In partnership with  logo
သုတေသနအသစ်တစ်ခုက ဖော်ထုတ်တွေ့ရှိခဲ့တာကတော့ လူတစ်ယောက် တခြားလူတွေအပေါ် ဘယ်လောက်ဆွဲဆောင်မှုရှိလဲ ဆိုတဲ့အပိုင်းမှာ သူ့ရဲ့အသံနဲ့ အနံ့ကလည်း ရုပ်ရည်လိုပဲ အရေးပါ၊ အရာရောက်တယ်ဆိုတာပါပဲ။

မိန်းကလေးသဘာဝကတော့ အလှကြိုက်တာပဲပေါ့ မဒီတို့ရယ်။ မျက်နှာလေးလှအောင်၊ ဘော်ဒီလေးလှအောင် နည်းပေါင်းစုံနဲ့ လုပ်နေကြရတာပဲမဟုတ်လား။ ပြီးတော့ ကိုယ့်ခန္ဓာကိုယ်မှာလည်း ကိုယ်သဘောမကျတဲ့အရာလေးတွေ ရှိတတ်ကြပါတယ်။ ဥပမာပြောရရင် အသားညိုလို့ ၊ နှာခေါင်းပြားလို့၊ အရပ်ပုလို့ အဲ့လိုလေးတွေပေါ့။

 

ကိုယ်လှတာ ၊ မလှတာကတော့ သဘာဝအတိုင်းပဲပေါ့နော်။ ကိုယ့်မိဘမျိုးရိုးရဲ့ အမွေကို ဆက်ခံပြီးမှ ရလာတဲ့ ခန္ဓာကိုယ်၊ မျက်နှာဆိုတော့ လက်ခံလိုက်ပါ။ အလှဆိုတာ မိန်းကလေးတစ်ယောက်အတွက်တော့ နှစ် ၄၀ ထက် ပိုပြီး ကြာကြာမမြဲပါဘူး။ အသက် ၄၀ လောက်ဆို အရေးအကြောင်းတွေဖြစ်လာပြီး ခန္ဓာကိုယ်ကလည်း အရင်လို တင်းတင်းရင်းရင်းမရှိတော့ဘူးလေ။

 

အဓိက လိုအပ်နေတာက ကိုယ်ရည်ကိုယ်သွေး (personality) ပါ။ ကိုယ့်ရဲ့အရည်အချင်းနဲ့ဆိုရင် အသက် ၇၀ ကျော်လည်း တင့်တယ်လှပနေမှာ။ ကိုယ်ဖြစ်ချင်တာဘာလဲ၊ ဘယ်လိုကြိုးစားမလဲ၊ ဘယ်ကစပြီး လုပ်မလဲ ဆိုတဲ့ မေးခွန်းတွေကို ကိုယ်တိုင်အဖြေရှာသင့်တယ်။

အလှအပကို မက်မောပြီး တခြားနေရာတွေမှာ ဘာတစ်ခုမှ သုံးလို့မရဘူးဆိုရင်လည်း ဘာလုပ်မှာလဲနော်။ ကိုယ်ရည်ကိုယ်သွေးတက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းရလာတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတဲ့ မိန်းကလေးတစ်ယောက်ဟာ မိတ်ကပ်မလိမ်းရင်တောင် လှနေဦးမှာပါနော်။

Share

Loading Next Article...
က္က