အရေပြားလို့ ပြောလိုက်တာနဲ့ အသားအရေလှဖို့ကိုပဲ တွေးမိကြတယ်။ တကယ်တော့ ဒီ့ထက်မက ပိုပြီး အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အရေပြားကိုကြည့်ရင် ကိုယ့်ကျန်းမာရေးကိုလည်း သိနိုင်ပါတယ်။
၁။ မျက်နှာ
မျက်နှာပေါ်က အရေပြားတွေ ပျော့တွဲလာပြီဆိုရင် အိပ်ရေးဝဝအိပ်ဖို့ လိုအပ်နေပါပြီ။ သွေးတိုးရင်လည်း အရေးအကြောင်းတွေ ပိုများလာတတ်တယ်။
အလှအပရေးရာ ပြဿနာလေးတွေအတွက် ပျားရည်ကို အသုံးပြုနည်း
၂။ မှဲ့
မှဲ့တွေကိုလည်း သတိထားပါ။ မှဲ့ကအရောင်ပြောင်းလာတယ်။ အရင်လိုမဟုတ်တော့ဘူးဆိုရင် ဆရာဝန်နဲ့ပြကြည့်ပါ။ မှဲ့က ခဲတံနောက်မှာပါတဲ့ ခဲဖျက်လေးရဲ့ အချင်းထက် ပိုကြီးနေရင်လည်း အရေပြားဆရာဝန်နဲ့ ပြသင့်တယ်။
၃။ အသက်ကြောင့် ဝက်ခြံတွေပိုဆိုးနိုင်တယ်
သွေးဆုံးခါနီးမှာ အီစထရိုဂျင်ဟော်မုန်းတွေ ထွက်ရှိမှုလျော့ကျလာတယ်။ ဟော်မုန်းတွေ မတည်မငြိမ်ဖြစ်မှုကို ခံစားရသလို မျက်နှာကလည်းပိုပြီးအဆီပြန်လာတယ်။ ဒါကြောင့် ဝက်ခြံတွေလည်း ထွက်လာနိုင်ပါတယ်။
Source : Health