ဒီနေ့ခေတ်မှာ ဘွဲ့ရပြီးခါစလူငယ်အချို့ဟာ ဘွဲ့လက်မှတ်ကိုင်ပြီး အလုပ်လိုက်လျှောက်၊ ပြီးတော့ အလုပ်မရလို့ဆိုပြီး ညည်းညူနေကြတာတွေ တွေ့ဖူးမှာပေါ့။

"ယနေ့လူငယ်၊ နောင်ဝယ်လူကြီး" ဆိုတဲ့စကားလည်းရှိပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ ဘွဲ့ရပြီးခါစလူငယ်အချို့ဟာ ဘွဲ့လက်မှတ်ကိုင်ပြီး အလုပ်လိုက်လျှောက်၊ ပြီးတော့ အလုပ်မရလို့ဆိုပြီး ညည်းညူနေကြတာတွေ တွေ့ဖူးမှာပေါ့။



 

အမှန်တော့ တက္ကသိုလ်ကျောင်းသား ဘဝတည်းက ဘွဲ့ရချိန်အတွက် ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် အလုပ်တစ်ခုရဖို့ဆိုတာတော့ သိပ်မခက်ခဲလှပါဘူး။ တက္ကသိုလ်တက်နေရင်း လုပ်လို့ရတဲ့ အလုပ်လေးတွေကတော့...

၁။ ဘလော့ဂ်ရေးခြင်း

food-blog.jpg 

ဘလော့ဂ်ရေးတယ်ဆိုတာ အချိန်ကော၊ လူကော စိုက်ထုတ်ရတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ ဒါပေမယ့် စိတ်ရှည်ရှည်ထားပြီး အချိန်ပေးလုပ်နိုင်ရင် ဘလော့ဂ်ရေးခြင်းက ပြန်ရလာမယ့် အကျိုးအမြတ်တွေက အံ့မခန်းပါပဲ။ ကျောင်းတက်နေတုံး အရွယ်မှာကတည်းက မိမိရဲ့ကိုယ်ပိုင်အားလပ်ချိန်တွေမှာ တခြားသူငယ်ချင်းတွေလို ကလပ်တက်၊ night out ထွက် အမြဲတမ်းလုပ်နေမယ့်အစား ကိုယ်ပိုင်ဘလော့ဂ်လေးတစ်ခု ဖြစ်လာအောင် ပြုလုပ်ပျိုးထောင်ထားတာက ဘွဲ့ရပြီးချိန်မှာ မိမိအတွက် အကျိုးအမြတ်တွေ၊ အခွင့်အလမ်းတွေက စောင့်ကြိုနေမှာပါ။

ဒီနေ့ခေတ်ကြီးထဲမှာ ရေးစရာ အကြောင်းအရာတွေကလည်း ပေါများပါတယ်။ မိမိက အစားအသောက်စိတ်ဝင်စားသူဆိုရင် food blogger, အလှအပစိတ်ဝင်စားသူဆိုရင် beauty blogger, ခရီးသွားရတာ ဝါသနာပါသူဆိုရင် Travel Blogger စသဖြင့် နှစ်သက်ရာလမ်းကြောင်းကိုလည်း လိုက်နိုင်ပါသေးတယ်။

၂။ App developer လုပ်ခြင်း

app-developer.jpg 

ငယ်ငယ်တည်းက နည်းပညာကို စိတ်ဝင်စားခဲ့ပြီး programming language တွေကိုလည်း နားလည်တဲ့ ကျောင်းသားလူငယ် လေးတွေဟာ ကျောင်းတက်နေချိန်ကတည်းက app development လမ်းကြောင်းကို လိုက်လို့ရပါတယ်။ အနည်းဆုံးတော့ app တွေကို လက်တွေ့မရေးနိုင်သေးရင်တောင် programming language တွေကို လေ့လာနေလို့ရပါတယ်။

ဒီနေ့ခေတ်ကြီးမှာ လူတိုင်းနီးပါး စမတ်ဖုန်းသုံးနေကြပြီ ဖြစ်တဲ့အတွက် app ရေးခြင်းဟာ အနာဂတ်မှာ ကောင်းမွန်တဲ့ အလုပ်အကိုင်တစ်ခု ဖြစ်လာမှာပါ။ စစချင်းမှာ စီနီယာတွေနဲ့ပေါင်းပြီး အတွေ့အကြုံလိုက်ယူတာတို့၊ နည်းပညာ ကုမ္မဏီတွေမှာ အချိန်ပိုင်းအလုပ်သင် ဝင်လုပ်တာတို့လည်း လုပ်လို့ရပါသေးတယ်။

၃။ အချိန်ပိုင်းဘာသာပြန်နဲ့ ကြော်ငြာစာသားရေးခြင်း

မိမိဟာ ဘာသာစကားကျွမ်းကျင်ပိုင်နိုင်ပြီး သဒ္ဒါကိုလည်း နိုင်သူတစ်ဦးဖြစ်နေရင် ကျောင်းသားဘဝမှာတည်းက အချိန်ပိုင်း ဘာသာပြန်အလုပ်နဲ့ ကြော်ငြာစာသားရေးပေးခြင်းအလုပ်တွေကို လုပ်လို့ရပါတယ်။ ဒီအလုပ်တွေဟာ ဘွဲ့ရဖို့မတောင်းဆိုသလို အချိန်ပိုင်းလုပ်နိုင်တဲ့အတွက် ကျောင်းသားတွေလုပ်လို့ အဆင်ပြေနိုင်ပါတယ်။ ကြော်ငြာစာသားရေးခြင်း (copywriter) အလုပ်ကလည်း အတွေ့အကြုံများလာတာနဲ့အမျှ အခွင့်အလမ်းတွေ ပိုမိုရရှိလာမှာပါ။ အနာဂတ်မှာ ဘာသာစကားနဲ့ ထမင်းရှာစားဖို့ စိတ်ကူးထားတယ်ဆိုရင် ဒီအလုပ်က အသင့်တော်ဆုံးပါပဲ။

၄။ ဒီဇိုင်းဆွဲခြင်း

best-laptops-graphic-design.jpg 

စည်းစနစ်ကျနပြီး သပ်ရပ်မှုကို လိုလားသူတွေကတော့ ဒီအလုပ်နဲ့ အံဝင်ခွင်ကျဖြစ်နေမှာပါ။ ဒီဇိုင်းဆွဲတယ်ဆိုတာမှာ အိမ်အလှဆင် ဒီဇိုင်း၊ ဂရပ်ဖစ်ဒီဇိုင်းနဲ့ ဝက်ဘ်ဒီဇိုင်း ဆိုပြီး ရွေးချယ်စရာလမ်းကြောင်းတွေ အများကြီးရှိပါတယ်။ အိမ်အလှဆင်ဒီဇိုင်း လုပ်ငန်းကလည်း ကျောင်းသားဘဝတည်းက လေ့လာထားမယ်ဆိုရင် နောင်တစ်ချိန်မှာ သေချာပေါက်အသုံးဝင်လာမယ့် လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။

အင်တာနက်ခေတ်ဖြစ်တဲ့အတွက် ဂရပ်ဖစ်ဒီဇိုင်းနဲ့ ဝက်ဘ်ဒီဇိုင်းကလည်း တွင်ကျယ်နေပြီးသားဖြစ်ပါတယ်။ ဒီဇိုင်းဆွဲခြင်းနဲ့ ပတ်သက်ပြီး အကောင်းဆုံးအချက်ကတော့ freelance (ရုံးတက်စရာမလိုဘဲ လုပ်ကိုင်ခြင်း) လုပ်လို့ရတာပါပဲ။ ဒါကြောင့် တက္ကသိုလ်တက်နေဆဲ ကျောင်းသားတွေနဲ့ အထူးသင့်တော်ပါတယ်။

၅။ ဂိုက်ပြခြင်း

tutor4.jpg 

ဒါကတော့ လူသိများပြီးသား အလုပ်အကိုင်တစ်ခုပါ။ ကျောင်းတက်နေရင်း မိမိသူငယ်ချင်းတွေကို ကျူရှင်ပြန်ပြပေးတာပဲဖြစ်ဖြစ်၊ မိမိထက်အတန်းငယ်တဲ့ ကလေးတွေကို စာပြန်သင်ပေးတာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဒီအလုပ်လုပ်ဖို့ကတော့ စိတ်ရှည်သည်းခံဖို့နဲ့ စာသင်ကြားခြင်းကို ဝါသနာပါဖို့ပဲ လိုပါတယ်။ နောက်ပြီး မိမိကိုယ်တိုင်လည်း မိမိသင်ကြားမယ့် ဘာသာရပ်မှာ အထူးကျွမ်းကျင်နေဖို့ လိုအပ်ပါလိမ့်မယ်။

Source: Get-a-wingman

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က