စုံတွဲတိုင်း ရန်မဖြစ်ဖူးဘူးဆိုတာ မရှိပါဘူးနော်။ ချစ်သက်တမ်း ကြာတဲ့စုံတွဲတိုင်း ရန်ဖြစ်ဖူးကြမှာပါ။ ရန်ဖြစ်ပြီဆို နှစ်ဖက်လုံး စိတ်ဆင်းရဲရတာပါပဲ။ ဒါကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာ မဒီက အကြံပေးလိုက်ပါတယ်နော်။
ကိုယ့်ချစ်သူကို ဒေါသတကြီး ပြစ်တင်တော့မယ်ဆိုရင် အလျှင်စလို မလုပ်ပါနဲ့ဦး။ အဲ့လိုလုပ်လိုက်ရင် အခြေအနေက ပိုဆိုးသွားနိုင်တယ်။ သူဒီလိုတွေလုပ်ရင် ကိုယ်စိတ်မကောင်းဖြစ်ရတယ်ဆိုတာကို ပြောပြလိုက်ပါ။ ဘယ်သူကမှ ကိုယ့်ချစ်သူ ဝမ်းနည်းမှာကို မလိုချင်ဘူးလေ။ ပြဿနာလည်း မဖြစ်တော့ဘူး။
သူအော်လို့၊ ကိုယ်ပြန်အော်တယ်။ မင်းဒီလိုလုပ်လို့ ငါပြန်လုပ်ရတယ်ဆိုတဲ့ လက်စားချေတဲ့ပုံစံကြီး မလုပ်ပါနဲ့။ ရန်ဖြစ်ပြီး မခေါ်မပြောတဲ့အခါ နှစ်ယောက်လုံးစိတ်ဆင်းရဲရတယ်မဟုတ်လား။ ကိုယ်ပဲခံစားရတယ်မထင်ပါနဲ့ ၊ သူ့ခံစားချက်ကိုပါ ထည့်တွက်ပါ။
သူက ကိုယ့်အပေါ်ကောင်းမှာမဟုတ်ဘူး၊ အမြဲတမ်း ဆိုးသွမ်းနေတော့မှာပဲလို့ မတွေးလိုက်ပါနဲ့။ ချစ်တဲ့စိတ်တွေနဲ့ ရှေ့ဆက်နားလည်မှုယူလိုက်ပါ။
ငါက မင်းထက်ပိုသိ၊ ပိုတတ်တယ်၊ မင်းအသာနေ ဆိုတာမျိုး ချစ်သူကို နှိမ့်ချတဲ့စကားတွေ မပြောပါနဲ့။ ကိစ္စတစ်ခုကြုံလာတိုင်း အတူတူ တိုင်ပင်ဆွေးနွေးပါ။
ဘယ်သူအပြစ်ရှိလဲဆိုတာကို အပြန်အလှန် အပြစ်ပုံချနေတာမျိုးက မှန်ကန်တဲ့နည်းမဟုတ်ဘူးနော်။ ဖြစ်တာက ဖြစ်ပြီးသွားပြီလေ။ ရှေ့ဆက် ဘယ်လိုလုပ်ကြမလဲဆိုတာကိုပဲ ပြောသင့်တယ်။ အဆင်မပြေတာတွေ မကြိုက်တာတွေ ညှိယူကြပေါ့။
တစ်ခါတစ်လေ နားလည်မှုလွဲပြီး စကားများတာမျိုးလည်း ရှိတတ်တယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အရင်အတိတ်က တစ်ကြိမ်တစ်ခါ မှားဖူးတာကို အကြိမ်ကြိမ် အစပြန်ဖော်တာမျိုး ရှောင်သင့်တယ်။ ကြာရင် သူလည်း စိတ်ကုန်လာမှာ။
အပြန်အလှန်နားလည်မှုလေး ရှိသင့်ပါတယ်။ သူက ရှော့ပင်ထွက်ချင်တယ်၊ ကိုယ်က ဘောပွဲသွားချင်တယ်။ ဒီလိုဆိုရင် သူ့ကိုရှော့ပင်ထွက်တာ လိုက်ပေးပြီး ဘောလုံးပွဲကိုပါ ခေါ်ခဲ့လိုက်ပေါ့။
Source : Bright Side
Share