ရာသီခွင်တွေ၊ ဂြိုဟ်တိုင်တွေက ဘဝအပေါ် ဘယ်လိုလွှမ်းမိုးမှုရှိလဲဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားကြမှာပေါ့နော်။ ဘယ်ရာသီဖွားက ဘယ်လိုစိတ်နေစိတ်ထားရှိလဲတို့၊ ဘယ်ရာသီဖွားတွေက တစ်ဦးနဲ့ တစ်ဦး ကိုက်ညီမှုရှိလဲတို့ပေါ့။
ဒီနေ့မှာတော့ New York မြို့က နက္ခတ္တဗေဒပညာရှင်တစ်ဦး (ဗေဒင်ဆရာ) ဖြစ်တဲ့ Mecca Woods က အချစ်ရေးနဲ့ပတ်သက်ပြီး ဇာတာခွင်ကို အားလပ်ရက်အတွက် ဟောထားတာကို ဘာသာပြန်ပေးလိုက်ပါတယ် မဒီလေးတို့ရေ။
ဒီအားလပ်ရက်လေးကတော့ မိဿရာသီဖွားတွေအတွက် အချစ်ရေးဆက်နွယ်မှုတစ်ခု ပြုလုပ်နိုင်ဖို့ အခွင့်အရေးကောင်းနေပါတယ်။ အထူးသဖြင့် အပြင်ထွက်ပြီး အပျော်ရှာဖို့ သင့်တော်တဲ့အချိန်ပါပဲ။ အချိန်ဇယားကြီးနဲ့ နေဖို့ထက် ပေါ့ပေါ့ပါးပါးဖြစ်အောင် နေကြည့်ပါ။ ထူးခြားလာပါလိမ့်မယ်။ အတွဲရှိပြီးသားသူတွေကတော့ ရိုမန်းတစ်ဖြစ်တဲ့ ညနေခင်းလေးတစ်ခုမှာ ဒိတ်လုပ်ကြည့်လိုက်ပါ။ မိမိချစ်သူရဲ့ ဂရုစိုက်မှုနဲ့ ကျေးဇူးစကားကို ရရှိပါလိမ့်မယ်။
ပြိဿရာသီဖွားတွေအတွက်တော့ အချစ်ရေးနဲ့ပတ်သက်လာရင် အေးအေးလူလူပဲ ရှိရမယ့် အားလပ်ရက်ပါပဲ။ အတွဲမရှိသေးသူတွေဆိုရင် ပုံမှန်အားလပ်ရက်တစ်ခုလိုပဲ စာဖတ်အသင်းကို သွား join တာတို့၊ သူငယ်ချင်းတွေစုံဖြစ်တာတို့ လောက်ပဲ လုပ်သင့်ပါတယ်။ နောက်ပြီး ပြိဿရာသီဖွားတစ်ယောက်ဖြစ်လို့ သိပ်ထင်ထင်ပေါ်ပေါ်မနေဘဲ သိုသိုသိပ်သိပ်နေခြင်းက လူတွေပိုသတိပြုစေနိုင်ပါလိမ့်မယ်။
ဒီအားလပ်ရက်လေးကတော့ မေထုန်ရာသီဖွားတွေအတွက် ဈေးဝယ်ထွက်ဖို့ အကောင်းဆုံးပါပဲ။ အိမ်က ရေခဲသေတ္တာထဲမှာ ရိက္ခာပြတ်နေလို့ စူပါမားကက်ကိုသွားတာပဲဖြစ်ဖြစ်၊ ပိုက်ဆံအိတ်လေး ပြားချပ်နေလို့ နီးစပ်ရာ ATM စက်ဆီကို သွားတာပဲဖြစ်ဖြစ်ပေါ့။ လမ်းမှာ (သို့) အဲဒီဧရိယာတွေမှာ ဖူးစာရှင်ကို တွေ့ရနိုင်ပါတယ်။ အတွဲရှိပြီးသားသူတွေကတော့ အိမ်မှာ သူငယ်ချင်းတွေစုပြီး မုန့်လုပ်စားခြင်းက အားလုံးအတွက် ပျော်ရွှင်မှုကိုကော၊ အမှတ်တရတွေကိုပါ ရရှိစေနိုင်မှာပါ။
ကရကဋ်ရာသီဖွားတွေအတွက် အချစ်ရေးကံကြမ္မာကလည်း ဈေးဝယ်ထွက်ခြင်းပေါ် မူတည်နေပါတယ်။ ဂြိုဟ်ခွင်တွေအရတော့ ဖူးစာရှင်နဲ့ စူပါမားကက်တွေမှာပဲ ဆုံနိုင်ခြေရှိပါတယ်။ သူငယ်ချင်းတွေစုပြီး ဈေးဝယ်ထွက်ခြင်းကလည်း ထူးခြားမှုတစ်ခုကို ဆောင်ကြဉ်းလာပါလိမ့်မယ်။
ဒီအားလပ်ရက်ကတော့ သိဟ်ရာသီဖွားတွေအတွက်တော့ ဆန်းပွင့်မယ့်နေ့ရက်တွေပါပဲ။ ဘာလို့လဲဆိုတော့ သူတို့မှာ ယောကျ်ားလေးတွေ (သို့) မိန်းကလေးတွေ ပစ်ကြွေနိုင်တဲ့ ဟာသဉာဏ်၊ စတိုင်လ်နဲ့ စမတ်ကျခြင်းတို့ကို ပိုင်ဆိုင်နေလို့ပါပဲ။ ဒီအားလပ်ရက်ဟာ potential လေးကို ခေါင်းခေါက်ရွေးရမယ့် နေ့ရက်လေးတွေပါပဲ... ကို Leo တို့၊ မ Leo တို့ရေ... ဟင်း ဟင်း ဟင်း...
အတွဲရှိတဲ့ ကန်ရာသီဖွားလေးတွေအတွက် ဒီရကသတ္တပတ်ဟာ ချိန်းတွေ့ဖို့ အကောင်းဆုံးနေ့ရက်ပါပဲ။ မိမိရဲ့လက်တွဲဖော်ဟာ မိမိအပေါ်ချစ်စိတ်တွေ တဖိတ်ဖိတ်ယိုဖိတ်နေချိန် ဖြစ်နေလို့ပါပဲ။ စင်ဂယ်လေးတွေကတော့ မိမိရဲ့ဝမ်းတွင်းဗီဇစိတ်ကို အသုံးချရမယ့် အချိန်ပါပဲ။ အသည်းကွဲတာ ကုသလို့ရပေမယ့် ဆုံးဖြတ်ချက်မှားရင်တော့ ကုသလို့ မရပါဘူးနော်။
တူရာသီဖွားတွေအတွက်တော့ ဒီစနေ၊ တနင်္ဂနွေလေးက ဆုံးဖြတ်ရခက်ခဲတဲ့ အချိန်ဖြစ်နေမှာပါ။ အိမ်ထဲမှာပဲခွေပြီး ဖေ့စ်ဘုတ်ခ်သုံး၊ ရုပ်ရှင်ကြည့်ရင်း နှပ်ရမလား။ အပြင်လေးဘာလေးထွက်ပြီး ဘော်ဒါဘော်ကျွတ်တွေနဲ့ လျှောက်သွားရမလား ဝေခွဲမရဖြစ်နေမှာပါ။ မိမိနှလုံးသားရဲ့တောင်းဆိုရာနောက်ကိုပဲ လိုက်သင့်တဲ့အချိန်ပါ။
ဗြိစ္ဆာရာသီဖွားတွေအတွက် ဒီရက်သတ္တပတ်လေးက ဘဝမှာ အချစ်နဲ့ပတ်သက်တဲ့ ကြီးကြီးမားမား ဆုံးဖြတ်ချက်တစ်ခုကို ချရတော့မယ့်အချိန်ပါ။ အနာဂတ်ကို တွေးပူနေရမယ့်အချိန် မဟုတ်ပါဘူး။ ရေရှည်မှာ ကိုယ်ဘာဆက်လုပ်ချင်တာလဲဆိုတာကို ပြတ်သားသင့်ပါပြီ။
ှဓနုလေးတွေကတော့ နှလုံးသားခေါ်ဆောင်ရာနောက်ကို လိုက်ရမယ့်အချိန်ပါ။ ဘဝထဲကို လူသစ်တွေဝင်ရောက်လာနိုင်ပြီး နှလုံးသားကို လှုပ်ခတ်စေနိုင်သူလည်း ပါကောင်းပါနိုင်ပါတယ်။ ဒါပေမယ့် ဘာကိုမှ အရမ်းမျှော်လင့်ဖို့မလိုသလို ဘာကိုမှလည်း အားထုတ်ကြိုးပမ်းနေစရာ မလိုပါဘူး။ ဖြစ်လာမယ့်အရာတွေက သူ့အလိုလိုဖြစ်လာပါလိမ့်မယ်။
ချစ်သူနဲ့ နှစ်ယောက်တည်း ပျော်ပွဲစားထွက်ခြင်းက ဒီအချိန်မှာ နှစ်ယောက်လုံး လိုအပ်နေတဲ့အရာလေး ဖြစ်နေပါလိမ့်မယ်။ ဒီလိုပြုလုပ်ခြင်းဖြင့် အတွေ့အကြုံသစ်တွေ၊ အမှတ်တရသစ်တွေကို ရရှိစေနိုင်ပါလိမ့်မယ်။ စင်ဂယ်လေးတွေကတော့ မိမိလေးစားအားကျရတဲ့သူရဲ့ အာရုံစိုက်မှုကို ရရှိမှာဖြစ်ပြီး ဆက်သွယ်မှုလေးတွေက ဒီထက်နက်ရှိုင်းမလာနိုင်ဘူးလို့ ပြောလို့မရပါဘူး။
ကောင်းကင်က ကြယ်တာရာတွေ၊ ဂြိုဟ်တိုင်တွေက ကုမ်ရာသီဖွားတွေကို ကောင်းချီးပေးနေပါတယ်။ လူတိုင်းက ကိုယ့်ကို ဆက်ဆီကျတယ်လို့ မြင်မှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု အပြည့်ရှိနေပါလိမ့်မယ်။ စင်ဂယ်လေးတွေကတော့ နက်နက်နဲနဲချစ်ရမယ့်သူတစ်ဦးကို တွေ့ရဖို့ အခွင့်အလမ်းရှိနေပါတယ်။
အချစ်ရေးမှာ ကိုယ့်ကို support ပေးမယ့်သူကိုပဲ ရွေးချယ်သင့်ပါတယ်။ Support ပေးတယ်ဆိုတာ ငွေရေးကြေးရေးထက် စိတ်ဓာတ်ခွန်အားပေးတဲ့လူမျိုးကို ဆိုလိုတာပါ။ အဲဒီလိုလူမျိုး ဘဝထဲမှာ ရှိမနေသေးဘူးဆိုရင်လည်း ဒီအားလပ်ရက်မှာ တွေ့ရဖို့များပါတယ်။ လှလှလေး ပြင်ပြီးတော့သာ အပြင်ထွက်လိုက်ပါတော့။
Source: bustle
Share