အားကစားဖိနပ်ဖြူဖြူလေးတစ်ရန်ဟာ ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ရင်လိုက်ဖက်သလို အားကစားဘောင်းဘီနဲ့လည်း လိုက်ဖက်တာပါပဲ။

အားကစားဖိနပ်ဖြူဖြူလေးတစ်ရန်ဟာ ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ရင်လိုက်ဖက်သလို အားကစားဘောင်းဘီနဲ့လည်း လိုက်ဖက်တာပါပဲ။ ပွဲလမ်းသဘင်တွေနဲ့လည်း လိုက်ဖက်သလို ဘယ်နေရာမှာပဲ ချစီးစီး၊ သက်တောင့်သက်သာရှိမှုနဲ့အတူ အထာကျကျ ဖက်ရှင်ကျမှုကိုပါ ယူဆောင်လာမှာပါ။


 

ဒါပေမယ့် အဖြူရောင် air force one အားကစားဖိနပ်လေး ညစ်ပေနေရင် ကြည့်လို့ကောင်းမှာ မဟုတ်ပါဘူး။ ဈေးကြီးပေးဝယ်ထားရတဲ့ ကိုယ့်ဖိနပ်ဖြူဖြူလေးကို အသစ်အတိုင်းပဲ ဖြူစင်တောက်ပနေတာကို မြင်ချင်ကြမှာပါ။ ဒါဆိုရင်တော့ နည်းလမ်းလေးတစ်ခုကို မျှဝေပါရစေ။ အဲဒါကတော့ မိမိရဲ့sneaker အဖြူလေးကို အသစ်လိုပြန်လည်ဖြူစင်လာစေမယ့် နည်းလမ်းလေးပါပဲ။

လိုအပ်တဲ့ပစ္စည်းများ

n-WHITE-SNEAKERS-628x314.jpg 

ညစ်ပေနေတဲ့ ဖိနပ်အဖြူတစ်ရံ၊ ဇလုံတစ်လုံး၊ သွားပွတ်တံအဟောင်းတစ်ချောင်း၊ ရေ၊ မုန့်ဖုတ်ဆိုဒါမှုန့်၊ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် တို့ကို လိုအပ်မှာဖြစ်ပါတယ်။

ပြုလုပ်နည်း

White-Sneakers-Ashley-Weston-Mens-Wardrobe-EssentialsHeader.jpg 

အရင်ဆုံး နေသာတဲ့နေ့တစ်နေ့ဖြစ်ဖို့တော့လိုပါတယ်။ မိမိရဲ့အားကစားဖိနပ်ကို ကြိုးတွေဖြုတ်ထုတ်လိုက်ပြီး သွားပွတ်တံ အဟောင်းတစ်ချောင်းနဲ့ ရေစွတ်ပြီး တိုက်ချွတ်ဆေးကြောပေးလိုက်ပါ။ ပြီးရင် ဇလုံတစ်လုံးထဲမှာ မုန့်ဖုတ်ဆိုဒါမှုန့် (၁) ဇွန်းရယ်၊ ရေ (၁/၂) ဇွန်းရယ်၊ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် (၁/၂) ဇွန်းရယ်ကို ရောမွှေပေးလိုက်ပါ။

ပြီးရင်တော့ ရလာတဲ့အရည်ကို မိမိရဲ့ ညစ်ပေနေတဲ့ ဖိနပ်မျက်နှာပြင်ပေါ်ကို သုတ်လိမ်းပေးလိုက်ပါ။ အရမ်းကြီးအားစိုက်ဖို့မလိုဘဲ အသာအယာလေးပဲ ညစ်ပေနေတဲ့နေရာလေးတွေကို ချေးချွတ်ပေးလိုက်ပါ။ ပြီးရင် ရေဆေးချလိုက်ပါ။ ရေကို အဝတ်စုတ်တစ်ခုနဲ့ ပြောင်အောင်သုတ်ပြီးရင် အပေါ်ကနေ အိမ်လုပ်ဖိနပ်ချေးချွတ်ဆေး ပျော်ရည်အနည်းငယ်ကို သုတ်လိမ်းပေးလိုက်ပါ။

ပြီးရင် ကျန်နေသေးတဲ့ ပျော်ရည်ထဲကို ခုနက ဖြုတ်ထားတဲ့ ဖိနပ်ကြိုးတွေကို စိမ်ပေးလိုက်ပါဦး။ ပြီးရင်တော့ မိမိရဲ့ဖိနပ်ကိုကော၊ ဖိနပ်ကြိုးတွေကိုပါ ပူပြင်းတဲ့နေရောင်ခြည်အောက်မှာ ထုတ်လှန်းထားပေးလိုက်ပါ။ နာရီအနည်းငယ်ကြာရင်တော့ ဖြူဖွေးတောက်ပတဲ့ ဖိနပ်လေးကို မြင်တွေ့နိုင်ပါပြီ။

Source: Getawingman

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က