ဗောက်ပျောက်စေတယ်လို့ ဆိုကြတဲ့ ခေါင်းလျှော်ဆေးတွေထဲမှာလည်း မာလကာရွက်ကို ထည့်သွင်းကြပါတယ်။

မကြာသေးခင်ကမှ ဆံပင်ကျွတ်သူ၊ ဆံပင်ပါးသူတွေအတွက် အကောင်းဆုံးဖြေရှင်းနည်းတစ်မျိုးဟာ မာလကာရွက်ပါပဲဆိုပြီး အင်တာနက်ပေါ်မှာ အသံထွက်လာခဲ့ပါသေးတယ်။ တကယ်တမ်းမှာလည်း ၎င်းက ဆံပင်ကိုလျင်မြန်စွာ ပြန်ရှည်လာစေနိုုင်တဲ့ အတွက် လူကြိုက်များတဲ့ သဘာဝသစ်ရွက်တစ်မျိုးလည်း ဖြစ်လာခဲ့ပါတယ်။ ဒါဆိုရင် မာလကာရွက်က ဆံသားကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူ ပြုနိုင်တာလဲဆိုတာကို လေ့လာကြည့်လိုက်ကြရအောင်။

 

မကြာခဏဆိုသလို ဆံပင်ကျွတ်ခြင်းဆိုတာ ဦးရေပြားခြောက်သွေ့ခြင်းနဲ့ မကျန်းမာခြင်းကြောင့် ဖြစ်လာရတဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ မာလကာရွက်တွေမှာ အကိုက်အခဲပျောက်စေတဲ့၊ ရောင်ရမ်းခြင်းကို သက်သာစေတဲ့၊ အဏုဇီဝပိုးမွှားငယ် လေးတွေကို သေစေနိုင်တဲ့၊ အောက်ဆီဂျင်ဓာတ်ပြုခြင်းကို တားဆီးပေးနိုင်တဲ့ ဂုဏ်သတ္တိတွေနဲ့ ပြည့်စုံတဲ့အတွက် ဦးရေပြား ကျန်းမာရေးအတွက်တော့ အကောင်းဆုံးပါပဲ။

ဗောက်ပျောက်စေတယ်လို့ ဆိုကြတဲ့ ခေါင်းလျှော်ဆေးတွေထဲမှာလည်း မာလကာရွက်ကို ထည့်သွင်းကြပါတယ်။ ဒါ့အပြင် မာလကာရွက်ထဲမှာ ဦးရေပြားမွေးညင်းပေါက်တွေကို အာဟာရဖြည့်ပေးပြီး ဆံပင်ပိုသန်စေတဲ့ ဗိုက်တာမင် ဘီတို့၊ စီတို့လည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။

မာလကာရွက်ကို ဆံပင်သန်စေဖို့အတွက် ဘယ်လိုသုံးမလဲ

Other-Benefits-Of-Using-Guava-Leaves-For-Hair.jpg 

မာလကာရွက်တွေကို ဆံပင်ပေါ်မှာအသုံးပြုခြင်းက ဆံသားကိုပျော့ပြောင်းပြီး အရောင်စိုထိုင်းတဲ့ပုံပန်း ပေါ်စေပါတယ်။ ဒါပေမယ့် ဆံသားကိုလည်း အရင်ကထက် ထူထဲလာစေပါတယ်။ ဒီလိုဖြစ်လာစေဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ မာလကာရွက် ဆံပင်ပေါင်းဆေးပါပဲ။

မာလကာရွက်ပေါင်းဆေးပြုလုပ်ဖို့အတွက်တော့ မာလကာရွက် လက်တစ်ဆုပ်စာရယ်၊ ရေ (၁) လီတာရယ်၊ အိုးတစ်လုံးရယ်၊ ဇကာတစ်လုံးရယ် လိုအပ်ပါတယ်။ အရင်ဆုံး အိုးတစ်လုံးထဲမှာ ရေကိုထည့်လိုက်ပါ။ ပြီးရင် မီးဖိုပေါ်တင်ပြီး အပူပေးလိုက်ပါ။ ရေဆူူလာပြီဆိုတာနဲ့ မာလကာရွက်တွေကိုထည့်ပြီး ပြုတ်လိုက်ပါ။ အနည်းဆုံး မိနစ် (၂၀) ကြာအောင် ပြုတ်ပေးပါ။ ပြီးရင်တော့ ဇကာနဲ့ အရည်ကို စစ်ထုတ်ပြီး အအေးခံထားလိုက်ပါ။

ဆံပင်ပေါ်မှာ ဘယ်လိုလိမ်းမလဲ

How-To-Use-Guava-Leaves-For-Hair.jpg 

အရင်ဆုံး သင့်ရဲ့ဆံပင်ကို ခေါင်းလျှော်ရည်နဲ့အရင်လျှော်လိုက်ပါ။ ဒါပေမယ့် ပေါင်းဆေးတော့ မသုံးပါနဲ့။ ဆံပင်ကို သဘာဝအတိုင်း အခြောက်ခံပြီး ခြောက်လုနီးပြီဆိုတော့မှ စောနကရတဲ့ မာလကာရွက် ပြုတ်ရည်ကို လိမ်းပေးလိုက်ပါ။ မာလကာရွက် ပေါင်းဆေးကို ဦးရေပြားထဲထိ စိမ့်ဝင်အောင် (၁၀) မိနစ်ခန့် ညင်သာစွာနှိပ်နယ်ပေးပြီး ဆံသားတစ်ခုလုံး နှံ့စပ်အောင်လိမ်းပေးပါ။ ဆံသားအမြစ်နဲ့ ထိပ်ပိုင်းတွေကို သေချာဂရုစိုက်ပေးလိုက်ပါ။ လိမ်းပြီးရင် (၂) နာရီလောက် ဒီအတိုင်းထားပေးလိုက်ပါ။ ဆံပင်တွေကို တဘက်တစ်ထည်နဲ့ အသာလေးပွေ့ထားလို့လည်း ရပါတယ်။ ပြီးရင်တော့ ကြက်သီးနွေးရုံလောက် ရေနွေးလေးနဲ့ ပြန်ဆေးချပေးနိုင်ပါပြီ။

ဆံပင်ကျွတ်ခြင်းပြဿနာကြုံလာရပြီဆိုတိုင်း တစ်ပတ်ကို (၃) ကြိမ်လောက် ဒီ မာလကာရွက် ဆံပင်ပေါင်းဆေးလေးကို အသုံးပြုနိုင်ပါတယ်။ သတိပြုရမှာတစ်ချက်ကတော့ ဆံပင်ပေါ်မှာ မလိမ်းခင် အခန်းအပူချိန်အတိုင်း အအေးခံပြီးမှ လိမ်းဖို့ပါပဲ။ နောက်ပြီး ကြက်သီးနွေးရုံလောက်ရေနွေးလေးနဲ့ပဲ ပြန်ဆေးချရမှာပါ။ အရမ်းပူတဲ့ ရေနွေးကိုသုံးမိရင် ဦးရေပြားနဲ့ ဆံသားကို ခြောက်သွေ့စေပါလိမ့်မယ်။

Source: stylecraze

 

Share

Loading Next Article...
က္က