သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေက စားကိုစားပေးရမယ့်အရာတွေပါ။ ခန္ဓာကိုယ်ကို ရောဂါကာကွယ်စေတဲ့ အစားအစာအုပ်စုထဲမှာ ပါဝင်တယ်လေ။ သစ်သီးတွေမှာလည်း ထူးထူးခြားခြား ကောင်းကျိုးလေးတွေရှိတယ်။
၁။ ငှက်ပျောသီး
ငှက်ပျောသီးဟာ လူကိုပျော်ရွှင်စေတဲ့အသီးတစ်မျိုးပါ။ တစ်လုံးလောက်စားလိုက်ရုံနဲ့ ဒေါသတွေ၊ စိတ်ဓာတ်ကျနေတာတွေကို လျော့သွားစေတယ်။ အိပ်ပျော်အောင်လည်း အထောက်အကူဖြစ်စေတယ်။
၂။ လိမ္မော်သီး
ကာယလေ့ကျင့်ခန်းတွေမလုပ်ခင်မှာ လိမ္မော်သီးတစ်လုံးလောက် ကြိုပြီး စားထားလိုက်ပါ။ လေ့ကျင့်ခန်းလုပ်နေချိန်မှာ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနေမှာဖြစ်တဲ့အပြင် ကြွက်သားတွေ နာကျင်ဒဏ်ရာရခြင်းကိုလည်း ကာကွယ်ပေးပါလိမ့်မယ်။
၃။ ဖရဲသီး
ပူပန်သောကတွေ စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်ချင်ရင် ဖရဲသီးစားပေးလေ။ စိတ်ညစ်တာတွေ သက်သာပြီး ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို ပိုကောင်းလာစေတယ်။
၄။ စတော်ဘယ်ရီ
စတော်ဘယ်ရီသီးတွေဟာ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်တဲ့ သစ်သီးစာရင်းမှာ တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ Antioxidant တွေ ပါဝင်လို့ သွေးဖိအားကိုကျစေပြီး နှလုံးကိုကျန်းမာစေတယ်။
၅။ နာနတ်သီး
ချောင်းဆိုးနေလား။ နာနတ်သီးကိုဖျော်သောက်လေ။ နာနတ်သီးကိုကြိတ်ပြီး ဖျော်သောက်တာက ချောင်းဆိုးပျောက်ဆေးသောက်တာထက်တောင် အပျောက်မြန်တယ်။ နှာစေး အအေးမိတာကိုလည်း ကာကွယ်ပေးတယ်။