ဆံပင်အရှည်ဆိုတာ ကြည့်လို့သာလှတာ၊ ထိန်းသိမ်းဖို့ကခက်တယ်။ ခေါင်းဖြီးရခက်တယ်၊ အချိန်ပေးရတယ်၊ ခေါင်းလေးတယ်။ ဆံပင်ရှည်တဲ့ ပျိုမေလေးတွေကိုတော့ တကယ်ချီးကျူးပါတယ်နော်။ ယဉ်ယဉ်လေးနဲ့ တကယ်လှတာပါ။ အဲ့လို မဟာဆန်တဲ့အလှလေး မပျက်ချင်ရင်တော့ ဒါတွေကို ရှောင်မှဖြစ်မယ်။
ဆံပင်အရှည်ထားမှာဆိုတော့ ဆံပင်ကို ဘာမှလုပ်စရာမလိုဘူးလို့ တွေးနေမိတယ်ဆို ပျိုမေလေးရဲ့စိတ်ကူး မှားနေပါပြီနော်။ ဆံပင်ကို ပြုပြင်ထိန်းသိမ်းတာတွေ၊ ပေါင်းတင်တာတွေ လုပ်ပေးရမယ်။ အရေးကြီးဆုံးကတော့ နှစ်လတစ်ကြိမ် ဆံပင်အဖျားတွေ တိပေးရင် ဆံပင်ရှည်မြန်လာပါလိမ့်မယ်နော်။ ဆံပင်အဖျားရှုးတာ၊ နှစ်ခွဖြစ်တာတွေလည်း မကြုံရတော့ဘူး။
ပိုနီတေးလ်စတိုင်လ် နောက်မှာ ဆံပင်တွေစုချည်ထားလိုက်တာက ဆံပင်အမြစ်တွေကို တင်းနေအောင် ဆွဲထားသလို ဖြစ်သွားစေတယ်။ ဦးရေပြားကို ပျက်စီးစေပါတယ်။
ဆံပင်ပုံသွင်းတဲ့ စပရေးတွေကို မကြာခဏ ဖြန်းလွန်းတာလည်း မလုပ်သင့်ဘူး။ ဆံပင်ပျက်စီးပါတယ်။ ဆံသားခြောက်သွေ့ပျက်စီးခြင်းကြောင့် ဆံပင်တွေ ကျိုးကျေပြတ်ထွက်နိုင်တယ်။
ဆံပင်တွေဟာ ရေစိုနေချိန်မှာ ပျက်စီးဖို့အလွယ်ဆုံးပါပဲ။ ဆံပင်မခြောက်သေးဘဲ ခေါင်းမဖြီးသင့်ဘူးနော်။ ဆံပင်အပေါ်ယံလွှာတွေ ပျက်စီးနိုင်ပါတယ်။
ခေါင်းလျှော်ပြီးတိုင်း conditioner သုံးဖို့ မမေ့ပါနဲ့နော်။ တကယ်တော့ သူက ဆံပင်တွေကို ပျော့စေတာမဟုတ်ပါဘူး။ ဆံသားတွေ ချောမွေ့ကြံ့ခိုင်စေတာပါ။ ပျော့ဆေးမသုံးရင် ဆံပင်တွေက ခဏလေးနဲ့ စေးကပ်လာရော။
Dryer သုံးပြီး အခြောက်ခံတာ၊ လေမှုတ်တာ၊ ဖြောင့်တာ၊ ကောက်တာတွေ အားလုံး ပါဝင်ပါတယ်။ ဆံပင်ရဲ့သဘာဝအစိုဓာတ်ကို ခမ်းခြောက်စေပြီး ဆံပင်ပျက်စီးစေတယ်လေ။ အပူပေးဖို့လိုလာပြီဆို အပူဒဏ်ခံမယ့် စပရေးကို အရင်ဖြန်းမယ်ဆို ပျက်စီးတာ သက်သာပါလိမ့်မယ်။
Source : Cosmo
Share