မျက်တောင်ကော့ဆေးတွေ ခဲပျစ်နေရင် ဘူးကို ရေနွေးထဲ ခဏစိမ်လိုက်....

မျက်တောင်ကော့ဆေး (မာစကာရာ) သုံးတဲ့အခါ မျက်နှာအတွက် မိတ်ကပ်တွေ အားလုံးလိမ်းခြယ်ပြီးလို့၊ နောက်ဆုံးအဆင့်ရောက်မှ သုံးကြပါတယ်။ အဲ့ဒီအခါ လက်ကို အငြိမ်ဆုံးထားရတယ်လေ။ မျက်တောင်ကော့ဆေးတွေ ဘေးကိုပေကုန်ရင် ဒုက္ခများတော့တာပဲ။

 

ဒီလိုမဖြစ်ရအောင် စတီးဇွန်းကို အသုံးပြုကြည့်ပါ။ မျက်ခွံနဲ့ မျက်တောင်ကြားမှာ ဇွန်းခံထားတော့ ဘေးတွေပေမှာ မပူရဘူး။ အားပါးတရသာသုံးလိုက်တော့လေ။

see also 

 

နောက်တစ်ချက်က မျက်တောင်ကော့ဆေးဟာ အဖုံးဖွင့်ပြီး စသုံးတာနဲ့ ၆ လအတွင်းပဲ သုံးသင့်ပါတယ်နော်။ ဘက်တီးရီးယားတွေ ကပ်နိုင်တာရယ်၊ ၆ လအတွင်း ခဲသွားတာရယ်ကြောင့် သုံးလို့အဆင်မပြေတော့ဘူးလေ။

 

သုံးလို့ ကုန်သွားတဲ့ မျက်တောင်ကော့ဆေးဘူးကိုလည်း လွှင့်မပစ်ပါနဲ့။ မျက်တောင်ကော့တံလေးကို သိမ်းထားပါ။ မိတ်ကပ်ဖျက်ဆေး၊ ရေနွေးတို့နဲ့ ပြောင်အောင်ဆေး၊ အခြောက်ခံထားပေါ့။ ညအိပ်ရာဝင်ခါနီးတိုင်းမှာ မျက်တောင်ကော့တံလေးကို သံလွင်ဆီ ဒါမှမဟုတ် ကြက်ဆူဆီလေးသုတ်ပြီး မျက်တောင်လေးတွေကို ကော့ကော့ပေးပါ။ မျက်တောင်တွေ ထူထဲပြီး ရှည်လာတာကို တစ်လအတွင်း တွေ့ရပါလိမ့်မယ်နော်။

Share

Loading Next Article...
က္က