In partnership with  logo
လောကဓံ (၈) ပါးရဲ့တစ်စိတ်တစ်ဒေသဖြစ်တဲ့ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းတွေဟာ ဘဝရဲ့အချိန်တိုင်းမှာ ကြုံတွေ့ရနိုင်တာပါပဲ။

ပျိုမေတို့ဘဝမှာလည်း စိတ်ဓာတ်ကျရတဲ့ အခိုက်အတန့်တွေဆိုတာ ရှိဖူးမှာပါပဲ။ လောကဓံ (၈) ပါးရဲ့တစ်စိတ်တစ်ဒေသဖြစ်တဲ့ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းတွေဟာ ဘဝရဲ့အချိန်တိုင်းမှာ ကြုံတွေ့ရနိုင်တာပါပဲ။

 

စိတ်ဓာတ်ကျလာတဲ့အချိန်တိုင်းဟာ ခံစားလို့ သိပ်ကောင်းတာမဟုတ်တာတော့ အသေအချာပါပဲ။ စိတ်ဓာတ်ကျဆင်းမှုတွေကို ပြန်လည်တိုက်ထုတ်ပြီး ပြုံးပြုံးလေး နေနိုင်ဖို့အတွက် နည်းလမ်းလေးတွေကို ပျိုမေတို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။

၁။ အကောင်းမြင်စကား ပုလင်းလေးတစ်လုံးကို ဖန်တီးပါ

img_0158-1.jpg 

လူတိုင်းလူတိုင်းမှာ မိမိကိုယ်ကို နှစ်သက်တဲ့အချက် တစ်ချက်ကတော့ ရှိစမြဲပါပဲ။ ချစ်တဲ့မျက်စိနဲ့ကြည့်တတ်ရင် ကောင်းတဲ့ အချက်တွေကို ပိုတောင်မြင်လာဦးမှာပါ။ တစ်လလုံးလုံး မိမိနဲ့ပတ်သက်ပြီး အနှစ်သက်ဆုံးအချက်လေးတွေကို စက္ကူထဲမှာချရေးပြီး ပုလင်းလေးတစ်လုံးထဲ စုထည့်ထားပါ။ ဥပမာ... ကိုယ့်ရဲ့ဆံပင်လေးကို ကိုယ်နှစ်သက်တယ်တို့၊ ကိုယ့်ရဲ့အကောင်းမြင်စိတ်လေးကို ကိုယ်နှစ်သက်တယ်တို့ အစရှိသဖြင့်ပေါ့။

မကောင်းတဲ့အတွေးတွေ ပေါ်လာရင် ချက်ချင်းမေ့ပစ်ပြီး မိမိရဲ့ကောင်းကွက်တွေကို မိမိကိုယ်မိမိ မြင်တဲ့အတိုင်း၊ သူများတွေက မြင်တဲ့အတိုင်း ရိုးရိုးသားသား ချရေးရမှာဖြစ်ပါတယ်။ တစ်လပြည့်လို့ ပုလင်းကိုပြန်ဖွင့်ကြည့်တဲ့အခါ မိမိမှာကောင်းတဲ့အချက်တွေ အများကြီးရှိနေတာကို တွေ့ရပါလိမ့်မယ်။

၂။ လက်ရှိဘဝမှာပဲ နေထိုင်ပါ

aaron-burden-149693.jpg 

စိတ်ဓာတ်ကျဆင်းရခြင်းရဲ့ အကြောင်းရင်းတစ်ခုကတော့ ပြန်ပြင်လို့မရတော့တဲ့ အတိတ်အကြောင်းတွေကို တွေးလွန်းတာနဲ့ အနာဂတ်ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုပြီး တွေးကြောက်တတ်တာ ဖြစ်ပါတယ်။ ငါက အရည်အချင်းမရှိဘူး။ ဒီတစ်ခါလည်း ငါရှုံးမှာသေချာပါတယ်။ အစရှိတဲ့အတွေးတွေကို ရပ်တန့်ပစ်လိုက်ပြီး လက်ရှိဘဝမှာပဲ အကောင်းဆုံးနေထိုင်ပါ။ လူတိုင်းမှာ အရည်အချင်းတစ်ခုစီ ရှိကြပါတယ်။ သင် ထွန်းတောက်လာမယ့်အချိန်က တစ်နေ့ရောက်လာမှာပါ။

၃။ ဒိုင်ယာရီရေးပါ

alvaro-serrano-133360.jpg 

အဝီစိကို ထိုးဆင်းနေတဲ့ မိမိရဲ့စိတ်ဓာတ်တွေကို ဖောက်ထုတ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းနောက်တစ်ခုကတော့ ဒိုင်ယာရီရေးတာပါပဲ။ ဒိုင်ယာရီထဲမှာ မိမိရဲ့စိတ်ခံစားချက်တွေကို လွတ်လွတ်လပ်လပ်ရေးချထားခြင်းက စိတ်ကို ယာယီသက်သာရာ ရစေပါတယ်။ တကယ်လို့ နောင်တစ်ချိန်မှာ ဖြေရှင်းနည်းရှာချင်တယ်ဆိုရင်လည်း ဒိုင်ယာရီကို ပြန်ဖတ်ပြီး အဖြေရှာနိုင်ပါတယ်။

၄။ မကောင်းမြင်အတွေးတွေဝင်လာတိုင်း အကောင်းမြင်စိတ်နဲ့ ပြန်တိုက်ထုတ်ပါ

f6931520574c4479f57f382d10478f15.jpg 

တကယ်တော့ မကောင်းမြင်စိတ်ဆိုတာရော၊ အကောင်းမြင်စိတ်ဆိုတာရောဟာ စိတ်ကပဲ ဖန်တီးလိုက်တာပါ။ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ မြင်လာတိုင်း၊ စိတ်ဓာတ်ကျလာတိုင်း ကိုယ်လုပ်ခဲ့ဖူးတဲ့ ကောင်းတဲ့အရာလေးတွေ၊ အောင်မြင်မှုလေးတွေကို ပြန်တွေးပါ။ တကယ်တော့ လူဆိုတာ အမြဲတမ်းနိုင်မနေနိုင်သလို အမြဲတမ်းလည်း ရှုံးမနေနိုင်ပါဘူး။

၅။ "တကယ်လို့များ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ

လူတိုင်း လူတိုင်းမှာ လေးစားအားကျရတဲ့၊ အတုယူရတဲ့ ပုဂ္ဂိုလ် (idol) တစ်ယောက်စီရှိကြမှာပါ။ ဥပမာ... အော်ပရာဝင်းဖရေးတို့၊ ဂျနီဖာလိုပက်စ်တို့ စသဖြင့်ပေါ့။ ("တကယ်လို့ သူသာ ငါ့နေရာမှာဆိုရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးတာမျိုးပေါ့။) တစ်ခါတလေကျရင် ပြဿနာတစ်ခုကို အတွင်းက စဉ်းစားတာထက်စာရင် အပြင်ကထွက် စဉ်းစားတာက ပိုမိုပြေလည်စေနိုင်ပါတယ်။

၆။ အကဲဖြတ်နေတာတွေကို ရပ်တန့်လိုက်ပါ

stop-judging-yourself.jpg 

စိတ်ဓာတ်ကျခြင်းရဲ့ အကြောင်းရင်းနောက်တစ်ခုကတော့ မိမိကိုယ်တိုင်နဲ့ သူများတွေကို လိုက်နှိုင်းယှဉ်ပြီး အကဲဖြတ်နေမိတာပါ။ လူတိုင်း လူတိုင်းမှာ မတူညီတဲ့ အရည်အချင်းလေးတွေ ရှိတဲ့အတွက် မိမိကိုယ်ကိုယ်နဲ့ သူများတွေကို လိုက်နှိုင်းယှဉ်နေဖို့ မလိုပါဘူး။ အကောင်းမြင်စိတ်နဲ့ ကြည့်လိုက်ရင် အရာရာဟာ အဆင်ပြေလာမှာပါ။

Source: Therapy Tribe

 

Share

Loading Next Article...
က္က