နေ့စဉ်အသုံးပြုနေတဲ့ဘီးကို တစ်ပတ်တစ်ကြိမ်လောက်တော့ ဆေးကြောသန့်စင်ပေးသင့်ပါတယ်။ ဘီးမှာ ကပ်နေတဲ့ ဆီတွေ၊ ဖုန်တွေက ဆံပင်ကို ပြန်ကပ်ပြီး ဆံပင်အဆီပြန်တာ အနံ့ထွက်တာတွေ ဖြစ်လာတယ်လေ။ ဘီးကိုဆေးမယ်ဆို အဆင့်လိုက် ဆေးရအောင်ပါ။
၁။ ပထမဆုံး ဘီးမှာကပ်နေတဲ့ ဆံပင်တွေကို ဖယ်ရှားပါ။ သွားကြားထိုးတံလေးကို သုံးရင် ရပါတယ်။
၂။ ဆပ်ပြာရည်နဲ့ ဘီးကို ဆေးရပါမယ်။ ရေနွေးထဲကို ဆပ်ပြာအရင်ထည့်ပြီး အမြှုပ်ထမှ ဘီးကိုထည့်ဆေးပါ။ ဘက်တီးရီးယားတွေသေအောင် ရေနွေးကို သုံးရတာ ဖြစ်ပါတယ်။
၃။ ဆပ်ပြာရည်ထဲမှာ ထည့်ဆေးတဲ့အခါ သွားတိုက်တံအဟောင်းလေးကို အသုံးပြုပြီး ဘီးမှာကပ်နေတဲ့ ကြေး(ဂျီး)တွေကို ဖယ်ရှားပါ။ ပြီးရင် ရေနွေးနဲ့ပဲ နောက်တစ်ခါ ပြန်ဆေးပေးရပါတယ်။
Source : She Find