အိမ်တစ်လုံးမှာ အနှစ်သက်ဆုံး နေရာတစ်နေရာက ဘယ်နေရာဖြစ်မလဲ။ ဧည့်ခန်းဖြစ်မလား။ အိပ်ခန်းဖြစ်မလား။ မီးဖိုချောင်ဖြစ်မလား။ ဒါပေမယ့် လူတိုင်းလူတိုင်း ကင်းကွာလို့မရတဲ့ နေရာတစ်နေရာကတော့ သန့်စင်ခန်းပါပဲ။ တချို့ဆိုရင် အပြင်မှာလုံးဝ အိမ်သာမတက်တတ်ဘဲ ကိုယ့်အိမ်က အိမ်သာမှာပဲ အိမ်သာတက်တတ်တဲ့ စိတ္တဇတစ်ခုတောင် ရှိပါသေးတယ်။
အောက်မှာ ဖော်ပြထားတာကတော့ ကမ္ဘာပေါ်မှာ အထူးဆန်းဆုံး သန့်စင်ခန်းတွေပါပဲ။ တချို့သန့်စင်ခန်းတွေဆိုရင် ထူးဆန်းလွန်းလို့ ကိုယ့်မျက်စိကိုယ်တောင် ပြန်ပွတ်မိမှာပါ။
နောက်ပိုင်းမှာ နှင်းတောထဲမှာ စကိတ်ဘုတ်ပြားနဲ့ နှင်းလျှောစီးတဲ့အားကစားဟာ ခေတ်စားလာပါတယ်။ ဒီသန့်စင်ခန်းကတော့ ဂျပန်နှင်းလျှောစီးတဲ့မြင်ကွင်းနဲ့ တန်ဆာဆင်ထားတဲ့အတွက် နှင်းဖုံးနေတဲ့ တောင်တန်းတွေပေါ်က ခုန်ချရတော့မယ့်ခံစားချက်နဲ့ အိမ်သာတက်နေရင်း အသည်းတအေးအေးဖြစ်နေစေမှာပါ။ နှင်းလျှောစီးအားကစားကို နှစ်သက်သူတွေအတွက်တော့ အိမ်သာတက်ရင်း စိတ်ကူးယဉ်လို့ရတာပေါ့။
ဒီသန့်စင်ခန်းရဲ့ကြမ်းခင်းကိုတော့ အနုပညာရှင်တစ်ဦးက rubics ကုဗတုံးတွေ တဖုတ်ဖုတ်ပြုတ်ကျနေတဲ့ပုံစံကို 3D ပန်းချီရေးဆွဲထားပြီး တန်ဆာဆင်ထားပါတယ်။ ဒီသန့်စင်ခန်းထဲမှာ အိမ်သာသွားတက်မိသူဟာ အဲဒီပြုတ်ကျနေတဲ့ rubics ကုဗတုံးတွေကြားမှာ ထောင်ချောက်မိနေသလို ခံစားစေရမှာပါ။ ပန်းချီကားက အသက်ဝင်သွားတော့ ဒီအိမ်သာတက်မိသူတိုင်းဟာ ကြမ်းပြင်ကို ငုံ့ကြည့်မိတိုင်း ပြုတ်မိပြီး ပိတ်မိနေမှာ ကြောက်တဲ့စိတ်ဖြစ်မိပါတယ်လို့ ဆိုကြပါတယ်။
ဒီအိမ်သာမှာ တက်ဖူးတဲ့သူကတော့ မိမိကိုယ်ကို အရမ်းချမ်းသာတယ်လို့ ခံစားရစေမှာပါ။ အခုလို (၂၄) ကာရက် ရွှေသားနဲ့ပြုလုပ်ထားတဲ့ ရွှေအိမ်သာတစ်လုံးမှာ အိမ်သာတက်ရတဲ့ ခံစားချက်ကို လူတိုင်း နှစ်သက်ကြမှာပါ။ အိမ်သာတက်မယ့်သူတွေဟာ ကြမ်းပြင်ပေါ်မှာ ရွှေသားတွေ ပေကျံမသွားစေဖို့ ဖိနပ်မှာ ပလတ်စတစ်အဖုံးနဲ့တော့ အုပ်ထားရပါလိမ့်မယ်။
ငယ်ငယ်တုံးက ကာတွန်းကားတွေထဲမှာ ကြည့်ဖူးတဲ့ သူ့အလိုအလျောက်သန့်ရှင်းရေးလုပ်တဲ့ အိမ်သာတွေကို မှတ်မိကြသေးရဲ့လား။ ဒီအိမ်သာလေးမှာလည်း မှော်အစွမ်းတစ်မျိုးရှိနေသလိုပါပဲ။ လူတစ်ယောက်ဟာ အိမ်သာထဲကိုဝင်ချင်ရင် ခလုတ်တစ်ခုကို နှိပ်ရမယ်။ အိမ်သာက တံခါးဖွင့်ပေးရင် ဝင်ပြီး မိမိကိစ္စကို မိမိရှင်းလို့ရမယ်။ ပြီးရင် ခလုတ်တစ်ခုကိုနှိပ်ပြီး အိမ်သာထဲက ပြန်ထွက်မယ်။ အိမ်သာကလည်း တံခါးပြန်ဖွင့်ပေးမယ်။ ပြီးရင် အိမ်သာက သူ့အလိုလို သန့်ရှင်းရေးလုပ်ပြီး နောက်လူတစ်ယောက်အတွက် အဆင်သင့်ဖြစ်အောင် လုပ်ထားပေးမယ်။
ချောကလက်ရောင် သန့်စင်ခန်းဆိုပြီး တင်စားထားတာမဟုတ်သလို ချောကလက်ပုံစံ ဆေးသုတ်ထားတာလည်း မဟုတ်ပါဘူး။ တကယ့်ချောကလက်အစစ်တွေနဲ့ ပြုလုပ်ထားတဲ့ သန့်စင်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒီသန့်စင်ခန်းကို ချောကလက်တွေနဲ့ ပြုလုပ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ လူတိုင်းလူတိုင်းက ချောကလက်ကို နှစ်သက်ကြလို့ပါပဲတဲ့။ သန့်စင်ခန်းထဲမှာ ရှိသမျှ အရာအားလုံး (ရေချိုးဇလုံ၊ အင်တုံ၊ ဘေစင်) ကို ချောကလက်တွေနဲ့ ပြုလုပ်ထားပါတယ်။ ဒါပေမယ့် အိမ်သာတက်နေရင်း ဗိုက်ဆာလာရင်တောင် ချောကလက်တွေကို သွားဖဲ့မစားမိစေနဲ့ဦးနော်။
Mumin Papa ကဖေးရဲ့ အိမ်သာကိုတော့ အထဲမှာ အံ့သြဖွယ်လှပတဲ့ ရေအောက်ကမ္ဘာပုံစံဖြစ်အောင် အလှဆင်ထားပါတယ်။ နံရံနောက်မှာဆိုရင် ကန်တစ်ခုထည့်ထားပြီး ငါးနဲ့ ပင်လယ်လိပ်တွေပါ ကူးခတ်နေအောင် ဖန်တီးထားပါသေးတယ်။ ဒီတော့ ဘာနဲ့တူလဲဆိုတော့ ရေအောက်ပြတိုက်တစ်ခုထဲမှာ အိမ်သာတက်နေရသလို ခံစားစေရမှာပါ။ ဒီအိမ်သာကိုတည်ဆောက်ဖို့ ဒေါ်လာ (၂) သိန်းခွဲလောက် ကုန်ကျခဲ့ပါတယ်။ တစ်ခုတော့ရှိတာပေါ့။ အိမ်သာတက်နေတုံး ငါးတွေလိုက်ကြည့်တာတော့ ခံရမှာပေါ့နော်။
Source: youngisthan
Share