In partnership with  logo
မိန်းကလေးတိုင်းမှာ လေးစားအားကျရတဲ့ ပုဂ္ဂိုလ် (idol) ဆိုတာတော့ ရှိမှာပါပဲ။

မိန်းကလေးတိုင်းမှာ လေးစားအားကျရတဲ့ ပုဂ္ဂိုလ် (idol) ဆိုတာတော့ ရှိမှာပါပဲ။ သူတို့ရဲ့ဘဝနေထိုင်မှုတွေ၊ စကားလုံးတွေက စိတ်ကို တက်ကြွစေပြီး စိတ်ဓာတ်ခွန်အားကို ပေးစွမ်းနိုင်ပါတယ်။

 

အောက်မှာဖော်ပြထားတာကတော့ နာမည်ကျော်ကြားတဲ့ အမျိုးသမီးတွေရဲ့ ကျော်ကြားတဲ့အဆိုအမိန့်တွေပဲ ဖြစ်ပါတယ်။

၁။ ဂျေကေရိုးလင်း (J.K.Rowling)

j-k-rowling-it-takes-a-great-deal.jpg 

"ကျွန်မတို့ရဲ့ရန်သူတွေကို ရင်ဆိုင်နိုင်ဖို့အတွက် သတ္တိများများရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် မိတ်ဆွေတွေကို ရင်ဆိုင်နိုင်ဖို့ကတော့ အဲဒီထက်မက သတ္တိရှိဖို့ လိုအပ်ပါတယ်" လို့ နာမည်ကျော်ဟယ်ရီပေါ်တာဝတ္တုစီးရီးကို ရေးသားခဲ့တဲ့ ဂျေကေရိုးလင်းက ပြောကြားခဲ့ပါတယ်။

မိန်းကလေးအများစုဟာ ကိုယ့်အပေါ်မကောင်းတဲ့သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ယောကျ်ားလေးတွေထက် မလျော့တဲ့သတ္တိ ရှိကြပေမယ့် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပင်ကိုလိုက်လျောတတ်မှု၊ အားနာတတ်မှုတွေနဲ့ ကိုယ်မှန်တယ်လို့ ယုံကြည်ယူဆထားတဲ့ အရာတွေမှာတောင် မိန်းကလေးသဘာဝ အလျှော့ပေး လိုက်ကြရတာများပါတယ်။

အကြိမ်အများစုမှာ မိန်းကလေးတွေဟာ ကိုယ်ကမှန်တယ်လို့ သိထားတဲ့အရာတွေမှာတောင် သူငယ်ချင်းမိတ်ဆွေတွေရဲ့ ပြောစကားများ၊ လုပ်ရပ်များအကြား သွေးဆောင်ဖြားယောင်းလွှမ်းမိုးခံရတတ်ပြီး တွေဝေမှားယွင်းသွားတတ်ကြပါတယ်။ ဒီလိုခဏခဏ ကြုံနေရတာတွေကို ရပ်တန့်ဖို့ တချို့သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးရပ်စဲပြီး ကိုယ့်ရဲ့တန်ဖိုးအသိအမြင်တွေကို အသိအမှတ်ပြုနားလည်တဲ့ သူငယ်ချင်းအသစ်တွေနဲ့ ဆက်ဆံပေါင်းသင်းဖို့လည်း လိုအပ်ပါတယ်။

၂။ တေလာဆွဖ် (Taylor Swift)

taylor-swift-its-possible-to-climb.jpg 

"တခြားလူတွေကို နင်းတက်မသွားဘဲနဲ့ ထိပ်ဆုံးကိုရောက်ဖို့ သေချာပေါက်ဖြစ်နိုင်တာပေါ့ရှင်" ဆိုုတာ ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ရဲ့ စကားပဲဖြစ်ပါတယ်။

အောင်မြင်ကျော်ကြားသွားတဲ့လူတွေဟာ တခြားလူတွေကို ဖိနှိပ်တိုက်ခိုက် အဖက်မတန်သလို ဆက်ဆံပြီးမှ အောင်မြင်မှုကို ရနိုင်တယ်လို့ လူအများစုကထင်ကြပါတယ်။ တေလာဆွစ်ဖ်ကတော့ ကြီးမားတဲ့အရာတွေကို လုပ်ဆောင်ဖို့ ဘယ်သူ့ကိုမှ မထိခိုက် မနာကျင်စေဘဲ လုပ်ဆောင်လို့ရပါတယ်လို့ မိန်းကလေးတွေကို အကြံပြုထားပါတယ်။

၃။ အမ်မာစတုံး (Emma Stone)

emma-stone-i-cant-think-of.jpg 

"မိမိကိုယ်တိုင် လွတ်လပ်စွာရပ်တည်ရဲတဲ့ မိန်းမတစ်ယောက်ထက် ပိုလှတဲ့ အလှတရားကို ကျွန်မ မတွေ့ဖူးပါဘူး" လို့ နာမည်ကျော်မင်းသမီး အမ်မာစတုံး (Emma Stone) ကလည်း ဆိုခဲ့ပြန်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာအလှအပတွေကို လုံးဝမညွှန်းဆိုထားတဲ့ မိန်းကလေးတွေရဲ့အလှတရားနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ စကားစု တစ်ခုဖြစ်ပါတယ်။ အမ်မာပြောထားတာကတော့ တကယ့်အလှတရားဆိုတာ ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အသွေးတွေက လာတယ်ဆိုတာပါပဲ။ တခြားလူတွေရဲ့လွှမ်းမိုးမှုတွေ၊ တခြားသူတွေအပေါ် မှီခိုအားကိုးမှုတွေကို ဖယ်ရှားပြီး မိမိရဲ့နှလုံးသားဆန္ဒ၊ ကိုယ်ရည်ကိုယ်သွေးများအတိုင်း မိမိရဲ့ဘဝကို ရှင်သန်နေထိုင်သွားဖို့ပဲ ဖြစ်ပါတယ်။

၄။ မာသာထရီဇာ (Mother Teresa)

mother-teresa-we-can-do-no-great.jpg 

"ကျွန်မတို့ ကြီးကျယ်တဲ့အရာတွေကို လုပ်နိုင်ဖို့အတွက် အရင်ဆုံး သေးငယ်တဲ့သာမန်ကိစ္စငယ်လေးတွေကို ကြီးမားတဲ့ ချစ်ခြင်းမေတ္တာနဲ့ လုပ်ဆောင်ရပါမယ်" ဆိုတာကတော့ မာသာထရီဇာရဲ့ နာမည်ကျော်စကားတစ်ခွန်းဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။ ဒီနေ့ ဘယ်လိုကိစ္စငယ်လေးတွေကို ကြီးမားတဲ့ချစ်ခြင်းမေတ္တာနဲ့ လုပ်ဆောင်ခဲ့လဲဆိုတာ။ ဒီလိုလုပ်ဆောင်ချက်ငယ်လေးတွေဟာ နောင်တစ်ချိန်မှာ ကြီးမားတဲ့အရာတွေ ဖြစ်လာပါလိမ့်မယ်။ ကိစ္စကြီးကြီးလုပ်ဖို့ အာရုံစိုက်တာထက် သာမန်ကိစ္စငယ်လေးတွေကို ချစ်ခြင်းမေတ္တာနဲ့လုပ်ဆောင်ပါလို့ မာသာထရီဇာက သူမရဲ့လက်တွေ့ဘဝ ရှင်သန်မှုပုံစံကို ချပြခဲ့တာ ဖြစ်ပါတယ်။

၅။ လူဝီဇာ မေ အကော့ (Louisa May Alcott)

louisa-may-alcott-i-am-not-afraid-of-storms.jpg 

"ရွက်လွှင့်ဖို့အတွက် သင်ကြားနေတဲ့အချိန်မှာ မုန်တိုင်းတွေကို ကျွန်မမကြောက်ဘူး" ဆိုပြီး အမေရိကန် ကဗျာဆရာမ လူဝီဇာ မေ အကော့က ဆိုခဲ့ပါတယ်။

လက်တွေ့ဘဝဆိုတာ ပြင်ဆင်မထားတဲ့အချိန်မှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးရောက်လာတတ်ပါတယ်။ တချို့က အခက်အခဲတွေများတဲ့ဘဝကို စိတ်ပျက်ကြပါတယ်။ လူတော်တွေကတော့ အခက်အခဲဆိုတာ စိန်ခေါ်မှုတွေ၊ သင်ကြားမှုတွေအဖြစ် မြင်ပြီး ဘဝမှာအောင်မြင်ဖို့အတွက် လိုအပ်တဲ့အရာတွေလို့ မြင်ကြပါတယ်။ အဆိုးဆုံးအရာတွေကို တွေ့ကြုံရင်ဆိုင်သင်ကြားပြီးတဲ့ လူအတွက် သာမန်အခက်အခဲတွေဟာ ဘာမှမပြောပလောက်တဲ့ အရာတွေပဲ ဖြစ်သွားပါတယ်။

Source: Bright Drops

 

Share

Loading Next Article...
က္က