ကျွန်တော်တို့ဘဝအတွက် အရေးပါတဲ့ ပွဲလမ်းသဘင်တွေကို ခမ်းနားတဲ့ စားသောက်ဆိုင်တွေမှာ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။

စားသောက်ဆိုင်ဆိုတာ အံ့အားသင့်ဖွယ်ကောင်းအောင် လှပတဲ့နေရာတစ်နေရာမှာ အရသာအမျိုးမျိုးရှိတဲ့ စားသောက်ဖွယ်ရာ တွေကို နှစ်ခြိုက်စွာစားသုံးဖို့အတွက် ကျွန်တော်တိုု့ သွားရောက်ကြတဲ့ နေရာတစ်ခုပါပဲ။ မွေးနေ့ပါတီပွဲဖြစ်ချင်ဖြစ်မယ်။ နှစ်ပတ်လည်ပွဲဖြစ်ချင်ဖြစ်မယ်။ စေ့စပ်ပွဲတစ်ခုဖြစ်ချင်ဖြစ်မယ်။ ရာထူးတိုးပါတီပွဲတစ်ခု ဖြစ်ချင်ဖြစ်မယ်။ ကျွန်တော်တို့ဘဝအတွက် အရေးပါတဲ့ ပွဲလမ်းသဘင်တွေကို ခမ်းနားတဲ့ စားသောက်ဆိုင်တွေမှာ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။

အဲဒီထဲကမှ စွန့်စားလိုသူ၊ ဆန်းဆန်းပြားပြားတွေကိုမှ နှစ်သက်သူတွေဟာ ထူးဆန်းတဲ့အသွင်အပြင်နဲ့ စားသောက်ဆိုင်တွေမှာ သွားရောက်စားသောက်ကြပါတယ်။ ကမ္ဘာတလွှားမှာ ထူးထူးခြားခြား စားသောက်ဆိုင်တွေကတော့...

၁။ မိုးပေါ်မှာ ညစာစားကြမယ်

1-39.jpg 

Canada နိုင်ငံ၊ Montreal ဒေသက စားသောက်ဆိုင်ကတော့ ဧည့်သည်တွေကို လေထဲမှာဝဲပျံနေတဲ့ ညစာစားပွဲဝိုင်းတစ်ခုနဲ့ ဧည့်ခံတဲ့အတွက် နာမည်ကြီးပါတယ်။ မြေမျက်နှာပြင်ကနေ (၁၅) ပေ အမြင့်မှာ ချိတ်ဆွဲထားတဲ့ စားပွဲပေါ်မှာစားရတဲ့ ဖီလင်က ထူးဆန်းနေပါတယ်။ ဒါကြောင့်လည်း ဒီစားသောက်ဆိုင်ဟာ ကမ္ဘာပေါ်မှာ အထူးခြားဆုံး စားသောက်ဆိုင်တွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

၂။ လူသားစား စားသောက်ဆိုင်

2-36.jpg 

ကြောက်လန့်မသွားပါနဲ့ဦး။ ဒါဟာ တင်စားမှုသက်သက်ပါပဲ။ Nyotaimori လို့ခေါ်တဲ့ အစားအစာဟာ အမျိုးသမီးခန္ဓာကိုယ်တစ်ခုပုံစံ ပြုလုပ်ထားပြီး အထဲမှာ ဆူရှီ (ရေညှိထမင်းလိပ်) နဲ့ sashimi (ငါး အသားလွှာစိမ်း) တို့ကို ထည့်သွင်းထားပါတယ်။ အဲဒီအမျိုးသမီး ခန္ဓာကိုယ်တစ်ခုလုံးကို အစားအစာတွေနဲ့ပဲ ပြုလုပ်ထားပြီး စားသုံးသူတွေဟာ ခွဲစိတ်ကုသမှုတစ်ခု ပြုလုပ်ရတော့မလို.. စားပွဲပေါ်က အမျိုးသမီးခန္ဓာကိုယ်ကို လှီးဖြတ်စားသုံးရပါတယ်။

ဓားနဲ့ လှီးဖြတ်လိုက်ချိန်မှာလည်း တကယ့်လူအစစ်ကို ဓားနဲ့လှီးလိုက်သလိုပဲ သွေးလို အရည်တွေထွက်လာအောင် စီမံထားပါတယ်။ ဒါကိုမှ ထူးဆန်းတယ်လို့ မထင်ရင် ဘာကိုထင်ရမလဲ မသိတော့ပါဘူး။

၃။ အိမ်သာ စားသောက်ဆိုင်

3-37.jpg 

ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့က စားသောက်ဆိုင်ကတော့ အိမ်သာကြေခွက်ပုံစံတွေနဲ့ အလှဆင်ထားပါတယ်။ ဆိုင်ရှင်ဖြစ်သူ Dao Ming Zi ဟာ ဒီအိုင်ဒီယာကို ကာတွန်းတစ်ခုကနေ ရရှိခဲ့ပြီး စစချင်းမှာတော့ ရေခဲမုန့်တွေကို အိမ်သာကြွေခွက်ပုံစံ ခွက်တွေထဲ ထည့်သွင်းရောင်းချခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဆိုင်ခွဲတွေ ဖွင့်လှစ်နိုင်ခဲ့ပြီး အိမ်သာကြွေခွက်ပုံစံ ထိုင်ခုံပေါ်မှာထိုင်ပြီး အိမ်သာကြွေခွက်ပုံ စားပွဲပေါ်မှာ စားစရာတွေကို တင်စားရတဲ့ပုံစံကို ဖန်တီးခဲ့ပါတယ်။

ယောကျ်ားယူဖို့ထက် ပိုပြီးပျော်ရွှင်စေမယ့်အရာ (၈) မျိုး 

၄။ အဏ္ဏဝါမြို့တော်စားသောက်ဆိုင်

4-36.jpg 

Maldives ကျွန်းစု၊ Rangali ကျွန်းပေါ်က Ithaa ရေအောက်စားသောက်ဆိုင်ကတော့ ရေမျက်နှာပြင်အောက် (၁၅) ပေခန့်မှာ တည်ရှိပြီး (၁၄) ယောက်စာလောက် ဆန့်ပါတယ်။ အဲဒီဆိုင်မှာ အရသာရှိတဲ့ အစားအသောက်တွေကို သုံးဆောင်ရင်း အဏ္ဏဝါရေအောက် အလှအပတွေကိုလည်း ခံစားနိုင်မှာပါ။

၅။ ရှေးခေတ်စားသောက်ဆိုင်

5-34.jpg 

Canada နိုင်ငံ၊ Toronto မြို့က စားသောက်ဆိုင်ကတော့ မြို့ပြလူနေမှုတွေ၊ သူငယ်ချင်းတွေစုပြီး မုန့်စားနေတုံး စမတ်ဖုန်းကို အဆက်မပြတ်ကြည့်နေခြင်းတွေကနေ လွတ်မြောက်ချင်တဲ့ သူတွေအတွက် အကောင်းဆုံးပါပဲ။ ဒီစားသောက်ဆိုင်မှာ မိုဘိုင်းဖုန်းတွေ၊ ဓာတ်မီးတွေ၊ အလင်းရောင်ပါတဲ့ လက်ပတ်နာရီတွေကို အထဲကို ယူဆောင်ခွင့်ပြုမထားပါဘူး။

ဒီစားသောက်ဆိုင်မှာ (၂) နာရီ session တစ်ခု ယူမယ်ဆိုရင် ဧည့်သည်တွေဟာ ဖယောင်းတိုင်လေးတွေပဲ ထွန်းညှိထားတဲ့ စားသောက်ခန်းထဲမှာ အစားအသောက်တွေကို သုံးဆောင်ကြရမှာပါ။ ရိုမန်းတစ်တော့ တကယ်ဆန်ပါတယ်။

Source: youngisthan

 

Share

Loading Next Article...
က္က