In partnership with  logo
Albino ရောဂါဆိုတာ အရေပြား၊ ဆံပင်နဲ့ မျက်စိဆဲလ်တွေထဲမှာ melanin ဆိုတဲ့ ရောင်ခြယ်တစ်မျိုး ကင်းမဲ့မှုကြောင့် ဖြစ်လာတဲ့ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ရောဂါတစ်မျိုးပါ။

Albino ရောဂါဆိုတာ မွေးရာပါ အသားအရောင်နဲ့ ဆံပင် ဆွတ်ဆွတ်ဖြူတဲ့ ရောဂါတစ်မျိုးပါ။ ဒီရောဂါဟာ အရေပြား၊ ဆံပင်နဲ့ မျက်စိဆဲလ်တွေထဲမှာ melanin ဆိုတဲ့ ရောင်ခြယ်တစ်မျိုး ကင်းမဲ့မှုကြောင့် ဖြစ်လာတဲ့ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ရောဂါတစ်မျိုးပါ။ ရှားပါးတဲ့ ဒီရောဂါဟာ ဆရာဝန်တွေနဲ့ သိပ္ပံပညာရှင်တွေကြားမှာတောင် လျှို့ဝှက်ကိစ္စတစ်ခုလို ရပ်တည်နေဆဲပါပဲ။

 

Albino ရောဂါဟာ မိမိရဲ့သားသမီးမျိုးဆက်တွေထိ လက်ဆင့်ကမ်းနိုင်သလို ကုသလို့လည်း မရပါဘူး။ Albino ရောဂါဖြစ်နေတဲ့ လူတွေကို လူတော်တော်များများက မတူကွဲပြားတဲ့ လူတွေအဖြစ် သတ်မှတ်ကြသလို ဝိုင်းဝန်းနောက်ပြောင် ကြတာတွေလည်း ရှိပါတယ်။ ရှေးတုံးကဆိုရင် သူတို့ကို ဆပ်ကပ်ထဲမှာတောင် လူထူးလူဆန်းတွေအဖြစ် ပြသခဲ့ကြတာပါ။

ဒါပေမယ့် ဒီအမြင်အားလုံးကို ပြောင်းပြန်လှန်ပစ်ပြီး မတူကွဲပြားမှုကို ပျော်ရွှင်စွာလက်ခံပြီး အောင်မြင်တဲ့ ဘဝလမ်းကြောင်းကို လျှောက်လှမ်းနေကြတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။

၁။ Nastya Zhidkova

Albino-Models_1_3.jpg 

ငယ်ရွယ်လှပတဲ့ ဒီရုရှားမော်ဒယ်မလေးဟာ albino ရောဂါဝေဒနာရှင်တစ်ဦးဖြစ်ပြီး အိန်ဂျယ်လ်တစ်ပါးလို လှပတဲ့ မျက်နှာလေးကြောင့် ကမ္ဘာပေါ်မှာ အလှပဆုံး albino တစ်ယောက်လို့ သတ်မှတ်ခြင်းခံထားရပါတယ်။ ကျွန်တော်တို့မှာ ဒီအချက်ကို ငြင်းပယ်နိုင်စွမ်းလည်း မရှိပါဘူး။

၂။ Connie Chiu

Albino-Models_2_4.jpg 

တရုပ်လူမျိုးတစ်ဦးဖြစ်တဲ့ Connie Chiu ကတော့ albino ရောဂါသည်တွေထဲမှာ မော်ဒယ်တစ်ဦးအဖြစ် ကမ္ဘာက ပထမဆုံး အသိအမှတ်ပြုခြင်းကို ခံရသူတစ်ဦးဖြစ်ပါတယ်။ အခုချိန်မှာ အသက် (၄၈) နှစ်ရှိပြီဖြစ်တဲ့ Connie Chiu ဟာ albino ရောဂါကို ကြံ့ကြံ့ခံပြီး မော်ဒယ်တစ်ဦးအဖြစ် မိမိရဲ့အလှအပကို ရဲရဲဝံ့ဝံ့ ချပြခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ Connie Chiu ဟာ နောက်ပိုင်းမှာ ဂျာနယ်လစ်ပညာရပ်ကိုလည်း လေ့လာခဲ့ပါသေးတယ်။

see also 

၃။ Alyona Subbotina

Albino-Models_4.jpg 

Alyona Subbotina ကတော့ Kazakhstani ဖက်ရှင်မော်ဒယ်တစ်ဦးဖြစ်သလို စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ ၂၀၁၁ ခုနှစ်တုံးက Givenchy ဖက်ရှင်ရက်သတ္တပတ်ကို ဖွင့်လှစ်ပေးခဲ့ရသည်အထိ အပြည်ပြည်ဆိုင်ရာရဲ့ အသိအမှတ် ပြုမှုကို ရရှိခဲ့ပါတယ်။ သူမဟာ Giorgio Armani, Givenchy နဲ့ Helmut Lang အစရှိတဲ့ နာမည်ကျော်ဖက်ရှင် ဒီဇိုင်နာတွေနဲ့လည်း အတူတူအလုပ်လုပ်ခဲ့ပါသေးတယ်။

၄။ Diandra Forrest

Albino-Models_6_1.jpg 

Diandra Forrest ကတော့ အမေရိကန်- အာဖရိကန် မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ အရပ်အမြင့် (၅) ပေ (၁၀) လက်မရှိတဲ့ Diandra Forrest ဟာ လှပတဲ့ အစိမ်းရောင်မျက်လုံး၊ ရွှေအိုရောင် ဆံပင်တွေနဲ့ အထူးလှပပါတယ်။ ဒါတွေကို သူမရဲ့ အာဖရိကန် နှုတ်ခမ်းထူထူလေးနဲ့ ပေါင်းစပ်လိုက်တော့ အလွန်လှပတဲ့ မော်ဒယ်မလေးတစ်ယောက်ဆိုတာကို အငြင်းပွားဖွယ် မရှိတော့ဘူးပေါ့။

၅။ Ava Clarke

Albino-Models_9_2.jpg 

ဒီထဲမှာ အသက်အငယ်ဆုံးနဲ့ ချစ်စရာအကောင်းဆုံး အာဖရိကန် albino မော်ဒယ်လေးကတော့ Ava Clarke ပါပဲ။ သူမဟာ လှပတဲ့ အဖြူရောင်ဆံပင်၊ စိမ်းပြာရောင်မျက်လုံး၊ နှင်းဆီသွေးရောင် နှုတ်ခမ်းလေးတွေနဲ့ ကမ္ဘာကြီးကို သိမ်းပိုက်ထားတာပါ။ Ava Clarke မွေးဖွားခဲ့စဉ်တည်းက သူမမှာ ထူးခြားချက်တစ်ခုရှိနေခဲ့တာတော့ အမှန်ပါပဲ။ သူမရဲ့ထူးခြားချက်ကပဲ သူမကို ကမ္ဘာကျော်စေ ခဲ့ပါတယ်။ သူမဟာ Beyonce ရဲ့ Lemonade ဆိုတဲ့ MV ထဲမှာတောင် ဝင်ရောက်သရုပ်ဆောင်ခဲ့ပါသေးတယ်။

Source: Topbanger

 

Share

Loading Next Article...
က္က