(၂၁) ရာစုကို နည်းပညာနဲ့ အဓိကမောင်းနှင်နေတယ်လို့ ဆိုနိုင်ပါတယ်။ နောက်ပိုင်းမှာ နည်းပညာနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ လူငယ်တိုင်းရဲ့အိမ်မက်ဟာ နည်းပညာ startup ကုမ္မဏီတစ်ခု ထူထောင်ပြီး အောင်မြင်တဲ့ နည်းပညာသမားတစ်ယောက် ဖြစ်လာဖို့ပါပဲ။ အဲဒီအိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ လူငယ်နည်းပညာသမား ဘီလျံနာတွေလည်း သာဓကများစွာရှိခဲ့ပါတယ်။
အဲဒီမှာ မေးစရာမေးခွန်းတစ်ခု ရှိလာတာက နည်းပညာလုပ်ငန်းနယ်ပယ်ထဲမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ အခွင့်အလမ်းက ဘယ်လောက်ရှိနေလဲဆိုတာပါပဲ။ အောက်မှာဖော်ပြထားတာကတော့ နည်းပညာလောကမှာ အမျိုးသမီးစွမ်းဆောင်ရှင်တွေနဲ့ ပတ်သက်တဲ့ မဖြစ်မနေသိထားသင့်တဲ့ အချက်အလက်လေးတွေပါပဲ။
၁။ Steve Jobs တို့၊ Zuckerberg တို့လို အမျိုးသားတွေဟာ နည်းပညာလောကရဲ့ပြယုဂ်လို ဖြစ်နေပေမယ့် ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ နည်းပညာ startup ကုမ္မဏီစုစုပေါင်းရဲ့ (၂၀) ရာခိုင်နှုန်းကို အမျိုးသမီးတွေ ထူထောင်ခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ကုမ္မဏီတွေရဲ့ထိပ်ပိုင်းနေရာတွေကိုလည်း အရှိန်အဟုန်နဲ့ ဝင်ရောက်နေရာယူနေကြပြီဖြစ်ပါတယ်။
၂။ ebay, Apple, LinkedIn, Google, Microsoft, Yahoo!, Facebook နဲ့ Twitter တို့လို ကမ္ဘာ့အကြီးဆုံး နည်းပညာ ကုမ္မဏီကြီးတွေမှာ အမျိုးသမီးတွေရဲ့ ရာထူးတိုးနှုန်းဟာ အမျိုးသားတွေထက် (၂၃၈) ရာခိုင်နှုန်း ပိုမိုမြန်ဆန်နေပါတယ်။
၃။ Forbes မဂ္ဂဇင်းကထုတ်ပြန်တဲ့ ၂၀၁၅ ခုနှစ်ရဲ့ နည်းပညာလောကမှာ သြဇာအကြီးဆုံးအမျိုးသမီး (၅) ယောက်ရဲ့ အမည်စာရင်းကတော့... Facebook ရဲ့ COO Sheryl Sandberg ၊ Youtube ရဲ့ CEO Susan Wojcicki ၊ IBM ရဲ့ CEO Ginni Rometty ၊ HP ရဲ့ CEO Meg Whitman နဲ့ Yahoo! ရဲ့ CEO Marissa Mayer တို့ပဲဖြစ်ပါတယ်။
၄။ Chief Information Officer လို့ခေါ်တဲ့ နည်းပညာအမှုဆောင်အရာရှိချုပ်ရာထူးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီးဦးရေဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်းမှာ (၄၃) ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ပါတယ်။
၅။ အမျိုးသမီး Chief Information Officer တွေ အလုပ်အများဆုံး နယ်ပယ်တွေကတော့ ဘဏ္ဍာရေးဝန်ဆောင်မှု၊ စွမ်းအင်နဲ့ ဖြန့်ချီရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။
၆။ ဖွဲ့ဖြိုးမှုနှုန်းအမြန်ဆုံး အမေရိကန်ကုမ္မဏီ (၃) ခုကို အမျိုးသမီးတွေ ဦးဆောင်ခဲ့တာပါ။ အဲဒီကုမ္မဏီတွေကတော့ Avella ကုမ္မဏီ (ကျန်းမာရေး)၊ Pinnacle Group (HR) နဲ့ Quality (HR) တို့ပဲ ဖြစ်ပါတယ်။
၇။ ၂၀၁၅ ခုနှစ်အတွက် နည်းပညာလောကမှာ မိဘဆွေမျိုးထောက်ပံ့မှုမပါဘဲ ကိုယ့်အားကိုယ့်ကိုးပြီး ချမ်းသာလာခဲ့တဲ့ အမျိုးသမီးတွေကတော့ Zhou Quenfei (ပိုင်ဆိုင်မှု ဒေါ်လာ (၇.၅) ဘီလျံ)၊ Denise Coates (ပိုင်ဆိုင်မှု ဒေါ်လာ (၂.၉) ဘီလျံ)၊ Judy Faulkner (ပိုင်ဆိုင်မှု ဒေါ်လာ (၂.၆) ဘီလျံ)၊ Meg Whitman (ပိုင်ဆိုင်မှု ဒေါ်လာ (၂.၂) ဘီလျံ) တို့ပဲ ဖြစ်ပါတယ်။
၈။ (၅၆) ရာခိုင်နှုန်းသော အမျိုးသမီးတွေ လုပ်ငန်းခွင်မတရားဆက်ဆံခံရမှှု၊ မိသားစုကို အချိန်မပေးနိုင်မှု၊ အလုပ်ထဲမှာ စိတ်မဝင်စားမှုနဲ့ လုပ်ဖော်ကိုင်ဖက် (သို့) သူေဋ္ဌးနဲ့ အဆင်မပြေမှု အစရှိတဲ့အကြောင်းရင်းတွေကြောင့် အလုပ်ထွက်ကြပါတယ်တဲ့။
Source: dailyinfographic
Share