အမှန်တကယ်တော့ မုသာဝါဒဆိုတာ ဘယ်သူမှရှောင်နိုင်တဲ့အရာတော့မဟုတ်ပါဘူး။ ဘဝမှာ အနည်းဆုံးတစ်ကြိမ်တစ်ခါတော့ လိမ်ဖူးညာဖူးကြမှာပါပဲ။ တချို့တွေက လိမ်တာတော်ပေမယ့် တချို့တွေကတော့ လိမ်တာညံ့ပါတယ်။
ကိုယ်နဲ့ပတ်သက်နေရတဲ့သူက လူလိမ်တစ်ယောက်ဖြစ်နေရင် လူမှုရေး၊ စီးပွားရေးပိုင်းမှာ ထိခိုက်နစ်နာမှုတွေ ရှိနိုင်တာတော့ အမှန်ပါပဲ။ ဒါကြောင့် ရာသီခွင်အလိုက် လိမ်တာညာတာတော်တဲ့သူတွေကို သိထားရင် သတိထားလို့ရတာပေါ့။
Leo (သီဟ်) ရာသီဖွားတွေကတော့ သူတို့ရဲ့သရုပ်ဆောင်ကျွမ်းကျင်မှုနဲ့ ဟန်ဆောင်ကောင်းမှုတို့ကြောင့် နာမည်ကျော်ပါတယ်။ မုသားစကားပြောဆိုရာမှာ မျက်နှာတစ်ချက်မပျက်ပေမယ့် သူတို့ တကယ်ချစ်တဲ့ သူတွေအပေါ်မှာတော့ ရိုးသားကြပါတယ်။ Leo (သီဟ်) ရာသီဖွားတွေ သရုပ်ဆောင်ကောင်းမကောင်းကတော့ နာမည်ကျော် Leo (သီဟ်) ရာသီဖွားတွေဖြစ်တဲ့ Ben Afflick (Batman သရုပ်ဆောင်)၊ Daniel Redcliffe (Harry Potter သရုပ်ဆောင်)၊ Arnold Schwarzenegger နဲ့ Jason Statham တို့ကို ကြည့်ရင်သိနိုင်ပါတယ်။

မေထုန် (Gemini) ရာသီဖွားတွေကတော့ ဉာဏ်ကြီးရှင်တွေအဖြစ် ထင်ရှားပါတယ်။ သူတို့ဟာ ကိုယ်ကျိုးအတွက် သူတစ်ပါးကို လိမ်လည်လှည့်စားခြင်း မပြုလုပ်ဖူးပါဘူး။ စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်း စိတ်ခံစားလွယ်တတ်ပြီး စိတ်အတက်အကျလည်း မြန်ပါတယ်။ ဒါပေမယ့် လိုအပ်လာရင် ရုပ်တစ်ချက်မပျက်ဘဲ ဟန်ဆောင်လိမ်ညာနိုင်ကြသူတွေလည်း ဖြစ်ပါတယ်။
တူ (Libra) ရာသီဖွားတွေကတော့ တခြားရာသီဖွားတွေနဲ့စာရင် နာမည်ဆိုးနဲ့ကျော်ဇောတဲ့ လူလိမ်တွေဖြစ်ပါတယ်။ တနည်းအားဖြင့် ငပြောင်တွေလည်း ဖြစ်ပါတယ်။ မုသားစကားတွေ ဖောင်းပွအောင် ပြောပြီး ဆေးလိုက်ထိုးတတ်ကြသူတွေလည်း ဖြစ်ပါတယ်။ လိမ်ပြောခြင်း၊ လီဆည်ခြင်း၊ ဟန်ဆောင်ခြင်း၊ ကျပ်ခြင်း အစရှိတဲ့ အပြုအမူတွေကို ထမင်းစားရေသောက်လို လုပ်တတ်ကြပြီး အပေါင်းအသင်းတွေက သူတို့အနားရောက်လာရင်ကို ဘာဆေးထိုးမလဲဆိုပြီး သတိနဲ့ စောင့်ကြည့်ခြင်းကို ခံရသူတွေလည်းဖြစ်ပါတယ်။

ကရကဋ် (Cancer) ရာသီဖွားတွေကတော့ ဖြစ်နိုင်ခြေအနည်းဆုံးအရာတွေကိုတောင် လိမ်ညာနိုင်ကြပြီး အခြေအနေကို (သူတို့အတွက်) ပိုမိုကောင်းမွန်အောင် ဖန်တီးတတ်ကြပါတယ်။ ရိုးသားမှုမရှိခြင်းကြောင့် အပေါင်းအသင်းတွေ၊ ချစ်သူခင်သူတွေရဲ့ စွန့်ခွာခြင်းကို ခံရနိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လိမ်ညာပြောဆိုတဲ့စွမ်းရည်ဟာ အထူးကောင်းမွန်လို့ တော်တော်များများက အညာခံလို့ ခံလိုက်ရမှန်းတောင် လွယ်လွယ်နဲ့သိမှာ မဟုတ်ပါဘူး။
မိန် (Pisces) ရာသီဖွားတွေကို ချစ်သူတော်ထားရရင်တော့ သတိကြီးကြီးသာ ထားလိုက်ပါတော့။ သူတို့ဟာ လိမ်ညာခြင်းမှာသာမက သစ္စာဖောက်ခြင်းမှာပါ ကျွမ်းကျင်ပိုင်နိုင်သူတွေပါ။ ခိုးထုပ်ခိုးထည်နဲ့ မမိသရွေ့တော့ သူတို့ သစ္စာဖောက်လို့ဖောက်နေမှန်းကိုတောင် သိရှိရိပ်မိလိုက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တခြားတစ်ဖက်က ကြည့်မယ်ဆိုရင်တော့ သူတို့ဟာ ခင်ဖို့ကောင်းပြီး အပေါင်းအသင်း ဆန့်သူတွေလည်း ဖြစ်ကြပါတယ်။ ယေဘုယျအားဖြင့် သူတို့ကိုတကယ်ချစ်သူတွေကိုတော့ မလိမ်တတ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ကျွမ်းကျင်တဲ့ မုသားစကားပြောစွမ်းရည်ကိုတော့ စောင့်ကြည့်မှ တော်ကာကျမှာပါ။
Source: Youngisthan
Share