ကဲ... ဘာလုပ်နေတာလဲ။ အချစ်ဆုံးသူငယ်ချင်းကို မန်းရှင်းခေါ်ပြီး အမျိုးမတော်နိုင်တဲ့အကြောင်း ပြောလိုက်တော့လေ။

လူတိုင်းလူတိုင်းမှာ အချစ်ရဆုံး၊ အခင်ရဆုံး၊ အယုံကြည်ရဆုံး သူငယ်ချင်းဆိုတာ ရှိဖူးကြမှာပါ။ အချစ်ဆုံးသူငယ်ချင်းဆိုတာ တစ်ခါတလေကျရင် ရည်းစားနဲ့ပြောလို့မဖြစ်တဲ့ အကြောင်းအရာတွေကိုလည်း ပြောပြလို့ရတယ်။ မိဘကိုတိုင်ပင်လို့မရတဲ့ အရာတွေကိုလည်း ရင်ဖွင့်လို့ရတယ်။

 

ရည်းစားတွေ၊ မိဘဆွေမျိုးတွေ၊ သားသမီးတွေကသာ ကိုယ့်ကို စွန့်ခွာချင် စွန့်ခွာသွားမယ်။ အချစ်ဆုံးသူငယ်ချင်းကတော့ ကိုယ့်ကိုဘယ်တော့မှ ထားသွားမှာမဟုတ်ပါဘူး။  တကယ်တော့ သူငယ်ချင်းဆိုတာ ဘုရားကပေးတဲ့ လက်ဆောင်တစ်ခုလိုပါပဲ။

ဒါပေမယ့် ကိုယ့်မှာ အစ်ကိုတွေ၊ မောင်တွေ၊ ညီမတွေ၊ အစ်မတွေရှိလို့ အချစ်ဆုံးသူငယ်ချင်းနဲ့ သဘောတူမလားမေးရင် ဘယ်သူမှ သဘောမတူချင်ကြပါဘူး။ အကြောင်းရင်းကတော့...

၁။ အကျင့်တွေအကုန်သိနေလို့

web_21-and-over-M070_03111_rgb.jpg 

အချစ်ဆုံးသူငယ်ချင်းဆိုတာ တကယ်တော့ ကိုယ်နဲ့ ပွေးဖော်ပွေးဖက်၊ ဆိုးဖော်ဆိုးဖက် (partner in crime) ပါပဲ။ တစ်ယောက်မကောင်းကြောင်း တစ်ယောက်ကကောင်းကောင်းသိသလို သောက်ကျင့်တွေကိုလည်း ကကြီး ကနေ အ အထိ သိနေတာပါ။ ဒီလိုကောင်မျိုးနဲ့ ရသွားရင် ကိုယ့်အစ်ကိုတွေ၊ မောင်တွေ၊ ညီမတွေ ဒူးနဲ့မျက်ရည်သုတ်ရမယ်ဆိုတာကို သိနေလို့ သဘောမတူနိုင်တာလည်း ဖြစ်နေနိုင်ပါတယ်။

၂။ ကိုယ့်ကိုလည်း လေးစားမယ့်ကောင်မဟုတ်လို့

39-american-pie.jpg 

ပြောမနာ၊ ဆိုမနာ သူငယ်ချင်းတွေဆိုတာ စကားပြောရင် အဆဲလေးပါလိုက်ရမှ နေသာထိုင်သာရှိတာပါ။ တစ်ခါတလေ ကိုယ့်ကို မဆဲရင်တောင် ဒီကောင် အပများမီနေလားဆိုပြီး ထင်မိကြတတ်တာပါ။ ညီမနဲ့ ပေးစားပြီးမှ အိမ်ဦးခန်းတက်ပြီး ကိုယ့်ကိုဆဲနေရင် မခက်ပါလား။ ဘာပဲပြောပြော မာန်တက်စရာ ညီမချောချောလေး၊ မောင်ချောချောလေးကို ပိုင်ထားရင် ယောက်ဖကွ၊ ယောက်မကွ ဆိုတဲ့ မာန်လေးတော့ ထောင်ချင်ကြမှာပါပဲ။ သူငယ်ချင်းနဲ့ သွားပေးစားလိုက်ရင် ဒီအခွင့်အရေးတွေကို ဆုံးရှုံးရမှာပါ။

ကမ္ဘာတလွှား ထူးထူးခြားခြားကော်ဖီများ 

၃။ မျက်နှာပူလို့

casamigos-tequila-founders-rande-gerber-and-george-clooney-photo-credit-409.jpg 

ဘယ်လိုနည်းနဲ့ပဲ တွေးကြည့်... တွေးကြည့်။ ကိုယ့်အချစ်ဆုံးသူငယ်ချင်းနဲ့ ကိုယ့်ညီမ ကြိုက်သွားတာဟာ တော်တေ်ာမျက်နှာပူဖို့ ကောင်းတဲ့ကိစ္စပါ။ "နှမလင်နေ... မောင်ဖင်ကျိန်း" ဆိုတဲ့အတိုင်း နည်းနည်းတော့ နေရထိုင်ရခက်မိမှာပါပဲ။ အဆိုးဆုံးကိစ္စကတော့ အရင်လိုပဲ လက်ဖက်ရည်ဆိုင် (သို့) ဘီယာဆိုင်မှာ သူငယ်ချင်းတွေစုပြီးထိုင်ကြရင် ကိုယ့်နှမကို ယူထားတဲ့ကောင်က မျက်တွင်းတွေ ချောင်ကျနေရင်၊ အားပြတ်နေတဲ့ပုံပေါက်နေရင် အလကားနေရင်း အစအနောက်ခံရလို့၊ ရှက်လွန်းလို့ သေရပါလိမ့်မယ်။ ဒါမျိုးတော့ အဖြစ်ခံလို့ မဖြစ်ဘူးလေ။ ဟုတ်တယ်ဟုတ်။

၄။ အရင်လို သူငယ်ချင်းစိတ် မရှိတော့မှာစိုးလို့

il_fullxfull.266349978.jpg 

အမျိုးဆိုတာ မခေါ်ချင်လို့ ရချင်ရမယ်။ မတော်ချင်လို့ မရဘူးဆိုတဲ့ စကားလည်းရှိပါတယ်။ မြန်မာ့ဓလေ့အရ စောင့်လေမျိုးနွယ်ဆိုတဲ့ စကားလည်းရှိတော့ အမျိုးတော်ပြီဆိုရင် ဘယ်လောက်ပဲ မပတ်သက်ချင်ပါစေ။ ပတ်သက်နေရတာပါပဲ။ အချစ်ဆုံးသူငယ်ချင်းနဲ့ ဆွေမျိုးတွေဖြစ်သွားပြီးမှ ဆွေမျိုးရေးရာ အရှုပ်အရှင်းတွေကြောင့် ခင်မင်မှုတွေပြတ်တောက်သွားရင် နှမျောစရာပါ။ ဆွေမျိုးဆိုတာ အများကြီးရှိနိုင်ပေမယ့် အချစ်ဆုံးသူငယ်ချင်းဆိုတာကတော့ အများကြီးမရှိနိုင်ဘူးလေ။

၅။ တစ်အိမ်တည်းမှာ တူတူမနေချင်လို့

MV5BOGIwMmJiNmMtNjQwMi00YTc2LWJlODItYTc4NDc3OTVjZTM5L2ltYWdlL2ltYWdlXkEyXkFqcGdeQXVyMTgxOTIzNzk@._V1_.jpg 

အချစ်ဆုံုးသူငယ်ချင်းဆိုတာ တစ်ခါတလေမှာ ကိုယ့်ရဲ့စိတ်ထွက်ပေါက်တစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ အလုပ်တွေများလို့ စိတ်ဖိစီးမှုတွေ အရမ်းများလာရင်၊ အိမ်ထောင်ရေးအဆင်မပြေရင်၊ စီးပွားရေး အဆင်မပြေရင် သူငယ်ချင်းအိမ်မှာ တစ်ညတစ်လေ သွားခွေပြီး ရင်ဖွင့်လိုက်ရင် ပြဿနာတွေဟာ အတိုင်းအတာတစ်ခုထိတော့ ပြေလည်သွားတာပါပဲ။ ညီမတွေ၊ မောင်တွေနဲ့ ရသွားပြီး တစ်အိမ်တည်း အတူနေရပြီဆိုရင်တော့ ဒီစိတ်ထွက်ပေါက်လေးကို ဆုံးရှုံးလိုက်ရမှာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က