မိတ်ကပ်ပမာဏကို ဘယ်လောက်ပဲလိမ်းလိမ်း ရပါတယ်။ ဒါပေမဲ့ မိတ်ကပ်မပါဘဲ သဘာဝကျကျလေး လှအောင်လိမ်းမကြည့်ချင်ဘူးလား။

မျက်နှာပေါ်မှာ တင်းတိပ်၊ မှဲ့ခြောက်၊ အမာရွတ်လေးတွေ ရှိနေတဲ့အခါ မိတ်ကပ်အများကြီးလိမ်းမှ ဖုံးနိုင်မယ်လို့ ထင်ကြတယ်နော်။ အောက်ခံမိတ်ကပ် (ဖောင်ဒေးရှင်း)ကို ထူထူလိမ်းမယ်လို့ ထင်နေကြတယ်။ ဖောင်ဒေးရှင်း မလိမ်းဘဲနဲ့ကို မျက်နှာက ကြည်ကြည်လင်လင်လေးနဲ့ လှအောင် လိမ်းလို့ရမယ့်နည်းကို မသိချင်ဘူးလား။

 

၁။ မျက်နှာကို အစိုဓာတ်ဖြည့်ပေးဖို့ moisturizer လေး လူးပေးပါ။ ကြည်လင်စိုပြေနေတဲ့ မျက်နှာလေးကြောင့် ကျန်းမာနုပျိုတဲ့အသွင် ဖြစ်စေပါတယ်။

see also 

၂။ Primer လူးပါ။ အမြဲတမ်းလူးရမယ်လို့တော့ မဆိုလိုပါဘူး။ Primer က ကိုယ့်အသားပေါ်မှာ ပေါ့ပေါ့ပါးပါးဖြစ်နေမယ့်ဟာမျိုးကိုပဲရွေးပါ။ လက်နဲ့ပဲလူးရပါမယ်။ အသားအရေတင်းရင်းသွားပြီး အဆီပြန်တာတွေကို ထိန်းချုပ်နိုင်တယ်။ မိတ်ကပ်လည်းစွဲမြဲစေတယ်လေ။

 

၃။ Concealer လည်း သုံးရပါမယ်။ သူက အမာရွတ်နဲ့ အနာအဆာတွေကို ဖုံးဖို့ပေါ့။ မျက်တွင်းညိုနေတယ်ဆိုရင်လည်း မသိသာအောင်လေ။ Concealer ကို ဖုံးချင်တဲ့နေရာပေါ် အစက်လေးချပြီး လက်ချောင်းလေးနဲ့ ဖြည်းဖြည်းချင်းပုတ်ပေးရပါမယ်။

 

၄။ Highlight လုပ်ပေးမယ်ဆိုရင် မျက်နှာလေးက လင်းလက်သွားမှာ။ အဲ့ဒီလင်းလက်မှုကြောင့်ပဲ အနာအဆာတွေကို ပျောက်သွားအောင် လှည့်စားပစ်လိုက်နိုင်တယ်လေ။

 

၅။ မျက်လုံးလေးနဲ့ နှုတ်ခမ်းလေးကိုလည်း ဂရုစိုက်ပေးရဦးမယ်။ မျက်နှာမှာ အဲ့ဒီနှစ်မျိုးက ဆွဲဆောင်မှုအရှိဆုံးမဟုတ်လား။ မျက်တောင်လေးကော့၊ lip balm လေး ဆိုးပေးလိုက်ရင် မိတ်ကပ်မပါဘဲနဲ့ လှနေတဲ့သွင်ပြင်လေး ဖြစ်နေမှာ အသေအချာပါပဲနော်။ ထပ်ပြီးလိမ်းချင်ရင်တော့ ပေါင်ဒါနည်းနည်းပုတ်လိုက်ရုံပါပဲ။

Source : Lauren Curtis YouTube

Share

Loading Next Article...
က္က