အောက်ပါ အရည်အချင်းတွေ ရှိနေမယ်ဆိုရင် ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေမှာ ရှင်သန်ရပ်တည်နိုင်မယ်လို့ ဆိုပါတယ်။

ဖိအားပေးခံရတဲ့ အခြေအနေမျိုး မကြုံရခင်မှာ ဘယ်လိုမျိုး ကိုင်တွယ်မလဲဆိုတာကို သိဖို့က ခက်ခဲပါတယ်။ ဒါပေမဲ့ European Psychologist မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ အောက်ပါ အရည်အချင်းတွေ ရှိနေမယ်ဆိုရင် ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေမှာ ရှင်သန်ရပ်တည်နိုင်မယ်လို့ ဆိုပါတယ်။ လေ့လာမှုကိုတော့ Portsmouth တက္ကသိုလ်နဲ့ Bath တက္ကသိုလ်တို့က သုတေသီတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။

 

၁။ အကောင်းမြင်စိတ် ၊ အပြုသဘောဆောင်တဲ့ အတွေးအမြင်ရှိသူဟာ ဖိအားတွေရှိနေသည့်တိုင် ရင်ဆိုင်နိုင်ဆုံးလူတွေ ဖြစ်ပါတယ်။

၂။ ဘာသာရေးတစ်ခုခုမှာ ယုံကြည်ကိုင်းရှိုင်းတယ်။

၃။ တက်တက်ကြွကြွရှိတယ်။ အလုပ်တစ်ခုခု၊ ကိစ္စတစ်ခုခု ရှိလာတိုင်း စိတ်ပါဝင်စားမှုရှိတယ်။

၄။ အကြောင်းကိစ္စတစ်ခုခု ကြုံလာတိုင်း အရေးကြုံမှ ဖြေရှင်းတတ်သူမဟုတ်ဘူး။ ကြိုကြိုတင်တင် စဉ်းစားချင့်ချိန်တတ်တယ်။

၅။ သင်ယူလေ့လာရတာ ပျော်ရွှင်သူဖြစ်တယ်။

 

၆။ စိတ်သဘောထားပျော့ပျောင်းတယ်။ အလိုက်အထိုက်ပေါင်းတတ်တယ်။ စိတ်ပိုင်းဆိုင်ရာအရ အပြောင်းအလဲတွေကို အလိုအလျောက်တွန်းလှန်နိုင်စွမ်းရှိတယ်။

၇။ အပေါင်းအသင်းဝင်ဆံ့တယ်။ ပေါင်းတတ်သင်းတတ်တယ်။

 

Source : Red

Share

Loading Next Article...
က္က