ရိုမီယိုနဲ့ ဂျူးလီးယက်လို "ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်" ဆိုတဲ့ စုံတွဲတွေကို ပတ်ဝန်းကျင်မှာ တွေ့ဖူးကြမှာပေါ့နော်။

ရိုမီယိုနဲ့ ဂျူးလီးယက်လို "ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်" ဆိုတဲ့ စုံတွဲတွေကို ပတ်ဝန်းကျင်မှာ တွေ့ဖူးကြမှာပေါ့နော်။ တွဲလာတာကလည်း ကြာပြီ။ တစ်ယောက်နဲ့တစ်ယောက်လည်း ပြဿနာရယ်လို့ မရှိသလောက်ပဲ။ ဘယ်သွားမယ်။ ဘာလုပ်မယ်ဆိုတဲ့ ကိစ္စတွေမှာလည်း အတွဲညီတယ်။ စသဖြင့်ပေါ့။ ဒါပေမယ့်် အဲဒီလိုအတွဲတွေကိုကြည့်ပြီး ပျော်ရွှင်တဲ့အတွဲဆိုတာ ဘယ်လိုပါ ဆိုတဲ့ မှားယွင်းတဲ့အယူအဆတွေလည်း ပေါ်ပေါက်လာပါတယ်။ အဲဒီအယူအဆတွေကတော့...

၁။ ချစ်သူနဲ့ အတူနေရဖို့ အသိုင်းအဝိုင်းတစ်ခုလုံး စွန့်လွှတ်ရမယ်

o-HAPPY-COUPLE-facebook.jpg 

တချို့လူတွေက ချစ်သူနဲ့ နှစ်ယောက်တည်းကမ္ဘာလေးကို တည်ထောင်ဖို့အတွက် အသိုင်းအဝိုင်းတစ်ခုလုံးကို (သူငယ်ချင်း၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်) စွန့်လွှတ်ရမယ်။ တနည်းအားဖြင့် မိမိတို့ရဲ့ အချိန်တိုင်းကို ချစ်သူအတွက်ပဲ ပေးဆပ်ရမယ်လို့ ထင်တတ်ကြပါတယ်။ ဒီအမြင်က တကယ်တမ်းကျတော့ တော်တော်လေးကို မှားယွင်းတဲ့ အယူအဆတစ်ခုပါ။

တကယ်ပျော်ရွှင်တဲ့ ချစ်သူစုံတွဲတွေဆိုတာ အတ္တနဲ့တည်ဆောက်ထားတာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်ဝါသနာ၊ ကိုယ်ပိုင်အသိုင်းအဝိုင်းဆိုတာ ရှိပါတယ်။ တစ်ခါတလေမှာ မိမိရဲ့လက်တွဲဖော်ကို သူတို့ဝါသနာပါရာ၊ စိတ်ဝင်စားရာ အသိုင်းအဝိုင်းမှာ အချိန်ဖြုန်းဖို့ တိုက်တွန်းအားပေးတတ်တဲ့ ဆက်ဆံရေးကမှ တကယ်ပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခုပါ။

နောက်တစ်ခုက လူဆိုတာ ပြောင်းလဲတတ်ပါတယ်။ တစ်ချိန်ကျမှ မိမိရဲ့လက်တွဲဖော် ပြောင်းလဲသွားချိန်ကျမှ ကိုယ်စွန့်လွှတ်ထားခဲ့တဲ့ အသိုင်းအဝိုင်းထဲ ပြန်ဝင်ဖို့ ကြိုးစားမယ်ဆိုရင်ကော လွယ်ကူမယ်ထင်ပါသလား။

၂။ ကိစ္စတိုင်းကို တူတူလုပ်ဖို့ လိုတယ်

travel-couple-s.jpg 

ဒါဟာလည်း သမီးရည်းစားတွေ အမြင်မှားနေကြတဲ့ နောက်ထပ်အယူအဆတစ်ခုပဲ ဖြစ်ပါတယ်။ ဘဝမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရာမှာ မိမိတို့ရဲ့ လက်တွဲဖော်တွေနဲ့ ညှိနှိုင်းစဉ်းစားတာဟာ ဖြစ်သင့်ဖြစ်ထိုက်ပေမယ့် အသေးအဖွဲ ကိစ္စလေးတွေကအစ ရည်းစားကို သွားအားကိုးနေမိတာဟာ၊ ဒါမှမဟုတ် အားကိုးလာပါစေလို့ မျှော်လင့်နေမိတာဟာ တော်တော့်ကို လွဲမှားတဲ့ အယူအဆဆစ်ခုပါ။

ကြာလာရင် ရိုးအီလာမယ်ဆိုတဲ့ စကားလည်းရှိပါတယ်။ ကိစ္စတိုင်း၊ အရာရာတိုင်းကို အတူတကွလုပ်ဆောင်နေမယ်ဆိုရင် ကြာလာရင် တစ်ယောက်ကို တစ်ယောက် ရိုးအီလာမှာပါပဲ။ အချစ်မှာ လွမ်းတတ်လာအောင် တစ်ခါတလေ ခွဲနေပေးရတာလည်း ရှိပါတယ်။

၃။ ပျော်ရွှင်တဲ့ စုံတွဲတွေဆိုတာ ပြဿနာလုံးဝမတက်ဘူး

Arguing-couple.jpg 

တစ်ချို့တွေက ထင်ကြပါတယ်။ ပြီးပြည့်စုံတဲ့ စုံတွဲတွေဆိုတာ တစ်ယောက်ကိုတစ်ယောက်လည်း အရမ်းချစ်၊ မိဘဆွေမျိုးတွေကလည်း သဘောတူ၊ အချင်းချင်းလည်း ပြဿနာလုံးဝမတက်တဲ့ စုံတွဲတွေပါပဲလို့။ အဲဒီအမြင်ဟာ တကယ်တမ်းကျတော့ မှားပါတယ်။

တကယ်တမ်းကျတော့ သမီးရည်းစားချင်း ကတောက်ကဆဖြစ်တာ၊ စကားများတာတွေဟာ ဖြစ်ရိုးဖြစ်စဉ်ပါ။ ပျော်ရွှင်တဲ့ စုံတွဲတွေဟာ အဲဒီပြဿနာတွေကြားက မိမိရဲ့ချစ်သူအကြောင်းကို လေ့လာပြီး ပိုမိုကောင်းမွန်တဲ့ အနေအထားတစ်ခုကို ဘယ်လိုဖန်တီးမလဲ စဉ်းစားတတ်သူတွေဖြစ်ပါတယ်။

See also 

၄။ ပျော်ရွှင်တဲ့အတွဲတွေဟာ တူညီတဲ့ပန်းတိုင်တွေ ရှိကြပါတယ်

couple-pompe-abdo.jpg

ဒါလည်း မှားပါတယ်။ တကယ်တမ်းကျတော့ တစ်ရုံးတည်း၊ တစ်ဋ္ဌာနတည်းမှာ အလုပ်တူတူလုပ်ပြီး လက်ထပ်သွားတဲ့၊ ပျော်ရွှင်တဲ့ မိသားစုုဘဝလေးကို တည်ထောင်သွားနိုင်တဲ့ စုံတွဲတွေဆိုတာ အရမ်းရှားပါတယ်။ တကယ်တော့ ယောကျ်ားနဲ့မိန်းမဆိုတာ မတူညီတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း၊ မတူညီတဲ့ စိတ်နေစိတ်ထား၊ မတူညီတဲ့ အတွေးအခေါ်တွေနဲ့ ပေါင်းစည်းထားတာဖြစ်ပါတယ်။ ဒီလို မတူညီတဲ့ အရာတွေကို အလှပဆုံးဖြစ်အောင် ဘယ်လိုပေါင်းစည်းရမလဲဆိုတာကို သိတဲ့ အတွဲတွေပဲ ပျော်ရွှင်တဲ့ စုံတွဲတွေ ဖြစ်လာတာပါ။

၅။ အနည်းဆုံးတော့ ဝါသနာတူကြတယ်

kylie-jenner-travis-scott-pregnant-0001.jpg

တစ်စိတ်တစ်ဒေသတော့ မှန်နေနိုင်ပါတယ်။ များသောအားဖြင့်ကတော့ မမှန်နိုင်ပါဘူး။ ဥပမာ... ဘောပွဲကြိုက်တဲ့လင်မယားဟာ တစ်ခါတလေ ဘောပွဲတူတူကြည့်လို့ရပေမယ့် အချိန်တိုင်းတော့ တူတူရှိချင်မှ ရှိနေနိုင်ပါလိမ့်မယ်။ လူတိုင်းမှာ ကိုယ်ပိုင်အချိန်လေးတွေ သုံးဖို့လိုအပ်သလို မိမိဝါသနာပါရာကို အားလပ်ချိန်မှာ လိုက်ဖို့လည်း လိုအပ်ပါသေးတယ်။ ပျော်ရွှင်တဲ့စုံတွဲဖြစ်လို့ ဝါသနာတူရင် ကောင်းတယ်ဆိုပေမယ့် မတူတူအောင် မဖြစ်မနေကြီး လိုက်ညှိဖို့လည်း မလိုအပ်ပါဘူး။

Source: TopBanger

 

Share

Loading Next Article...
က္က