ကိုရီးယားအလှကုန်လောကမှာ မျက်နှာပေါ်က ချွေးပေါက်ငယ်လေးတွေကို သန့်စင်ပေးနိုင်တယ်ဆိုပြီး နာမည်ကြီးနေတာက မီးတောင်ပြာနဲ့ပြုလုပ်တယ်ဆိုတဲ့ အလှကုန်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

ကိုရီးယားအလှကုန်လောကမှာ မျက်နှာပေါ်က ချွေးပေါက်ငယ်လေးတွေကို သန့်စင်ပေးနိုင်တယ်ဆိုပြီး နာမည်ကြီးနေတာက မီးတောင်ပြာနဲ့ပြုလုပ်တယ်ဆိုတဲ့ အလှကုန်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ အလှအပစိတ်ဝင်စားတဲ့ အမျိုးသမီးတွေကလည်း ဒီအလှကုန်ပစ္စည်းကို သုံးစွဲခွင့်ရဖို့အတွက် အထူးစိတ်လှုပ်ရှားနေကြပါတယ်။

 

အလှအပလောကမှာ trend တွေ တစ်ခုပြီးတစ်ခု ပေါ်ထွက်နေတာပါ။ မျက်နှာလှပမှုကို အသားပေးပြီး အရေပြားလှပရေးကိုလည်း အထူးဂရုစိုက်တဲ့ ကိုရီးယားနိုင်ငံမှာ ပိုဆိုးပါတယ်။ ကိုရီးယား အလှကုန်ပစ္စည်းတွေနဲ့ အလှအပ trend တွေဟာ အာရှတွင်း နိုင်ငံတွေတင်မက ဥရောပထိပါ သက်ရောက်နိုင်စွမ်းရှိပါတယ်။

ချွေးပေါက်ကျယ်တဲ့သူတွေအတွက် အံ့သြဖွယ်လုပ်ဆောင်မှုတွေကို လုပ်ဆောင်ပေးနိုင်တဲ့ face mask တွေလည်း ပေါ်ပေါက်ခဲ့ပြီးပါပြီ။ အခုနောက်ဆုံးပေါ် အလှကုန်ပစ္စည်းလေးကတော့ မီးတောင်ပြာနဲ့ ပြုလုပ်တဲ့ အလှကုန်ပစ္စည်းပဲ ဖြစ်ပါတယ်။

မီးတောင်ပြာ

1200-59015458-face-pack-of-volcanic-ash.jpg 

မီးတောင်ပြာဆိုတဲ့ နာမည်ကိုက ချွေးပေါက်ငယ်လေးတွေမှာ ပိတ်ဆို့နေတဲ့ ချေးတွေ၊ အညစ်အကြေးတွေကို အင်နဲ့အားနဲ့ တိုက်ထုတ်ရှင်းလင်းပေးနိုင်မယ်လို့ ထင်ရပါတယ်။ တကယ်တမ်းမှာလည်း ဒီပစ္စည်းလေးဟာ နာမည်နဲ့လိုက်အောင်ပဲ ချွေးပေါက်တွေကို ရှင်းလင်းပေးနိုင်စွမ်းရှိပါတယ်။

နယူးရော့ခ်မြို့က အရေပြားရောဂါကုဆေးခန်းတစ်ခုက MD တစ်ဦးဖြစ်တဲ့ Sejal Shah ကတော့ "မီးတောင်ပြာဟာ ရွံ့စေးလိုပါပဲ။ မျက်နှာအရေပြားပေါ်က ဆီတွေ၊ အညစ်အကြေးတွေနဲ့ အမှိုက်သရိုက်တွေကို ရှင်းလင်းပေးရာမှာ အထူးကောင်းမွန်ပါတယ်။ မီးတောင်ပြာထဲမှာ ဘက်တီးရီးယား တိုက်ဖျက်နိုင်တဲ့ ဆာလ်ဖာလိုမျိုး သဘာဝသတ္ထုဓာတ်တွေလည်း ပါဝင်ပါတယ်" လို့ဆိုထားပါတယ်။

see also 

မီးတောင်ပြာကို Innisfree ရဲ့ Super Volcanic Pore Clay Mask (Innisfree ရဲ့ စူပါ မီးတောင်ပြာ ချွေးပေါက်သန့်စင်ရေး mask) လိုမျိုး၊ Jeju Volcanic Pore Cleansing Foam ( Jeju မီးတောင်ပြာ ချွေးပေါက်သန့်ရှင်းရေး မျက်နှာသစ်ဆပ်ပြာ) လိုမျိုး အလှကုန်ပစ္စည်းတွေမှာ ထည့်သုံးကြပြီး ကိုရီးယားက အမျိုးသမီးထုကြီးဟာ နှစ်သက်စွာအသုံးပြုခဲ့ကြပါတယ်။ မီးတောင်ပြာနဲ့ ပြုလုပ်တဲ့ အလှကုန်ပစ္စည်းလေးတွေဟာ အရေပြားနဲ့ ချွေးပေါက်ပေါ်က အမှိုက်သရိုက်တွေ၊ အညစ်အကြေးတွေ၊ အဆီပိုတွေကို သံလိုက်တစ်ခုလို ဆွဲငင်ရှင်းလင်းပေးနိုင်ပြီး အရေပြားလေးကို မူလအတိုင်း ပြန်လည်စိုပြေစေပါတယ်။

 

"မီးတောင်ပြာဟာ မီးတောင်ရွံ့တို့၊ ကျောက်မီးသွေးမှုန့်တို့လိုပဲ စုပ်ယူခြင်းနည်းလမ်းနဲ့ အလုပ်လုပ်ပါတယ်။ စုပ်ယူခြင်းဆိုတာ သံလိုက်တုံးတစ်တုံးလိုပဲ အနီးအနားက အညစ်အကြေးတွေ၊ ဆီတွေနဲ့ တခြားအစိုင်အခဲ၊ အမှုန့်တွေကို ဆွဲငင်စုပ်ယူပြီး ရှင်းလင်းပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ နောက်ပြီး အရေပြားကိုလည်း ချေးချွတ်ပေးပါတယ်" လို့ Dr. Shah က ပြောကြားပါတယ်။

 

ထုတ်ကုန်ပစ္စည်းအသစ်တစ်မျိုးကို စတင်သုံးစွဲချိန်မှာ စားသုံးသူရဲ့စိတ်ထဲမှာ တွေဝေမှုနဲ့ သံသယဆိုတာတော့ ရှိမှာပါပဲ။ အထူးသဖြင့် အလှကုန်ပစ္စည်းတွေမှာပေါ့။ ဒီပစ္စည်းက ငါ့အရေပြားနဲ့ တည့်မှတည့့်ပါ့မလားဆိုပြီး စိုးရိမ်ရတာရှိနိုင်ပါတယ်။ ဒါကို Dr. Shah က ရှင်းလင်းထားပါတယ်။ " မီးတောင်ပြာပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် မျက်နှာအရေပြားခြောက်သွေ့ပြီး sensitive ဖြစ်တဲ့ အရေပြားပိုင်ရှင်တွေကတော့ မီးတောင်ပြာသုံးရင် နည်းနည်းပူစပ်ပူလောင် ခံစားရနိုင်ပါတယ်"

အခုဆိုရင် ဈေးကွက်ထဲမှာ မီးတောင်ပြာနဲ့ပြုလုပ်တဲ့ အလှကုန်ပစ္စည်းအမျိုးမျိုး ပေါ်ထွက်လာတော့မှာဖြစ်လို့ မိမိရဲ့မျက်နှာအရေပြားနဲ့ ဘယ်ဟာ အကိုက်ညီဆုံးလဲဆိုတာကို စမ်းသုံးကြည့်မှ သိနိုင်မှာပါ။ ဒါပေမယ့် Dr. Shah ကတော့ face mask ကိုသုံးရင်တော့ အကျိုးအာနိသင် ပိုမိုရရှိနိုင်တယ်လို့ အကြံပြုထားပါတယ်။

Source: Reader's Digest

 

Share

Loading Next Article...
က္က