ကမ္ဘာပေါ်က ပုရိသတိုင်းရဲ့အိမ်မက်တွေကို လှပစေခဲ့တဲ့ ပလေးဘွိုင်ကြီးရဲ့ ကွယ်လွန်မှုကို ဦးညွှတ်ဂုဏ်ပြုလိုက်ကြရအောင်။

ကာလသားကြိုက် မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Playboy မဂ္ဂဇင်းကို စတင်ထူထောင်ခဲ့တဲ့ စော်ကြည်ဘဲကြီး Hugh Hufner ဟာ ပြီးခဲ့တဲ့ အပတ် ဗုဒ္ဓဟူးနေ့က လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာ သူ့အသက်ဟာ (၉၁) နှစ်ရှိပါပြီ။ အမေရိကန် နိုင်ငံနဲ့ တစ်ကမ္ဘာလုံးက အမျိုးသားတွေကို အိမ်မက်လှလှမက်စေခဲ့တဲ့ Playboy မဂ္ဂဇင်းနဲ့ Hugh Hufner ဟာ ခွဲခြားလို့မရပါဘူး။

 

Hugh Hufner ဟာ ၁၉၅၀ ခုနှစ်တည်းက လူတွေရဲ့ လိင်ကိစ္စနဲ့ ပတ်သက်တဲ့ အမြင်တွေကို ပြောင်းလဲပေးခဲ့တဲ့ တော်လှန်ပြောင်းလဲ ပေးခဲ့သူလည်း ဖြစ်ပါတယ်။ တော်လှန်ပြောင်းလဲ စွန့်ဦးတီထွင်သူကြီး Hugh Hufner နဲ့ ပတ်သက်တဲ့ အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပညာရေး

feature-10.jpg 

Hugh Hufner ဟာ မဟာဘွဲ့တက်နေရင်း နှစ်ဝက်မှာ ကျောင်းထွက်ခဲ့တဲ့ သာမန်လူတစ်ဦးသာဖြစ်ပါတယ်။ ကျောင်းတက်နေစဉ် သူဟာ "အမေရိကန်တရားဥပဒေထဲက လိင်မှုဆိုင်ရာ အပြုအမူတွေ" ဆိုတဲ့ စာတမ်းတစ်စောင်ကိုလည်း ရေးသားခဲ့ပါသေးတယ်။ အဲဒီသုတေသနမှာ Hugh ဟာ အဆင့် "A" ရရှိခဲ့ပြီး သူဟာ လိင်မှုကိစ္စနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို ပိုမိုစိတ်ဝင်စား လာခဲ့ပါတယ်။

၂။ ချစ်သူမိန်းကလေးတွေကို ပေးတဲ့ ထောက်ပံ့ကြေး

2-32.jpg 

Hugh Hufner ကို SKB ကြီးလို့ ခေါ်တာ အကြောင်းမဲ့တော့မဟုတ်ပါဘူး။ သူနေထိုင်တဲ့ Playboy Mansion (ပဘေးဘွိုင် ဂေဟာ) ထဲမှာ ချစ်သူမိန်းကလေး (၂၅) ဦးကျော် ရှိပါတယ်။ အဲဒီ မိန်းကလေးအားလုံး မဖြစ်မနေလိုက်နာရတဲ့ စည်းမျဉ်းတစ်ခုကတော့ Hugh နဲ့ တွဲနေသရွေ့ တခြားရည်းစား ထားခွင့်မရှိတာပါပဲ။ နောက်ပြီး ည (၉) နာရီကျော်ရင် ဘယ်သူမှ အိမ်အပြင် ထွက်ခွင့် မရှိပါဘူး။ ဒါတွေကလွဲရင် Hugh ရဲ့ရည်းစားဖြစ်ရတာ မစားသာဘူးလို့တော့ မဆိုနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ Hugh ဟာ သူ့ရည်းစားတစ်ဦးချင်းစီကို တစ်ပတ်ကို အသုံးစရိတ် ဒေါ်လာ (၁၀၀၀) ပေးလို့ပါပဲ။

၃။ ပလေးဘွိုင်မဂ္ဂဇင်းဟာ လူပြောအများဆုံး ပုံနှိပ်မဂ္ဂဇင်းတစ်စောင်ဖြစ်တယ်

hefner.jpg 

Hugh ဟာ ၁၉၅၃ ခုနှစ်မှာ Playboy (ပလေးဘွိုင် မဂ္ဂဇင်း) ကို စတင်ထုတ်ဝေခဲ့ပါတယ်။ မဂ္ဂဇင်းကို စတင်ဖြန့်ဝေတုံးက ဒေါ်လာ (၈၀၀၀) နဲ့ စခဲ့ရပြီး နာမည်ကျော် ညှို့မင်းသမီး မာရီလင်မွန်ရိုး (Marilyn Monroe) ရဲ့ မလုံ့တလုံဓာတ်ပုံကို မဂ္ဂဇင်းမျက်နှာဖုံးအဖြစ် အသုံးပြုခဲ့ပါတယ်။ အဲဒီခေတ်တုံးကတော့ အမျိုးသမီးတစ်ယောက်ရဲ့ မလုံ့တလုံပုံကို မျက်နှာဖုံးပုံအဖြစ် အသုံးပြုတာ ပလေးဘွိုင်က ပထမဆုံးပါပဲ။ ထုံးစံအတိုင်း ကန့်ကွက်မှုတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ပလေးဘွိုင်မဂ္ဂဇင်းဟာ လူ့သမိုင်းတလျှောက်မှာ လူပြောအများဆုံးနဲ့ စိတ်ဝင်စားမှု အခံရဆုံး ပုံနှိပ်မဂ္ဂဇင်း တစ်စောင် ဖြစ်လာခဲ့ပါတယ်။

See also 

၄။ သူ့ထက် အသက် (၆၀) ငယ်တဲ့ မိန်းကလေးကို လက်ထပ်ထားတယ်

4-30.jpg 

ချစ်သူမိန်းကလေး အယောက် (၂၀) ကျော် ထားတဲ့အပြင် Hugh ဟာ အခုအချိန်မှာ အသက် (၃၁) နှစ်ရှိပြီဖြစ်တဲ့ Crystal Harris ဆိုတဲ့ မိန်းကလေးနဲ့လည်း တရားဝင် လက်ထပ်ထားပါသေးတယ်။ Crystal Harris ဟာ Hugh ထက် အသက် အနှစ် (၆၀) လောက် ငယ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လထုတ် ပလေးဘွိုင် မဂ္ဂဇင်းမျက်နှာဖုံးမှာ မစ္စစ် Crystal Hufner ဆိုတဲ့ ခေါင်းစည်းနဲ့ ပါဝင်ခဲ့ပြီးနောက် သူမဟာ နေ့ချင်းညချင်း လူသိများလာခဲ့ပါတယ်။

နောက်ပိုင်းမှာ သူမဟာ မင်္ဂလာပွဲကို ဖျက်သိမ်းပစ်ဖို့ ဆုံးဖြတ်ခဲ့ပါသေးတယ်။ မဂ္ဂဇင်း အယ်ဒီတာက အဲဒီလထုတ် မဂ္ဂဇင်းခေါင်းစည်းမှာ "ထွက်ပြေးတဲ့ သတို့သမီး" ဆိုတဲ့ စတစ်ကာလေး ထပ်ကပ်ပေးခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာတော့ သူတို့ နှစ်ယောက်ဟာ တကယ်လက်ထပ်ဖြစ်ခဲ့ပါတယ်။

၅။ ဂင်းနစ်မှတ်တမ်းဝင်ခဲ့တယ်

Hugh ဟာ ကမ္ဘာပေါ်မှာ ပုဂ္ဂလိကပိုင် ဓာတ်ပုံမှတ်တမ်းစာအုပ်တွေအများဆုံး ပိုင်ဆိုင်သူတစ်ဦးအဖြစ် ဂင်းနစ်မှတ်တမ်း ဝင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ Hugh နဲ့ ပတ်သက်တဲ့ နောက်ထပ်မှတ်တမ်းတစ်ခုကတော့ သူဟာ မဂ္ဂဇင်းလောကမှာ သက်တမ်းအကြာဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ အယ်ဒီတာချုပ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူသေခါနီးနေ့ရက်တွေမှာတောင် Hugh ဟာ သူ့မဂ္ဂဇင်းမှာ ဖော်ပြမယ့် ဆောင်းပါးတိုင်းကို တည်းဖြတ်လေ့ရှိတယ်လု့ိ ဆိုပါတယ်။

၆။ အထင်ကရနေရာတစ်ခုကို တည်ဆောက်ခဲ့တယ်

6-21.jpg 

Hugh Hufner ဟာ ကမ္ဘာပေါ်က အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဇိမ်ခံအိမ်ကြီးကို တည်ဆောက်ခဲ့တဲ့အတွက် နာမည်ကြီးပါတယ်။ သူ့ရဲ့ပလေးဘွိုင်ဂေဟာကို လူအများက နတ်သမီးတို့ ပျော်စံရာ နယ်မြေတစ်ခုအဖြစ် မြင်ခဲ့ကြပြီး အိမ်ဂေဟာထဲမှာ ဘီကီနီဝတ်ထားတဲ့ တောင့်တောင့်ဖြောင့်ဖြောင့် မိန်းမချောလေးတွေနဲ့ ပြည့်နှက်နေပါတယ်။

အနောက်နိုင်ငံတွေမှာတော့ ၇၀ ပြည့်နှစ်တွေတုံးက ပလေးဘွိုင်ဂေဟာဟာ တော်တော်လေးနာမည်ကြီးခဲ့ပါတယ်။ ပလေးဘွိုင်ဂေဟာ ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်က ဟုမ်းလ်ဘီလ် တောင်ကုန်းအရပ်မှာ တည်ရှိပါတယ်။

Source: Youngisthan

 

Share

Loading Next Article...
က္က