ဂါဝန်တိုတိုလေးဝတ်ပြီး ရှော့ပင်ထွက်ချင်ရင် လက်မောင်းကြား၊ ချိုင်းကြားနဲ့ ဒကောက်ကွေး (ဒူးအနောက်ဖက်) ကြားက အမဲကြောင်းတွေက အလှဖျက်နေတဲ့အခါ သိပ်စိတ်ညစ်ရပါတယ်နော်။

ကမ်းခြေမှာ ဘီကီနီလေးဝတ်ပြီး လန်းချင်ရင်၊ ဂါဝန်တိုတိုလေးဝတ်ပြီး ရှော့ပင်ထွက်ချင်ရင် လက်မောင်းကြား၊ ချိုင်းကြားနဲ့ ဒကောက်ကွေး (ဒူးအနောက်ဖက်) ကြားက အမဲကြောင်းတွေက အလှဖျက်နေတဲ့အခါ သိပ်စိတ်ညစ်ရပါတယ်နော်။ ဒီလိုအမဲကြောင်းတွေက ဆဲလ်သေတွေနဲ့ နေလောင်ဒဏ်ကြောင့် ဖြစ်လာရတယ်ဆိုပေမယ့် တစ်ခါတလေမှာ ဆဲလ်သေဖယ်ရှားခြင်း (scrubbing) လုပ်တာတောင် မပျောက်ပါဘူး။

 

အတင်းကြီးပွတ်မိတဲ့အခါ နီရဲလာပြီး ပိုတောင်အခြေအနေ ဆိုးသွားနိုင်ပါသေးတယ်။ မိမိတို့ရဲ့ လှပတဲ့ ခြေတံရှည်လေးတွေ၊ ချိုင်းကြားလေးတွေကို ယုံကြည်မှုအပြည့်နဲ့ ဖော်ပြနိုင်ဖို့အတွက် နည်းလမ်းလေးတွေ ရှိနေပါသေးတယ်။

၁။ ပျားရည်

Honey-Dippers.jpg 

ပျားရည်တစ်ဇွန်းကို သံပုရာရည်အနည်းငယ်နဲ့ ရောပြီး ခွက်တစ်ခွက်ထဲမှာ ထည့်ထားလိုက်ပါ။ ပြီးရင် ကုံကုမံရွက် အနည်းငယ်ကိုလည်း ထည့်ချင်ထည့်လိုက်ပါဦး။ ပြီးရင် အမဲကြောင်းလေးတွေ ရှိတဲ့နေရာကို အသာလေးပွတ်ပေးလိုက်ပါ။ ပျားရည်ရော၊ သံပုရာရည်ရောဟာ အကောင်းစား သဘာဝချေးချွတ်ဆေးတွေဖြစ်ပြီး အရေပြားပေါ်က အမဲကြောင်းတွေကို ပျောက်ကင်း စေနိုင်ပါတယ်။ ဒါ့အပြင် အရေပြားကိုလည်း အစိုဓာတ်ပြန်လည် ထိန်းသိမ်းပေးနိုင်ပါတယ်။

၂။ ခရမ်းချဉ်သီးဖျော်ရည်

homemade-tomato-juice-horiz-a-1200.jpg 

ခရမ်းချဉ်သီးဟာလည်း အရေပြားကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ခရမ်းချဉ်သီးအနှစ်ရည် လက်ဖက်ရည်ဇွန်း (၄) ဇွန်းခန့်ကို ထောပတ်နို့အနည်းငယ်နဲ့ရောပြီး အမဲရောင်အစင်းကြောင်းတွေ ပေါ်နေတဲ့နေရာတွေကို လိမ်းပေးလိုက်ပါ။ ခရမ်းချဉ်သီးရော၊ ထောပတ်ရောဟာ အရေပြားပေါ်က အမဲစက်တွေ၊ အမဲကြောင်းတွေကို အချိန်တိုအတွင်း ဖယ်ရှားပေးနိုင်ပြီး အရေပြားကို လင်းလက်တောက်ပစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ ပုံမှန်လေးသာလိမ်းပေးမယ်ဆိုရင် အရေပြားပေါ်က အမဲစက်တွေကို လုံးဝပျောက်ကင်းသွားအောင် ဖယ်ရှားပေးနိုင်ပါတယ်။

See also 

၃။ အုတ်ဂျုံမှုန့်

gluten-free-blueberry-banana-baked-oatmeal-bites-step-2.jpg 

အုတ်ဂျုံမှုန့်အနည်းငယ်ကို ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ နွားနို့ လက်ဖက်ရည်ဇွန်း (၂) ဇွန်းတို့နဲ့ရောပြီး အမဲကြောင်းထင်နေတဲ့ နေရာတွေနားမှာ အသာလေး လိမ်းပေးလိုက်ပါ။ ဒီဆေးလေးကို face mask အဖြစ်သုံးလို့လည်း ရပါတယ်။ ပျားရည်လေးက အရေပြားလေးကို တင်းရင်းစေသလို အုတ်ဂျုံမှုန့်ကတော့ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါလိမ့်မယ်။

၄။ သံလွင်ဆီ

Olive-Oil (2).jpg

သံလွင်ဆီဟာလည်း အရေပြားပေါ်က အမဲကြောင်းတွေကို ပြန်လည်ကုသပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ညအိပ်ခါနီးမှာ သံလွင်ဆီနည်းနည်းကို လက်ခုပ်ထဲထည့်ပြီး အမဲကြောင်းလေးတွေပေါ်မှာ လိမ်းပေးလိုက်ရုံပါပဲ။ ပြီးရင် တစ်ညသိပ်ထားပေးလိုက်ပေါ့။ သံလွင်ဆီဟာ ကလေးမွေးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဗိုက်ကြောပြတ်ခြင်းတွေကိုလည်း ပျောက်ကင်းစေပါတယ်။

၅။ ဗိုက်တာမင်အီး

fotolia_3483793_XS.jpg 

ဗိုက်တာမင်အီး ပါဝင်တဲ့ ငါးကြီးဆီလို ဆေးဝါးတွေဟာ အရေပြားပေါ်က အမဲကြောင်းတွေကို အမှန်တကယ် ပျောက်ကင်းစေတဲ့ antioxidant လေးတွေ ဖြစ်ပါတယ်။ ၎င်းဟာ အရေပြားကိုလည်း ကျန်းမာသန့်စင်စေပြီး သတိမထားလိုက်မိခင်မှာပဲ အမဲကြောင်းတွေ၊ အမဲစက်တွေ ကင်းဝေးသွားမှာပါ။

Source: Youngisthan

 

Share

Loading Next Article...
က္က