တစ်ချို့သူတွေဟာ လူအများကြီးရှေ့မှာ ရဲရဲတင်းတင်းနဲ့စိတ်ဝင်စားအောင်ပြောတတ်တဲ့ပါရမီပါလာတတ်ကြပေမယ့် ကံမကောင်းစွာနဲ့ပဲလူအများစုကတော့ ကိုယ့်ရဲ့သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်သူတွေဖြစ်ပေမယ့်လည်း လူတွေရှေ့မှာ၊ စင်မြင့်ထက်မှာစကားပြောရတဲ့အခါ ရှက်ကိုးရှက်ကန်းနဲ့ အလွဲလွဲ အချော်ချော်ဖြစ်ကြရတတ်ပါတယ်။။ ဒါပေမဲ့ လူရှေ့မှာစကားပြောရဲတဲ့သတ္တိနဲ့ စိတ်ဝင်စားအောင်ပြောနိုင်တဲ့ အရည်အချင်းဟာ ပါရမီပါမှ ၊ ပင်ကိုယ်ဗီဇအရ ထူးချွန်မှလုပ်ဆောင်နိုင်တာမျိုးမဟုတ်ဘဲ နည်းလမ်းသိပြီး အလေ့အကျင့်လုပ်ပေးမယ်ဆိုရင် လူတိုင်းပိုင်ဆိုင်နိုင်တဲ့ အရည်အချင်းတစ်ရပ်ပါပဲ။ ဒါကြောင့် လူရှေ့မှာစကားပြောကောင်းသူတစ်ယောက်ဖြစ်စေမယ့် လျှို့ဝှက်ချက် ၉ ချက်ကို ဖော်ပြပေးချင်ပါတယ်။
(၁) စောစောကြိုသွားပါ
သင် စကားပြောရမယ့်ပွဲကို သင်ပြောရမယ့်အချိန်မတိုင်ခင်စောစောကြိုရောက်နေမယ်ဆိုရင် သင့်အနေနဲ့ သင်စကားပြော ရမယ့်နေရာ၊ စင်မြင့်နဲ့ ပရိသတ်အနေအထားကို ကြိုတင်လေ့လာထားနိုင်မှာပါ။ ဒါ့အပြင် ခပ်စောစောရောက်နေတဲ့ ပရိသတ်အချို့ကိုသင့်ကိုယ်သင်အနည်းငယ်မိတ်ဆက်ပြီး ရင်းနှီးမှုကြိုယူထားခြင်းဖြင့် တကယ်တမ်းပြောတဲ့အချိန်မှာ စိတ်လှုပ်ရှားကြောက်ရွံ့မှုကို လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။
(၂) ဟာသတွေပြောဖို့ပဲ စိတ်စောမနေပါနဲ့
လူရှေ့မှာစကားပြောရတဲ့အခါ အများစုက ပရိသတ်နဲ့ရင်းနှီးမှုရဖို့နဲ့ လူစိတ်ဝင်စားမှုရစေဖို့အတွက် ဟာသတွေပြောဖို့ ကြိုးစားလေ့ရှိကြပါတယ်။ တကယ်တမ်းမှာကျတော့ ပွဲစစချင်း စိတ်လှုပ်ရှားနေတဲ့အချိန်မှာ ဟာသတစ်ခုခုကို အောင်အောင်မြင်မြင်ပြောနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အကြောင်းတိုက်ဆိုင်လို့ပြောတဲ့ဟာသမဟုတ်ဘဲ တမင်လုပ်ပြီး ပြောတဲ့ဟာသတစ်ခုက လူတွေကိုရယ်ချင်လာအောင်ဆွဲဆောင်နိုင်ဖို့လည်း ခက်လှပါတယ်။ အဲဒီလိုပွဲအစမှာပဲ ကိုယ်ပြောတဲ့ဟာသကိုလူတွေက မရယ်ကြဘူးဆိုရင်ကျန်တဲ့ ပွဲတစ်လျှောက်လုံးအလွဲလွဲအချော်ချော်တွေဖြစ်ဖို့ များသွားပါပြီ။ ဒါကြောင့် ဟာသတွေပြောနိုင်ဖို့ကို တမင်ရည်ရွယ်ပြီးအတင်းကြိုးစားနေတာမျိုး မလုပ်ဖို့ အကြံပေးချင် ပါတယ်။
(၃) ကိုယ်ပြောချင်တဲ့အဓိကအကြောင်းအရာကိုသိပါ
ကိုယ်အဓိကပေးချင်တဲ့ မက်ဆေ့ချ်ကဘာလဲဆိုတာ ကိုယ်တိုင်တိတိကျကျသိနေမှ နားထောင်တဲ့ပရိသတ်ကလည်း ရှင်းရှင်းလင်းလင်းရှိမှာပါ။ ကိုယ်ပြောချင်တဲ့အဓိကအကြောင်းအရာကို နားထောင်နေတဲ့သူတွေ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားတဲ့ခံစားချက်ကသိပ်ကိုကောင်းပါတယ်။ ဒါပေမဲ့တစ်ဖက်မှာလည်း သင့်ရဲ့မက်ဆေ့ချ်က အကြောင်းအရာကောင်းတစ်ခုဖြစ်ဖို့နဲ့ အဲဒီမက်ဆေ့ချ်ပေးရတဲ့နောက်ကွယ်ကအကြောင်းအရင်းတို့ကလည်း အရေးကြီး တယ်ဆိုတာကို မမေ့ပါနဲ့
(၄) ဘယ်လိုပြောမယ်ဆိုတာကို ကြိုတင်စဉ်းစားမထားပါနဲ့
လူရှေ့မှာစကားပြောရတဲ့အခါ ကိုယ်ပြောမယ့်အကြောင်းအရာကို ကြိုတင်စဉ်းစားထားဖို့လိုပေမယ့် ဘယ်လိုပုံစံနဲ့ ပြောမယ် ၊ ဘာပြီးရင်ဘာပြောမယ်ဆိုတာတွေကို အသေးစိတ်ကြိုတင်စဉ်းစားထားတာမျိုးမလုပ်သင့်ပါဘူး။ ဒီလိုလုပ်ရင် သင့်ပုံစံက အလွတ်ကျက်ထားတဲ့စာကိုလာဆိုပြတဲ့ကျောင်းသားလေးလိုဖြစ်နေပြီး ပရိသတ်အတွက်လည်း ပျင်းစရာဖြစ်နေမှာပါ။
(၅) ပရိသတ်တွေကို တုံ့ပြန်ပါ
ဘာပြီးဘာပြောမယ်ဆိုတဲ့အစီအစဉ်ကို အသေးစိတ်ကြိုတင်မစဉ်းစားထားတဲ့အတွက် ပြောနေတဲ့အချိန်အတွင်း ပရိသတ်ကမေးမြန်းတာတွေနဲ့ ပရိသတ်တွေရဲ့အခြေအနေပေါ်မူတည်ပြီး လွယ်လွယ်ကူကူတုံ့ပြန်နိုင်မှာဖြစ်ပါတယ်။ ဒီလို ပရိသတ်ရဲ့မေးမြန်းမှုတွေ၊ အခြေအနေတွေကိုလိုက်လျောညီထွေတုံ့ပြန်နိုင်တာဟာလည်း စကားပြောကောင်းသူ တစ်ယောက်ဖြစ်ဖို့ အရေးကြီးတဲ့အချက်တစ်ချက်ပါ။
(၆) ဇာတ်လမ်းတွေပြောပါ
စကားပြောကောင်းသူအများစုမှာရှိတတ်တဲ့အရည်အချင်းတစ်ခုက သူတို့ပြောချင်တဲ့အကြောင်းအရာကို လိုက်ဖက်တဲ့ ဇာတ်လမ်းတွေနဲ့ပြောပြနိုင်ပြီး သူတို့ရဲ့ဇာတ်လမ်းတွေကို နားထောင်လိုက်ရတဲ့သူတွေက တခြားသူတွေကို တဆင့်ပြန်ပြောပြချင်နေအောင် ပြောနိုင်တာပါ။ တစ်ခုသတိထားဖို့က ဇာတ်လမ်းကိုချည်းပဲတောက်လျှောက်ပြောမနေဘဲ ဇာတ်လမ်းနဲ့ ကိုယ်ပြောချင်တဲ့အဓိကအချက်တို့ကို တစ်လှည့်စီပြောပြပေးဖို့ပါပဲ။
ကိုယ့်ရဲ့စိတ်ကူးအိပ်မက်ထဲက ကိုယ်ပိုင်လုပ်ငန်းလေးကိုတည်ထောင်လိုက်နိုင်ပြီး ကိုယ်တိုင်လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာတယ် ဆိုတာ တကယ့်ကို ပျော်စရာအခြေအနေကောင်းတစ်ခု၊ ဘဝအောင်မြင်တိုးတက်ဖို့အတွက် လမ်းစတစ်ခုပဲ ဖြစ်ပါတယ်။
(၇) အာရုံပျက်စေမယ့်အကြောင်းအရာတွေလျှော့ချပါ
သိတယ်မလား..၊ ဘယ်လိုပြောရမလဲ...တို့လို စကားမျိုးတွေကို မကြာခဏထည့်ထည့်ပြောနေရင် ပရိသတ်က အာရုံပျက်ပြီး ပျင်းသွားတတ်ပါတယ်။ ဒါ့အပြင် စကားပြောရင်း ရေမကြာခဏသောက်တာနဲ့တခြား ပရိသတ်အာရုံ ပျက်စေမယ့်အကြောင်းအရာတွေကိုလည်း တတ်နိုင်သမျှလျှော့ချဖို့ လိုပါတယ်။
(၈) ကိုယ့်ပုံစံနဲ့ကိုယ်ပြောပါ
စကားပြောကောင်းတဲ့သူတစ်ယောက်ရဲ့ပုံစံမျိုးဖြစ်အောင် အတုခိုးပြီးလိုက်ပြောတာမျိုးကိုရှောင်ကျဉ်ဖို့လိုပါတယ်။ သင့်ရဲ့ပုံမှန်စကားပြောနေကျဟန်အတိုင်းပဲ ပြောတာကပိုပြီးသက်သောင့်သက်သာရှိပါတယ်။ တကယ်လို့ ပြောနေရင်းနဲ့ အမှားတစ်ခုခုလုပ်မိ၊ပြောမိသွားပြီး ရယ်စရာဖြစ်သွားရင်လည်း အထိတ်ထိတ်အလန့်လန့်ဖြစ်မသွားဘဲ ပရိသတ်နဲ့အတူ ပေါ့ပေါ့ပါးပါးသာလိုက်ရယ်လိုက်ပါ။အားလုံးအဆင်ပြေသွားပါလိမ့်မယ်။
(၉) ပရိသတ်ရဲ့အမြင်ကိုမေးပါ
တကယ်လို့ပွဲအခမ်းအနားတစ်ခုခုမှာ စကားပြောရတော့မယ်ဆိုတာကြိုသိထားရင် အဲဒီမတိုင်ခင်မှာ သင့်မိသားစုတွေ၊ သူငယ်ချင်းတွေရှေ့မှာ အစမ်းလေ့ကျင့်တဲ့အနေနဲ့ပြောတာမျိုးလုပ်ပြီး သင့်ရဲ့စကားပြောပုံနဲ့ပတ်သက်လို့ သူတို့ရဲ့ အမြင်ကို မေးကြည့်တာမျိုးလုပ်ထားရင် တကယ့်ပွဲနေ့မှာအကျိုးရှိမှာပါ။ သူတို့ရဲ့အမြင်နဲ့ဝေဖန်ချက်တွေကိုနားထောင်ပြီး ပြင်သင့်တာ ရှိရင်ပြင်လို့ရသလို ကိုယ်ပြောမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီးအလေ့အကျင့်လည်း ရသွားမှာဖြစ်ပါတယ်။
ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီး လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့ စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့နည်းလမ်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့ လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။
စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကောင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal က စိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။ www.theventure.com ကိုဝင်ရောက်ပြီးတော့ ဆက်လက်လေ့လာဖတ်ရှု့နိုင် ပါတယ်။
