နှာတံမပေါ်တဲ့ ပျိုမေလေးတွေအတွက် နှာတံဖော်နည်းကို မဒီက မျှဝေလိုက်ပါတယ်နော်။ တချို့ညီမလေးတွေက မျက်နှာလေးက ချစ်စရာကောင်းပြီး နှာတံက မပေါ်ဘဲ ပြားပြားလေးဖြစ်နေတာတွေရှိတယ်။ အရင်တုန်းကဆိုရင်တော့ နှာခေါင်းမှာ မိတ်ကပ်အကြောင်းလိုက်ကြီး ဆွဲလိုက်ကြတာပဲ။ ခုတော့ contouring လုပ်တာ အဆင်ပြေဆုံးမှန်း သိလာကြပြီလေ။
ပထမဆုံးအနေနဲ့ contour လုပ်မယ့် ပေါင်ဒါ သို့မဟုတ် ခရင်မ်ကို မျက်ခုံးအစရဲ့ အောက်တည့်တည့်မှာ တစ်ဖက်စီ အတန်းလိုက် ဆွဲပေးလိုက်ပါ။ မျက်ခံအစပ်ကနေ နှာဖျားထိပေါ့။
နှာသီးထိပ်လေးကိုလည်း ပစောက်ပုံ နည်းနည်းချွန်ပြီး contour ပေါင်ဒါ ထပ်လူးပါ။ နှာသီးလုံးလုံးလေးဖြစ်စေဖို့ နှာသီးလုံးနေရာ နှာတံပေါ်မှာ ကန့်လန့်ဖြတ်တစ်ကြောင်း ထပ်ဆွဲပါဦး။
ကိုယ့်မျက်နှာအသားအရောင်ထက် ပိုပြီးလင်းတဲ့ ဖောင်ဒေးရှင်းခရင်မ်ကို ကန့်လန့်ဖြတ်နေရာနဲ့ နှာတံပေါ်မှာ လိမ်းပေးပါ။ မျက်ခုံးနှစ်ခုကြား နှဖူးနေရာကိုတော့ အပေါ်ကို ဖြာထွက်နေသလို ဖောင်ဒေးရှင်းလူးပေးလိုက်ရပါတယ်။
လိမ်းထားတာတွေကို blend လုပ်ပြီးရင်တော့ အမှုန်အလက်လေးတွေပါတဲ့ ပေါင်ဒါကို ထပ်တို့ပေးလိုက်ရုံပဲပေါ့။ ဒီလိုဆိုရင် နှာတံစင်းစင်းလေးက ပေါ်သွားပြီလေ။ ဒီနည်းဟာ အခြေခံကျဆုံးနဲ့ အလွယ်ဆုံးဖြစ်တာကြောင့် နှာခေါင်းပုံစံ အတော်များများမှာ အသုံးပြုလို့ရနိုင်ပါတယ်နော်။
Source : Tina Yong YouTube