တစ်ညတာတည်းခိုဖို့အတွက် ဒေါ်လာ သောင်းနဲ့ချီပြီး သုံးနိုင်ပါသလား။ ဒါဆိုရင်တော့ ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ်တွေအကြောင်း သိထားသင့်တယ်လေ။ ကမ္ဘာပေါ်မှာ တစ်ညတည်းခိုစရိတ် မြင့်မားပြီး ဝန်ဆောင်မှု အပြည့်ပါတဲ့ ဇိမ်ခံဟိုတယ်တွေအများကြီးရှိပါတယ်။ အဲဒီထဲကမှ ဈေးအကြီးဆုံးဟိုတယ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
တစ်ညကို ဒေါ်လာ ၂၄၀၀၀ ကျသင့်တဲ့ ဟိုတယ်မှာမှ တည်းလိုပါသလား။ ဒါဆိုရင်တော့ Atlantis Resort ဟိုတယ်က စောင့်ကြိုနေပါတယ်။ ဒူဘိုင်းက Atlantis Resort ဟိုတယ်ဟာ လူလုပ်ကျွန်းတစ်ခုပေါ်မှာတည်ရှိပြီး ကမ္ဘာပေါ်က အံ့အားသင့်ဖွယ်အကောင်းဆုံး အဏ္ဏဝါကမ္ဘာလည်း တည်ရှိပါတယ်။
ဟိုတယ်သမိုင်းကြောင်းတလျှောက်မှာ တန်ဖိုးအကြီးဆုံးဖွင့်ပွဲနဲ့ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ယနေ့ထိတိုင် နာမည်ကြီးတဲ့ Atlantis Resort ဟိုတယ်မှာ စိတ်ရှိတိုင်းသာ တည်းမိလိုက်မယ်ဆို ဒေါ်လာ သိန်းဂဏန်းလောက် ပြုတ်သွားမှာပါ။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဖာမြို့က နောက်ထပ်ဟိုတယ်တစ်လုံးဖြစ်တဲ့ President Wilson ဟိုတယ်ဟာ တစ်ညကို ဒေါ်လာ (၃၀၀၀၀) ကျော်သုံးနိုင်တဲ့လူတွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။
President Wilson ဟိုတယ်က ပေးစွမ်းနိုင်တဲ့ ဝန်ဆောင်မှုတွေက များပြားလွန်းလို့ တစ်ရက်တည်း တည်းခိုရုံနဲ့တော့ အဲဒီဝန်ဆောင်မှုတွေကို ကုန်အောင် မသုံးနိုင်ပါဘူးတဲ့။ တစ်ည တည်းခိုစရိတ်ကတော့ တစ်ညကို ဒေါ်လာ (၃၁၅၀၀) ဖြစ်ပါတယ်။
ဒါကတော့ New York မြို့၊ Manhattan ရပ်ကွက်က Four Seasons ဟိုတယ်ဖြစ်ပြီး ကြွယ်ဝမှုနဲ့ အထက်တန်းကျမှုတို့ရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဟိုတယ်မှာ တည်းနိုင်တဲ့သူတွေဟာ ဘဝမှာ ဘယ်တော့မှ ပိုက်ဆံမပြတ်နိုင်တဲ့ အရည်အချင်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားကြပါလိမ့်မယ်။ New York မြို့ရဲ့အကောင်းဆုံးရှုခင်းကို ရရှိဖို့အတွက် တစ်ညကို ဒေါ်လာ (၃၂၅၀၀) ပေးဖို့ တန်တယ်ပဲ ဆိုကြမလား။
Nevada ပြည်နယ်၊ Las Vegas မြို့ဟာ ဇိမ်ခံဟိုတယ်တွေ၊ ကာဆီနိုဝိုင်းတွေနဲ့ ပြည့်နှက်နေတဲ့မြို့ဖြစ်ပါတယ်။ အဲဒီထဲမှာမှ Palms Casino Resort ဟိုတယ်ကတော့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဟိုတယ်စာရင်းမှာ နံပါတ် (၂) ဝင်ပါတယ်။
အမှန်တော့ တစ်ညတည်းခိုစရိတ် ဒေါ်လာ (၃၈၀၀၀) ဆိုတာ LV မှာ တစ်ညလုံးအချိန်ဖြုန်းနိုင်တဲ့ လောင်းကစားသမား ဘောစိတွေအတွက်တော့ ဘာမှ မဟုတ်ပါဘူး။ ဒီဟိုတယ်မှာ တည်းနိုင်တဲ့သူတွေဟာ ပရော်ဖက်ရှင်နယ် ပိုကာကစားသမားတွေဖြစ်ကြပြီး ဒီမြို့မှာနေရင်း ဒေါ်လာသန်းနဲ့ချီ ရှာနိုင်သူတွေလည်း ဖြစ်ကြပါတယ်။
ဂရိနိုင်ငံ၊ အေသင်မြို့က The Grand Resort Lagonissi ဟိုတယ်ဟာ ကမ္ဘာပေါ်မှာ တစ်ညတည်းခိုစရိတ် ဈေးအကြီးဆုံးဟိုတယ်ဖြစ်ပြီး တစ်ညကို ဒေါ်လာ (၄၇၅၀၀) ကျသင့်ပါတယ်။ နတ်ဘုံ နတ်နန်းတမျှ လှပတဲ့နေရာမှာ တည်းခိုချင်တယ်ဆိုရင်တော့ တစ်ည ဒေါ်လာ ငါးသောင်းလောက်တော့ သုံးရမှာပေါ့လေ။
အလွန်တရာလှပတဲ့ ရှုခင်းတွေ၊ အထူးကောင်းမွန်တဲ့ အစားအသောက်တွေ၊ ဇိမ်ခံကားတွေနဲ့ ဥရောပတိုက်သူ အမျိုးသမီးတွေ မှိုလိုပေါက်နေပြီး ဒီနေရာဟာ ပိုက်ဆံနဲ့ဝယ်ယူလို့ရတဲ့ ပျော်ရွှင်မှုရဲ့ အထွတ်အထိပ်နေရာတစ်ခု ဖြစ်မှာပါ။
Source: alux
Share