာစောင့်ရှောက်ပေးမယ့်လူရှိတာတောင် စိတ်ချရဖို့ကခက်သေးတယ်။ အဲ့လိုမဟုတ်ဘဲ ကိုယ်ခွဲမရှိလို့ ကလေးတာဝန်တွေကိုပါ လုပ်ရတော့မယ်ဆိုရင် အလုပ်ကထွက်ပြီး အိမ်မှာပဲနေလိုက်ရတော့တယ်။ အိမ်ကနေ လုပ်လို့ရတဲ့ အလုပ်တွေကိုပဲ ရွေးချယ်ရတယ်။ ဒါကိုလည်း ကြုံနေရတဲ့မိခင်တွေသာ နားလည်ကြမယ်ထင်ပါတယ်။

 

၁။ ကလေးရဲ့ကျောင်းကိစ္စအကုန်မလုပ်နိုင်ဘူး

အလုပ်ရှိနေသေးတာဆိုတော့လည်း ကျောင်းသားမိဘတွေ့ဆုံတိုင်း မလိုက်နိုင်ပါဘူး။ မိဘဆရာအစည်းအဝေးတွေ၊ ကျောင်းကပွဲတွေဆိုလည်း လွတ်တဲ့ဟာတွေ လွတ်တယ်။

၂။ ဖက်ရှင်ကျကျ

ဒီစကားလုံးဟာ ကလေးမိခင်တွေအတွက်တော့ အတော်ကြီးအလှမ်းဝေးလွန်းပါတယ်လေ။ ခေါင်းတောင်သေချာမဖြီးနိုင်တဲ့ဘဝတွေပါ။ အပြင်သွားရင်လည်း သပ်သပ်ရပ်ရပ်ရှိရင်ကို ကျေနပ်နေရပြီ။

 

၃။ ကလေးက တီဗီကြည့်ရင် သဘောကျတယ်

အရွယ်မရောက်သေးတဲ့ကလေးကို ဖုန်းတွေ၊ တီဗီတွေ အကြာကြီး ပေးမကြည့်သင့်ဘူးဆိုတာတော့ သိပါတယ်။ ဒါပေမဲ့ ကိုယ်က ရေချိုးခန်းဝင်ချိန်၊ မီးပူတိုက်နေချိန်မှာ သူက ၁၅ မိနစ်လောက် တီဗီကို ငေးနေရင်ပဲ သဘောကျမိပါတယ်။

၄။ အထီးကျန်တယ်

ကလေးနဲ့ အလုပ်နဲ့ မအားမလပ်ဖြစ်နေတဲ့ကြားကပဲ အထီးကျန်မှုကို ခံစားရပါတယ်။ သူငယ်ချင်းတွေက အပြင်ထွက် ၊ လျှောက်လည်နေကြချိန်မှာ ကိုယ်ကတော့ အိမ်မှာပဲ ဖရိုဖရဲနဲ့ အလုပ်တွေရှုပ်နေတာဆိုတော့ တကယ်အထီးကျန်မိပါတယ်။

 

၅။ အိမ်သန့်ရှင်းရေး

အိမ်မှာအမြဲတမ်းရှိနေတာမို့လို့ အိမ်သန့်ရှင်းရေးတွေလုပ်ပြီး အိမ်ကိုပြောင်လက်နေအောင် ထားနိုင်မယ်လို့ မထင်လိုက်ပါနဲ့။ ကလေးက တကောက်ကောက်လိုက်နေလို့ အိမ်သာတက်ရင်တောင် ဖြောင့်အောင်မတက်ရပါဘူး။

အရာရာပြောင်းလဲသွားပြီလား တေလာဆွစ် 

၆။ မအားဘူး

အိမ်မှာနေတာပဲ ဟိုဟာလုပ်ပါလားတို့၊ ဒီဟာမလုပ်ဘူးလားတို့ မပြောလိုက်ပါနဲ့။ အိမ်အလုပ်က အရမ်းရှုပ်တယ်ဆိုတာ လုပ်ဖူးသူတွေမှ သိမှာပါ။ ကလေးကိုလည်း မျက်စိဒေါက်ထောက်ကြည့်ရင်း အိမ်အလုပ်လုပ်ရတာ မအားလပ်နိုင်ပါဘူး။

Share

Loading Next Article...
က္က