ပွဲလမ်းသဘင်တွေရှိလာပြီဆို အရင်ဆုံး စဉ်းစားရတာ အဝတ်အစားနဲ့ မိတ်ကပ်ပဲ။ မင်္ဂလာပွဲဆိုရင် ပိုတောင်အရေးကြီးသေးတယ်။ မိတ်ကပ်ဆရာကိုလည်း အနည်းဆုံး တစ်လလောက် ကြိုပြီး ဒိတ်လုပ်ထားရတယ်။ မိတ်ကပ်ဆရာ (makeup artist) ဆိုတာ လူတစ်ယောက်ကို ဘယ်လိုလှအောင်လိမ်းရမလဲ ကောင်းကောင်းသိပြီးသား။ အဲ့တာကို ကိုယ်က ဒါတွေသွားပြီး လျှာကြောမရှည်မိဖို့ လိုတယ်နော်။

၁။ ကျွန်မယောက်ျားက နှုတ်ခမ်းနီဆိုးတာမကြိုက်ဘူး

makeup-artist-and-a-model-in-the-front-of-a-mirror-applying-make-up-in-to-a-models-face-authentic-islamic-makeup-preparing-for-a-wedding-or-celebration-arab-beauty-the-beauty-of-the-muslim-the-traditional-way_ejjle3dne__.png 

ကဲ.... ကြည့် ဘယ်လောက်အသည်းယားစရာကောင်းလဲ။ မင်္ဂလာဧည့်ခံပွဲပါဆိုမှ လူမြင်ကောင်းအောင် လှတပတလေး လိမ်းပေးပါမယ်ဆို အထွန့်တက်လိုက်ပုံက အမြင်ကတ်စရာကောင်းလိုက်တာ။ စိတ်မရှည်တဲ့ မိတ်ကပ်ဆရာဆို ချက်ချင်းထပြန်သွားလိမ့်မယ်။

see also 

၂။ အစောကြီးမလိမ်းချင်ဘူး

065b9ec6e044e4d9_Tropical-Las-Vegas-Wedding.jpg 

ဧည့်ခံပွဲက ၉ နာရီမှစမှာ။ မိတ်ကပ်ဆရာက မနက် ၅ နာရီလောက်တည်းက ရောက်လာပြီ။ ဒါကို ကိုယ်က အပျင်းတစ်နေလို့မရဘူး။ စောစောလိမ်းရင် မိတ်ကပ်တွေ မြန်မြန်ပျက်မှာစိုးလို့ ပွဲနားနီးမှလိမ်းမယ်လို့ မစဉ်းစားပါနဲ့။ သူ့ကိုလည်း စောစောမလာနဲ့လို့ မပြောရဘူး။ မိတ်ကပ်ပညာရှင်ဆိုတာ မိတ်ကပ်ကြာကြာခံအောင်၊ လှအောင် ဘယ်လိုလိမ်းပေးရမလဲ ကောင်းကောင်းသိတယ်။

၃။ ဟိုဟာလိမ်းပေး၊ ဒီဟာမလိမ်းဘူး

Young-beautiful-bride-applying-wedding-make-up.jpg 

"ပါးနီမဆိုးချင်ဘူး၊ နှုတ်ခမ်းနီဆိုလည်း အသားရောင်ပဲ ကြိုက်တယ်" ။ မင်္ဂလာဆောင်ဆိုတာ တစ်သက်မှာတစ်ခါပဲလုပ်မှာ မဟုတ်ဘူးလား။ ပုံမှန် နေ့စဉ်လိမ်းနေကြအတိုင်း လိမ်းရင် ဘယ်လိုလုပ်ထူးခြားပါ့မလဲ။

 

၄။ မျက်နှာကို ဒီတိုင်း မျက်နှာပဲသစ်ထားတယ်

မင်္ဂလာဆောင်ဖြစ်ဖြစ်၊ ဘွဲ့ယူဖို့ဖြစ်ဖြစ် ပွဲတက်မိတ်ကပ်လိမ်းဖို့ရှိတယ်ဆိုရင် မျက်နှာကို ကြိုပြီး ဂရုစိုက်ပေးထားသင့်တယ်။ တစ်ပတ်လောက်အလိုမှာ ကြေးချွတ်ပေါင်းတင်ပါ။ အဆိပ်ထုတ်ထားပါ။ Moisturizer နေ့တိုင်းလိမ်းပေးထားရမယ်။ ပွဲနေ့ မိတ်ကပ်မလိမ်းခင်မှာလည်း moisturizer ကို ကြိုပြီးလိမ်းထားရမယ်။ အသားအရေလေး စိုပြည်တင်းရင်းနေမှ မိတ်ကပ်လိမ်းလို့ကောင်းမှာလေ။

Source : Pop Sugar

Share

Loading Next Article...
က္က