ချစ်သူသက်တမ်းလေး ကြာလာတာနဲ့အမျှ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိလာကြပြီ။ ကောင်းတာတွေရော ဆိုးတာတွေပါ သိလာကြတာဆိုတော့ စဉ်းစားခန်းတွေလည်း ချဲ့လာပြီ။ သူနဲ့ တစ်ဘဝလုံး လက်တွဲနိုင်ပါ့မလား၊ လက်တွဲသင့်ပါ့မလားပေါ့။ သိပ္ပံနည်းကျ လေ့လာအဖြေရှာထားချက်တွေအရတော့ ဒီအချက် ၁၄ ချက်နဲ့ ကိုက်ညီနေတဲ့ မိန်းကလေးမျိုးဟာ ဘဝတစ်သက်တာ လက်တွဲဖော်အဖြစ် ရွေးသင့်တယ်လို့ ဆိုပါတယ်။
ဘဝလက်တွဲဖော်အဖြစ် ရွေးတဲ့အခါ သွက်လက်ထက်မြက်တဲ့ မိန်းကလေးမျိုးကို ရွေးဖို့လိုတယ်။ ကိုယ်လိုချင်တာကို ပါးစပ်မပြောဘဲ သိနိုင်မယ့်၊ နားလည်ပေးနိုင်တဲ့ ပါးနပ်တဲ့ချစ်သူကို ပိုင်ဆိုင်ထားရသူတွေက တကယ်ကံကောင်းတာပါ။
တော်နေရုံနဲ့မပြီးဘူး။ လူကောင်းဖြစ်ဖို့လည်းလိုတယ်။ ဘယ်သူမဆို အမှားလုပ်မိကြတာပဲ။ မှားတာကိုမှားတယ်လို့ ဝန်ခံဖူးသူဖြစ်ဖို့ အရေးကြီးတယ်။ ရေရှည်လက်တွဲဖို့ဆိုရင် ရိုးသားတဲ့မိန်းကလေးမျိုးကိုသာ ယောက်ျားတွေက ရွေးကြပါတယ်။
ဖန်ခွက်ထဲမှာ ရေတစ်ဝက်ပြည့်နေတယ်လို့ မြင်တတ်သူမျိုးပေါ့။ နေရာတကာ အဆိုးမြင်တတ်သူနဲ့နေရတာ အဆိပ်သင့်သလို ပူလောင်နေမှာ။ အကောင်းမြင်သူလေးနဲ့ဆို စိတ်အေးချမ်းရတယ်။
အိမ်ထောင်သည်ဘဝဆိုတာ နှင်းဆီပန်းတွေခင်းထားတဲ့ အိပ်ရာလို အမြဲတမ်း ရိုမန့်တစ်ဆန်မနေဘူး။ တစ်ခါတစ်ရံမှာ သူနဲ့ကိုယ် အမြင်မတူတာတွေရှိမယ်။ အဲ့ဒီအခါ သူ့ဘက်က ညှိညှိနှိုင်းနှိုင်း ဆွေးနွေးလက်ခံတတ်သူလေးဟာ တကယ့်ကို ချစ်စရာကောင်းတဲ့ မိန်းကလေးပါပဲ။
ယောက်ျားလေးတွေဟာ ချစ်သူကို ပျော်စေလို့တဲ့အခါ ဟာသလေးတွေ လုပ်တတ်ကြတယ်။ ဟာသတွေပြောလို့ လိုက်ရယ်မောတတ်တဲ့ မိန်းကလေးမျိုးကို သဘောကျကြပါတယ်။
မာယာတွေမပါဘူး၊ ဟန်ဆောင်လိမ်ညာတာတွေမပါဘူး။ ပွင့်ပွင့်လင်းလင်းနဲ့ ခင်မင်ရင်းနှီးတတ်သူတွေဟာ ဆွဲဆောင်မှုရှိတယ်လို့ Westminster တက္ကသိုလ်ကပြုလုပ်တဲ့ လေ့လာမှုတစ်ခုက ဖော်ပြပါတယ်။
ကိုယ့်ချစ်သူ/ခင်ပွန်းက သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကြိုးစားနေချိန်မှာ ကူညီထောက်ပံ့ပေးတယ်။ သူမရဲ့ ကိုယ်ပိုင်ရည်မှန်းချက်ကိုလည်း ရောက်အောင်သွားတယ်။ ဒီလိုမိန်းကလေးမျိုးဟာ တကယ့်အဖိုးတန်မိန်းကလေးမျိုးပါ။
လူကြီးသူမကို ရိုသေလေးစားတယ်။ မိဘတွေနဲ့ အဆင်ပြေတယ်။ မိဘကို လုပ်ကျွေးပြုစုတယ်ဆိုတာ ကျေးဇူးသိတတ်တဲ့ လိမ္မာတဲ့ မိန်းကလေးတစ်ဦးရဲ့ အင်္ဂါရပ်ပဲမဟုတ်လား။ ကိုယ့်မိဘတွေကိုလည်း ရိုသေမယ့်မိန်းကလေးမျိုးလေ။
ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်လေးဟာ ဘဝအမောတွေကို ပြေစေမယ့် အမောပြေဆေးလေးနဲ့ တူပါတယ်။ ရေရှည်တည်မြဲပြီး ပျော်ရွှင်တဲ့ realtionship တစ်ခုအတွက် အဓိကသော့ချက်ဟာ ကြင်နာမှုနဲ့ ရက်ရောမှုတို့ဖြစ်တယ်လို့ ဝါရှင်တန်တက္ကသိုလ်က စိတ်ပညာရှင် ဂျွန်ဂေါ့တ်မန်းက ဆိုပါတယ်။
သမီးရည်းစား စကားများရန်ဖြစ်ကြတယ်။ စိတ်ဆိုးစိတ်ကောက်ကြတယ်။ အဲ့လိုအချိန်မှာ ယောက်ျားလေးဘက်က သွေးဆူနေရင်တောင် သူမက ခေါင်းအေးအေးထားပြီးတော့ပဲ ဖြေရှင်းတယ်။ ဆူညံပေါက်ကွဲပြီး နှစ်ယောက်လုံးအရှက်ကွဲရမယ့်အလုပ်မျိုး မလုပ်ဘူး။ ဘာလို့လဲဆိုတော့ သူမက ချစ်လည်းချစ်တတ်သလို ဉာဏ်နဲ့ထိန်းချုပ်နိုင်စွမ်း ရှိလို့ပါ။
ကောင်းတာတွေချည်း တူနေမှမဟုတ်ဘူး ဆိုးတာတူလည်း ချစ်သူတွေ အဆင်ပြေတယ်။ ဥပမာပြောရရင် ညလုံးပေါက် ကဲတာမျိုးတွေပေါ့။ ကောင်းအတူ ဆိုးအတူ ကိုယ်နဲ့အတူလိုက်လုပ်မယ့် စိတ်ထားလေးလည်း ရှိဖို့လိုပါတယ်။ မီချီဂန်တက္ကသိုလ်က ကာလရှည်ကြာလေ့လာခဲ့တဲ့ စစ်တမ်းအရဆိုရင် အရက်အတူသောက်တဲ့စုံတွဲတွေက ပိုပြီးပျော်ရွှင်ကြတယ်ဆိုပဲ။
ခင်ပွန်းကို မှီခိုနေသူမဟုတ်ဘူး။ ကိုယ်ပိုင်ဘဝလေးကို တည်ဆောက်နေသူ။ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်သူပေါ့။ ကိုယ်ပိုင်ပတ်ဝန်းကျင် အသိုင်းအဝိုင်းလည်း ရှိသူပါ။
ဘယ်သူမှ ခြောက်ပြစ်ကင်း သဲလဲစင်တော့မဟုတ်ဘူး။ အတိတ်က အမှားတွေ ရှိခဲ့ဖူးမယ်။ လက်ရှိမှာလည်း ပြစ်ချက်လေးတွေ ရှိနေတယ်။ ဒါကို လက်ခံပေးနိုင်တဲ့ မိန်းကလေးမျိုးကိုလည်း ရွေးရမယ်။
အဆင်မပြေတာတွေ ရှိခဲ့ဖူးတယ်။ ရန်ဖြစ်ခဲ့ဖူးတယ်။ ဒါတွေကို ခွင့်လွှတ်ပေးနိုင်သူမျိုးပါ။ ဖြစ်ခဲ့ပြီးတဲ့ ကိစ္စတစ်ခုကိုပဲ ထပ်တလဲလဲ မပြီးနိုင်မစီးနိုင် ပြောဆိုနေတဲ့ မိန်းကလေးမျိုးကို ဘယ်ယောက်ျားလေးမှ သည်းမခံနိုင်ဘူးလေ။ ရန်ဖြစ်တုန်းကဖြစ်၊ ပြီးရင် မေ့ပလိုက်တာမျိုးကို သဘောကျကြပါတယ်။
Source : Business Insider
Share