ကွက်တိကွက်ကျားလက်သည်းနီတွေဖျက်ဖို့ လက်သည်းဖျက်ဆေးကလည်း ကုန်နေပြီ :(

ဒါမျိုးက မိန်းကလေးတွေ ကြုံရတတ်တယ်။ လက်သည်းနီတွေက ဆိုးထားတာကြာလို့ ကွက်တိကွက်ကြားဖြစ်နေတာမျိုး။ ကိုယ်ကလည်း သွားစရာလေးကလည်းရှိ၊ ကွက်တိကွက်ကျားလက်သည်းနီတွေဖျက်ဖို့ လက်သည်းဖျက်ဆေးကလည်း ကုန်နေတာမျိုးလေ။ ဒီလိုဆိုရင် အသုံးတည့်မယ့် နည်းတချို့တော့ ရှိပါတယ်။

 

ပထမနည်းကတော့ ရှာလကာရည်နဲ့ သံပရာရည်ကို သုံးတဲ့နည်းပါ။ နှစ်မျိုးလုံးက အက်ဆစ်ဓာတ်များတယ်လေ။ သံပရာသီးတစ်လုံးကို ရှာလကာရည် ထမင်းစားဇွန်း ၂ ဇွန်းနဲ့ရောလိုက်ပါ။ ရောထားတဲ့အရည်ခွက်ထဲကို လက်သည်းတွေ မိနစ် ၂၀ လောက် စိမ်ထားပေးရပါမယ်။ ပြီးရင် ရောထားတဲ့အရည်တွေကို ဂွမ်းစလေးနဲ့ယူပြီး လက်သည်းနီတွေကို ဖျက်လို့ရနိုင်ပါတယ်။

see also 

ဟိုက်ဒြိုဂျင်ပါအောက်ဆိုဒ် ၂ ဆ၊ ရေနွေး ၁ ဆ တို့ကို ခွက်တစ်လုံးထဲမှာ ရောစပ်ပါ။ ပြီးရင် လက်ကို ခွက်ထဲမှာစိမ်ထားပြီး လက်သည်းနီတွေကို ပွတ်တိုက်ပေးရပါမယ်။

 

လက်သည်းနီတွေနူးသွားရင် တံစဉ်းလေးနဲ့ ပွတ်တိုက်ပေးတဲ့အခါ လုံးဝ ပြောင်သွားမှာပါ။

 

Share

Loading Next Article...
က္က