ကာဒါရှီယန်- ဂျန်နာမိသားစုထဲက အငယ်ဆုံးသမီးလေးဖြစ်တဲ့ ခိုင်လီဂျန်နာဟာ အခုချိန်မှာ ကိုယ်ဝန်ဆောင်ထားရပြီလို့ သိရပါတယ်။

ကာဒါရှီယန်- ဂျန်နာမိသားစုထဲက အငယ်ဆုံးသမီးလေးဖြစ်တဲ့ ခိုင်လီဂျန်နာဟာ အခုချိန်မှာ ကိုယ်ဝန်ဆောင်ထားရပြီလို့ သိရပါတယ်။

 

မိသားစုနဲ့ နီးစပ်တဲ့ ခိုင်လုံတဲ့ သတင်းရင်းမြစ် (၂) ခုက CNN သတင်းဌာနကိုပြောကြားလာတာကတော့ အသက် (၂၀) ရှိပြီဖြစ်တဲ့ ခိုင်လီဂျန်နာ (Kylie Jenner) ဟာ ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပြီး ဖေဖော်ဝါရီလမှာ မွေးဖွားမယ်လို့ ခန့်မှန်းထားပါတယ်။ မိတ်ကပ်ဆယ်လီနဲ့ reality show စတားတစ်ဦးဖြစ်တဲ့ ခိုင်လီဟာ ဧပြီလတည်းက ရပ်ပ်ပါ ထရားဗစ်စကော့ထ် (Travis Scott) နဲ့ တွဲနေခဲ့တာပါ။

 

ခိုင်လီဂျန်နာမှာ ကလေးထိန်းကျောင်းဖူးတဲ့ အတွေ့အကြုံတွေလည်း ရှိပြီးသားပါ။ သူမဟာ သူမရဲ့အစ်မ ကင်မ်ရဲ့ကလေး နှစ်ယောက်အတွက် အဒေါ်ကောင်းတစ်ဦးဖြစ်ခဲ့သလို နောက်အစ်မ တစ်ဦးဖြစ်တဲ့ ကော့တနီရဲ့ ကလေး (၃) ယောက်တို့၊ အစ်ကိုဖြစ်သူ ရော့ဘ်ရဲ့သမီးလေးတို့ကိုလည်း ကောင်းစွာပြုစုထိန်းကျောင်းပေးဖူးပါတယ်။ ဒါ့အပြင် ရပ်ပ်ပါ တိုင်းဂါး (Tyga) နဲ့ တွဲခဲ့စဉ်တုံးကလည်း တိုင်းဂါးရဲ့သားလေးကို ထိန်းပေးခဲ့ဖူးပါတယ်။

တိုင်ဂါးနဲ့ ခိုင်လီတို့ အတွဲဟာ နှစ်ရှည်လများ ပြတ်လိုက်၊ ဆက်လိုက်ဖြစ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတုံးက E! အွန်လိုင်းမဂ္ဂဇင်းက ခိုင်လီတို့ မိသားစုရဲ့ reality show ဖြစ်တဲ့ "Keeping Up With the Kardashians" ရဲ့ episode တစ်ခုမှာ ခိုင်လီကို တိုင်ဂါးနဲ့အတူ တွဲပြခဲ့ပြီး သူမရဲ့မိခင် ကိတ်လင်း ဂျန်နာ (Caitlin Jenner) ကို "ဘယ်အသက်အရွယ်မှာ ကလေးယူဖို့ အသင့်တော်ဆုံးလဲ" ဆိုပြီး မေးမြန်းတာကို ရိုက်ပြခဲ့ပါတယ်။

ကိတ်လင်းဂျန်နာကတော့ အသက် (၃၀) လောက်မှာ ကလေးယူတာအကောင်းဆုံးပါပဲလို့ ပြန်လည်ဖြေကြားပြီး အကြံပေးခဲ့ပါတယ်။ "အသက် (၃၀) မှ ကလေးယူတာက သိပ်နောက်ကျလွန်းတယ်လို့ ကျွန်မခံစားရတယ်" လို့ ခိုင်လီဂျန်နာက တုံ့ပြန်ခဲ့ပါတယ်။ "ကျွန်မတွေ့ဖူးတဲ့ ဗေဒင်ဆရာ၊ အကြားအမြင်ဆရာတိုင်းကလည်း ကျွန်မကို ကလေးနှစ်ယောက်ရမယ်လို့ ဟောထားပါတယ်"

အခုအချိန်မှာတော့ ခိုင်လီဂျန်နာဟာ သူမရဲ့ကိုယ်ပိုင် reality show ဖြစ်တဲ့ "Life of Kylie" မှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ခိုင်လီကိုယ်ဝန်ဆောင်ထားရတဲ့ သတင်းကလည်း ပြီးခဲ့တဲ့ သောကြာနေ့တည်းက အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပါပြီ။

Source: CNN

 

Share

Loading Next Article...
က္က